MAC ရဲ့ Global Brand Ambassador ဖြစ်လာခဲ့တဲ့ BLACKPINK’s Lisa

Instagram- @mac
Sponsored

ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို တစ်ယောက်တည်းရောက်လာခဲ့ပြီးတော့ ကမ္ဘာကျော်အထိဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်ဆိုတာ တော်တော်လေးကို ချီးကျူးဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။ ဟုတ်ပါတယ်။ သူကတော့ Lisa ပါ။ BLACKPINK ရဲ့ အငယ်ဆုံးလေးလို့လည်း လူသိထားကြပြီးတော့ အဖွဲ့ရဲ့ lead dancer, rapper ဖြစ်တဲ့အပြင်ကိုမှ အဖွဲ့ထဲမှာလည်း တော်တော်လေးကို ပေါ်ပြူလာဖြစ်တဲ့ အဖွဲ့ဝင်ဆိုလည်း မမှားပါဘူး။

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m) on

Sponsored

Lisa လေးဟာ Celine ရဲ့ Global brand ambassador အဖြစ်လည်း ခန့်အပ်ခြင်းထားရပါသေးတယ်။ Celine လို luxury fashion brand နဲ့လည်း လက်တွဲလုပ်ကိုင်နေသလို အခုလည်း Lisa လေးဟာ အခုဆိုရင် နောက်ထပ် brand တစ်ခုအတွက်လည်း brand ambassador အဖြစ် အသစ်ထပ်ပြီးတာဝန်ယူနေပါပြီတဲ့လေ။

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m) on

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m) on

အဲဒါကတော့ MAC ပါ။ MAC ဟာ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်ကုပ္မဏီတစ်ခုဖြစ်ပြီးတော့ high end brand တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာအနှံ့မှာလည်း သူနဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့ celebrities တွေအများကြီးပါပဲ။ ဒီလို brand ကြီးတစ်ခုရဲ့ global brand ambassador အဖြစ် Lisa လေးက အရွေးချယ်ခံထားရတယ်ဆိုတော့ ဂုဏ်ယူစရာပါပဲ။

READ
အပြာရောင်ကြိုက်တဲ့သူတွေမှာပဲ ရှိနေတတ်တဲ့ အကျင့်စရိုက်လေးများ

Lisa ရဲ့ ပထမဆုံး MAC ပစ္စည်းတစ်ခုကို သုံးခဲ့ဖူးတာကတော့ ထိုင်းမှာတုန်းကပါတဲ့။ နှုတ်ခမ်းနီလေးနဲ့ စပြီး MAC ကို သုံးဖူးခဲ့ကာ အဲဒီကစပြီး MAC က ပစ္စည်းတွေကိုပဲ ဆက်တိုက်ဆိုသလို အမြဲတမ်း အသုံးပြုနေခဲ့တာပါ။ Lisa ရဲ့ အကြိုက်ဆုံး MAC product ကတော့ နှုတ်ခမ်းနီတွေပါပဲတဲ့လေ။

Instagram- @mac

penny

sponsored