နိုင်ငံအတော်များများရဲ့ Netflix ကြည့်ရှုသူအမြင့်ဆုံးစာရင်းထဲ နံပါတ်(၁)ချိတ်နေတဲ့ BLACKPINK

Netflix
Sponsored

ကောင်မလေးတွေကတော့ စံချိန်တွေတစ်ခုပြီးတစ်ခုကို တင်နေတော့တာပဲ။ အခုလည်း သူတို့ရဲ့ ဗီဒီယိုလေးဟာ စံချိန်အသစ်တစ်ခုကို တင်နိုင်ခဲ့ပါပြီတဲ့။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာတုန်းက BLACKPINK ရဲ့ documentary တစ်ခုထွက်ခဲ့ပါတယ်။ အဲဒါကတော့ Light Up The Sky ပါ။ ကောင်မလေးတွေ ကြီးပြင်းလာတဲ့ အမှတ်တရတွေ၊ စတိတ်စင်နဲ့ ကင်မရာအနောက်ဖက်က ဖြစ်ရပ်မှန်တွေ၊ သီချင်းလေ့ကျင်တဲ့ စတူဒီယိုထဲက အခိုက်အတန့်တွေနဲ့ အင်တာဗျူးတွေကို ရိုက်ပြထားတဲ့ဗီဒီယိုလေးပါ။

Netflix
Sponsored

ဒီ documentary လေးဟာ Netflix မှာ ပြပြပြီးချင်းမှာပဲ ကြည့်ရှုသူတွေမြင့်တက်သွားခဲ့ပါတယ်။ Korea Boo ရဲ့ဖော်ပြချက်အရ Netflix ရဲ့ စစ်တမ်းအရ Light Up The Sky ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နိုင်ငံတော်တော်များများရဲ့ Top 10 စာရင်းထဲ ဝင်နေခဲ့ပါပြီတဲ့လေ။

READ
သူမကို ဆုံးရှုံးလိုက်ရစေတဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းများ

Top 10 မှာတောင်မှပဲ တချို့သော နိုင်ငံတွေမှာဆိုရင် နံပါတ် ၁ တောင်ချိတ်နေခဲ့တဲ့အထိကို အောင်မြင်နေခဲ့တာပါ။ ဥပမာ အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ ကိုရီးယားရဲ့ Netflix စာရင်းမှာ ကြည့်ရှုသူအများဆုံးစားရင်းမယ် နံပါတ် ၁ ချိတ်ချဲ့ပါတယ်။ နောက် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်စတဲ့နေရာတွေမှာပေါ့။

Netflix
Netflix
Netflix
Netflix
Netflix

ဒီအပြင် Top 10 ဝင်ခဲ့တဲ့ နိုင်ငံတွေထဲ ဘရာဇီးတို့၊ အီကွေတော၊ ပေါ်တူကီ၊ ချီလီ၊ အိန္ဒိယ၊ သြဇီစတဲ့နိုင်ငံတွေလည်း ပါဝင်နေပါတယ်။ Congratulations ပါ ကောင်မလေးတွေရေ။

Netflix

penny

sponsored