BLACKPINK နဲ့ ပွဲဦးမထွက်ခင်က Lee Minho နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ Jisoo ရဲ့ ပုံရိပ်လေးတွေ

Sponsored

တောင်ကိုရီးယားက ကေပေါ့အိုင်ဒေါမလေး Jisoo ကတော့ BLACKPINK အဖွဲ့ရဲ့ Lead Vocalist နဲ့ Face of the group တစ်ဦး ဖြစ်ပါတယ်။ သူမဟာ BLACKPINK နဲ့အတူ ပွဲဦးမထွက်ခင်ကလည်း ကြော်ငြာလောကမှာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Sponsored

၂၀၁၆ ခုနှစ်မှာ BLACKPINK အဖွဲ့နဲ့ အတူ ပွဲဦးထွက်ပြီးနောက် Jisoo ဟာ ပရိသတ်တွေနဲ့ မျက်နှာစိမ်းတဲ့ အိုင်ဒေါတစ်ယောက် မဟုတ်တော့ပါဘူး။ Jisoo က ပွဲဦးမထွက်ခင် YG အေဂျင်စီရဲ့ သင်တန်းသားကာလမှာ သရုပ်ဆောင်အလုပ်နဲ့ ကြော်ငြာရိုက်ကူးတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါသေးတယ်။ ပွဲဦးမထွက်ခင် Jisooရဲ့ အနုပညာလှုပ်ရှားမှုတွေထဲမှာ ပရိသတ်တွေ အမှတ်အရဆုံးဖြစ်နေတဲ့ တစ်ခုကတော့ နာမည်ကျော် မင်းသား Lee Minho နဲအတူ တွဲရိုက်ခဲ့တဲ့ ‘Samsonite Red’ ကြော်ငြာပဲဖြစ်ပါတယ်။

READ
Kissing Skills မှာ ဆရာကျလွန်းတဲ့ ကိုရီးယားမင်းသားများ

ဒီကြော်ငြာကိုတော့ BLACKPINK နဲ့ ပွဲဦးမထွက်ခင် ၂၀၁၅ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီကြော်ငြာက သူမကို ပိုပြီးတော့ လူသိများလာစေခဲ့တဲ့ ကြော်ငြာတစ်ခုလည်းဖြစ်ပါတယ်။ ကြော်ငြာဗီဒီယိုလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Kstarlive

sponsored