တစ်နေ့တာလုံး ခွန်အားပြည့်နေစေဖို့ သဘာဝနည်းနဲ့ ပြုလုပ်နိုင်တဲ့အချက်များ

pexels/juan mendez
Sponsored

အလုပ်လုပ်ပုံကောင်းမှ လူဟာအောင်မြင်ပါတယ်။ လူဟာ စွမ်းအင်ကျဆင်းနေတဲ့အခါ အလုပ်အပေါ် ကောင်းကောင်းအာရုံမစိုက်နိုင်တဲ့အတွက် လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းတာတွေဖြစ်နိုင်ပါတယ်။ အခုအခါမှာတော့ တစ်နေ့တာလုံးခွန်အားပြည့်နေစေဖို့ သဘာဝနည်းနဲ့ပြုလုပ်နိုင်တဲ့အချက်တွေကို Harvard Health Publishing ကနေ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ

စိတ်ခံစားချက်တွေဟာ စွမ်းအင်အများကြီးကိုဆုံးရှုံးစေပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေကိုဖြေဖျောက်ဖို့ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေ မိသားစုတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုး ပြုလုပ်သင့်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ထိုက်ကျိကစားနည်းတို့လို နည်းတွေဟာ စိတ်ဖိအားကိုလျှော့ချပေးနိုင်ပါတယ်။

pexels/Andrea Piacquadio

အလုပ်အလွန်အကျွံမလုပ်ပါနဲ့

Sponsored

ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိကအကြောင်းရင်းက အလုပ်တွေအလွန်အကျွံလုပ်လို့ပါ။ အလုပ်ဆိုတဲ့ထဲမှာ ပရိုဖက်ရှင်ကိုယ့်အလုပ်၊ မိသားစုနဲ့ လူမှုရေးကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် လုပ်ကိုလုပ်ရမယ့်အလုပ်တွေကို သေချာခွဲထားပါ။ အလုပ်ရဲ့အရေးပါပုံပေါ်မူတည်ပြီး ဘာအလုပ်ကိုဦးစားပေးမလဲရွေးချယ်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အထောက်အကူပေးပါတယ်။ ကိုယ်တွင်းက ဆဲလ်တွေကိုပိုပြီးလောင်ကျွမ်းစေတဲ့အပြင် အောက်ဆီဂျင်လည်ပတ်မှုနှုန်းကို ကောင်းမွန်စေပါတယ်။ ပြီးတော့ ဦးနှောက်ရဲ့ ဒိုပါမင်းပမာဏကိုမြှင့်တက်ပေးလို့ စိတ်တက်ကြွစေပါတယ်။

READ
ခြေသလုံးကြီးသူတွေ အမြန်သွယ်လျသွားစေမယ့် ခြေသလုံးသီးသန့် လေ့ကျင့်ခန်းများ
pexels/lehandross

 ဆေးလိပ်သောက်တာရှောင်ပါ

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာ သိပြီးဖြစ်ကြမှာပါ။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့အခါ ညဘက်အိပ်မပျော်တာတွေဖြစ်လာနိုင်ပါတယ်။ ဆေးရွက်ကြီးထဲမှာပါတဲ့ နီကိုတင်းက အာရုံကြောကိုလှုံ့ဆော်ပေးလို့ နှလုံးခုန်မြန် သွေးဖိအားတိုးတာတွေဖြစ်ပြီး ဦးနှောက်ကိုနှိုးနေတဲ့အတွက် အိပ်ရခက်လာစေပါတယ်။

ကော်ဖီကို အချိုးအဆနဲ့သောက်ပါ

ကဖင်းဓာတ်ဟာ လူကိုနိုးကြားစေပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်လိုက်ရုံနဲ့ စိတ်လန်းဆန်းသွားရတာပါ။ ဒါပေမဲ့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကျိုးကို ဆင်ဆင်ခြင်ခြင်အသုံးချဖို့တော့ လိုပါလိမ့်မယ်။ ကော်ဖီက ညဘက်အိပ်မပျော်တာကိုဖြစ်စေတဲ့အတွက် နေ့လည်၂နာရီနောက်ပိုင်း အလွန်အကျွံသောက်သုံးတာမျိုး မလုပ်သင့်ပါဘူး။

AuntyMay

sponsored