ကိုယ့်အပေါ် အလေးအနက်ထားချစ်တဲ့ ချစ်သူမျိုးရထားကြောင်း သိနိုင်မယ့် အချက်လေးများ

shutterstock/ Standret
Sponsored

တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဲဒီ့လူရဲ့ အပြုအမူတွေဟာ သူ့အလိုလိုကို ပြောင်းလဲနေတတ်ပါတယ်နော်။ ဒီတော့  သူ ကိုယ့်ကို တကယ်အလေးထားတယ်၊ မထားဘူးဆိုတာ တကူတက မေးနေစရာတောင် မလိုပါဘူး။ သူ့ရဲ့ အမူအရာလေးတွေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီအမူအရာလေးတွေက သင့်ချစ်သူရဲ့ အချစ်တွေကို ဖော်ပြလို့ နေပါတယ်။

စိုက်ကြည့်နေတတ်တာ

shutterstock/Jacob Lund

ယောကျာ်းလေးတွေက သူတို့အရမ်းကို ချစ်မြတ်နိုးရတဲ့ ချစ်သူရဲ့ ပြုမူပြောဆိုပုံလေးတွေက သူတို့အတွက် အရမ်းကို ဆွဲဆောင်မှုရှိနေတဲ့အတွက် စိုက်ကြည့်နေတတ်ရတာကို သဘောကျတတ်ကြပါတယ်။ ဒါက သူဟာ သင့်အပေါ် လေးနက်တဲ့ ခံစားချက်တွေရှိခြင်းကို ဖော်ပြတာဖြစ်ပြီး ချစ်ခြင်းတွေကို မြင်တွေ့နိုင်ပါတယ်နော်။

လက်ကိုင်ထားတတ်တယ်

shutterstock/ G-Stock Studio
Sponsored

အတူတွဲလျှောက်တဲ့ အချိန် ဒါမှမဟုတ် လမ်းဖြတ်ကူးချိန်တွေမှာ သင့်လက်ကို ကိုင်ထားတတ်တာဟာ ဂရုစိုက်ခြင်းနဲ့ နီးကပ်မှုရှိခြင်းဆိုတာကို ဖော်ပြနေပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်လက်ကို ဆုပ်ကိုင်ထားတဲ့အခါ ကိုယ်တိုင်က လုံခြုံမှုဆိုတာကို ခံစားမိပြီး ဒါဟာ သင့်အပေါ် ကာကွယ်ပေးတတ်မှုကို ဖော်ပြလို့နေပါတယ်။

READ
Black & White ဖက်ရှင် တွေနဲ့ သန့်ပြီး ခန့် နေတဲ့ Kim Soohyun

နီးနီးကပ်ကပ် ရှိနေတယ်

shutterstock/ Marjan Apostolovic

တစ်ခြားသူတွေနဲ့ စကားပြောနေတဲ့အချိန် သင့်နားမှာ နီးနီးကပ်ကပ် လာရပ်နေတတ်တာ၊ သင့်ခါးလေးကို ဖက်ထားတတ်တာတွေက သူ့ရဲ့ချစ်ခြင်းတွေကို လူတွေရှေ့မှာတောင် ချပြရဲပြီး သူဟာ သင့်ရဲ့သက်ဆိုင်သူဖြစ်ကြောင်း အားလုံးကို သိစေချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါက လေးနက်တဲ့ ချစ်ခြင်းဖော်ပြနည်း တစ်မျိုးပါပဲ။

ခြေထောက်ပုံစံတွေ

shutterstock/ Ekaterina Pokrovsky

ဒါကတော့ မိန်းကလေးတွေ ပိုလုပ်မိတတ်ကြတဲ့ အမူအရာလေးတွေ ဖြစ်ပါတယ်။ ဥပမာ – ကိုယ့်သဘောကျရတဲ့ သူနားမှာရှိနေတဲ့အချိန် ခြေထောက်လေး တစ်ဖက်ကို မြှောက်ထားတတ်တာ၊ ခြေဖျားထောက်ထားတတ်တာ စသဖြင့် ဒါတွေကလည်း နီးကပ်မှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားတဲ့ ချစ်ခြင်းတွေကို ဖော်ပြလို့နေပါတယ်။

Khin

sponsored