
ကိုရီးယားအဆိုတော်အဖွဲ့ BLACKPINK အဖွဲ့ဝင် Rose လေးကတော့ စွန့်ပစ်ခံခွေးလေးတစ်ကောင် မွေးစားလိုက်ပြီး ခွေးလေး အတွက် Instagram အကောင့်ပါဖွင့်ပေးလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ SBS news မှာဖော်ပြထားတာပါ။
View this post on Instagram
November 10 ရက်နေ့မှာတာ့ Rose က သူမ စွန့်ပစ်ခံခွေးလေးတစ်ကောင်မွေးစားထားကြောင်းနဲ့ ခွေးလေး နာမည်ကိုတော့ “Hank” လို့ပေးထားတယ်လို့ ပြောပြလာပါတယ်
View this post on Instagram
Hank လေးကို instagram အကောင့်လေးလည်း ဖွင့်ပေးထားပြီးတော့ အကောင့်နာမည်လေးကတော့ @hank-says-hank ပါ ။ အကောင့်လေးဖွင့်ထားတာမကြာသေးပေမယ့် Rose လေးနဲ့ အတူတူ လမ်းလျောက်တဲ့ပုံလေးတွေ ၊ ခွေးလေးအတွက် ကြိုဆိုပွဲလုပ်တဲ့ပုံလေးတွေပါ တင်ထားပြီး Myday မှာလည်း Jisoo ၊ Lisa တို့နဲ့ Hank လေးနဲ့တူတူရိုက်ထားတဲ့ပုံလေးတွေကို နေ့တိုင်းတင်ပေးနေတာပါ။
View this post on Instagram

Hank လေးကိုတော့ Gangneung မှာရှိတဲ့ စွန့်ပစ်ခံခွေးလေးတွေဂေဟာကနေပြီးတော့ မွေးစားလိုက်တာပါ။ Fan တွေကတော့ ခွေးလေးကိုဝယ်ပြီး မွေးတာထက် ဒီလိုစွန့်ပစ်ခံခွေးလေးကို တကူးတက ရှာပြီးမွေးစားခဲ့တဲ့ Rose လေးရဲ့ လုပ်ရပ်ကိုချီးကျူးနေကြပါတယ်။ “Hank နဲ့ သူ့ရဲ့ မေမေကိုဆုတောင်းပေးနေပါတယ်” “Rose လေးကတော့ တစ်ကယ့် နတ်သမီးလေးပါပဲ ၊ မေမေနဲ့အတူ ပျော်ရွှင်တဲ့ ဘ၀လေးပိုင်ဆိုင်ပါစေ Hank ရေ” ဆိုပြီးဆုတောင်းပေးထားပါသေးတယ်
View this post on Instagram
Hank လေးကတော့ တိရိစ္ဆာန်လေးတွေ ချစ်တတ်တဲ့ မမ လေးယောက်ရဲ့ အချစ်တွေ ပြုံပြီးရနေတော့မှာနော် …
#AuntyMay