ထက်မြက်တာပိုအရေးကြီးတယ်လို့ နီနီခင်ဇော့်ကို ပြန်လည်ချေပလိုက်တဲ့ ဖြူဖြူကျော်သိန်း

Sponsored

ပရိသတ်အချစ်တော် Super Red နီနီခင်ဇော် တစ်ယောက်ကတော့ ကြံ့ခို်င်မှသာ သွက်သွက်လက်လက်နဲ့ အလုပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး လုပ်ကိုင်နိုင်မယ်၊ ဒါကြောင့် ကြံ့ခိုင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ပြောသွားပါတယ်။

သူမရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ post တင်ထားတာဖြစ်ပါတယ်။ အလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ နီနီအတွက်တော့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်က အရေးကြီးတယ်ဆိုတာရယ်၊ ကိုယ်ခန္ဓာကျန်းမာမှ စိတ်ရောကိုယ်ပါ အလုပ်လုပ်နိုင်မယ်ဆိုတာရယ်၊ အခုတစ်လော တုတ်ကွေးရာသီ ဖြစ်နေတာကြောင့် ကိုယ်ခံအားကောင်းဖို့ အရေးကြီးတာမို့ ပရိသတ်ကြီးကို ဂရုစိုက်ဖို့ကိုလဲ ပြောသွားပါသေးတယ်။

Sponsored

လူကြီးလူငယ်ကြားမှာ ဖက်ရှင်အလန်းစား ပါဖော့မန့် အမိုက်စားတွေနဲ့ ရေပန်းစားနေတဲ့ ဖြူဖြူကျော်သိန်းကတော့ ဆရာဝန်ပီပီ ဉာဏ်ရည်ထက်မြက်မှုက အရေးကြီးတယ်လို့ သူမရဲ့ Page ကနေတဆင့် ပြောဆိုလိုက်ပါတယ်။ ဉာဏ်ရည်ထက်မြက်သူတွေသာ လောကမှာ အရာရာ ဦးဆောင်နေရသူတွေဖြစ်ကြောင်း ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်နေတာမို့ ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ဉာဏ်ရည် ထက်မြက်ခြင်းက ပိုပြီးတော့ အရေးကြီးတယ်လို့မြင်ကြောင်း ပတ်ဝန်းကျင်က ကလေးတွေကို ငယ်ငယ်လေးကတည်းက ဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက် လေ့ကျင့်ပေးဖို့ အထူးကိုလိုအပ်ကြောင်း ကို ပြောနေတာက နီနီ Post တင်ပြီး သိပ်မကြာခင်မှာပဲဆိုတော့ ဖြူဖြူတစ်ယောက်ကတော့ နီနီ့အမြင်ကို သဘောမတူဘူးလို့ တစ်ဖက်လှည့်နဲ့ မသိမသာ ပြောလိုက်သလိုပါဘဲ။

အရပ်မြင့်မြင့် အသံသြဇာ ကောင်းကောင်းနဲ့ တီဗီကြည့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲနေရာယူနေတဲ့ ပရိသတ်အယောက် (၁၀၀) ရဲ့ အဖြေကလို့ ပြောတတ်တဲ့ MRTV 4 presenter ကောင်းထက်ဇော် ကတော့ နီနီ့ကို ထောက်ခံနေပါတယ်။ နီနီခင်ဇော်ရဲ့ Post ကို သူ့အကောင့်မှာ ပြန် Share ထားတာ ဖြစ်ပြီး အဲ့ဒီ post မှာပဲ ကောင်းထက်ဇော်က Presenter တစ်ယောက်အနေနဲ့ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာ၊ ကျန်းမာတဲ့ဘဝရယ်က  အရေးကြီးတယ်ဆိုတာရယ် ပွဲမှာ MC လုပ်ပြီး ပွဲထိန်းရတဲ့ အချိန်၊ တစ်နေကုန် မနားတမ်း ရိုက်ကူးရေး အစီအစဉ်တွေအတွက် အလုပ်လုပ်ရတဲ့အချိန်မျိုးမှာတော့ ကြံ့ခိုင်မှုက အရေးကြီးတယ် ဆိုတာကိုပါ ပြောကြားသွားပါသေးတယ်။ ဖြူဖြူကျော်သိန်းရဲ့ Live မှာလဲ ထက်မြက်တာ အရေးပါတယ်ဆိုပေမယ့် သူကတော့ Hercules ကောင်းကြီး ဆိုပြီး အလုပ်တွေ ပိုကြိုးစားမယ်လို့လဲ ရေးထားပါသေးတယ်။ #TeamNiNi #TeamStrongBody ပါတဲ့။

READ
ကူးစက်ရောဂါနဲ့ တုပ်ကွေးရန်မှကာကွယ်နိုင်မယ့် အချက်(၅)ချက်

မီးလေးခဏပိတ်လိုက်ပါခင်ဗျာ ခဏနေရင် ပြန်လာခဲ့ပါမယ် ဆိုတဲ့ ပရိသတ်ကို အမြဲရင်ခုန်အောင်လုပ်တတ်တဲ့ ကိုကျော်ထက်အောင် ကတော့ #TeamPhyuPhyu ဆိုပြီး ဖြူဖြူကျော်သိန်းရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ပိုင်ရှင်တွေအကြောင်း ဆွေးနွေးထားတဲ့ Post ကို သူ့အကောင့်မှာ သူအမြင်နဲ့အထင်ကိုပါ ရေးပြီး ပြန် Share ထားတာဖြစ်ပါတယ်။ နီနီခင်ဇော်နဲ့ ကိုကောင်းထက်ဇော် တို့ ပြောသွားတဲ့ #StrongBody ကို လက်ခံတယ်ဆိုပေမယ့် သူကတော့ မဖြူရဲ့အဆိုက သူ့နဲ့တော်တော်များများကိုက်ညီတာမို့ သူကတော့ #TeamStrongBrain ဘက်တော်သားပါလို့ ထောက်ခံသွားတာပါ။

ဒါ့အပြင် ဒီလိုမျိုး ကြံ့ခိုင်တာကောင်းတယ်၊ ထက်မြက်တာကောင်းတယ်ဆိုပြီးတော့ ပြောဆိုနေကြတဲ့ debate မှာ ဝင်ရောက် အားဖြည့်လာတာကတော့ သုသုနဲ့ ဒေါက်တာ မြဝတ်ရည်တို့ပါပဲ။ သူတို့နှစ်ယောက်ကတော့ Facebook LIVE လွှင့်ပြီးတော့ အကြိတ်အနယ်ကို ကြံ့ခို်င်တာပိုအရေးကြီးတယ်၊ ထက်မြက်တာပိုအရေးကြီးတယ်ဆိုပြီး ပြောနေကြပါသေးတယ်။ တစ်ခု ထပ်ကြားထားရတာကတော့ ကြံ့ခိုင်တာကောင်းတယ်၊ ထက်မြက်တာကောင်းတယ် ဆိုတဲ့အကြောင်းကို ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီကနေ ၄ နာရီကြား Junction City မှာ စကားရည်လုမယ့် အစီအစဉ်လေးတစ်ုခု ကျင်းပပြုလုပ်သွားမှာပါ။ အဲ့ဒီစကားရည်လုပွဲကို သရုပ်ဆောင် ချစ်သုဝေက တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။

READ
(၂၅)နှစ်ကျော်လာပေမယ့် ဆယ်ကျော်သက်လေးလို နုပျိုနေတာ ဘာကြောင့်လဲ

ဒီလို စပြီး ဖြစ်လာရတာကတော့ သတင်းမီဒီယာတွေကနေပြီး ကြံ့ခိုင်ခြင်းနဲ့ ထက်မြက်ခြင်းအကြောင်းကို တင်ပြီးနောက်ပိုင်းမှာ စတင်လာတာဖြစ်ပြီးတော့၊ ပြည်သူ့အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ နီနီခင်ဇော်နဲ့ ဖြူဖြူကျော်သိန်းတို့ ဆက်လက် ပြောဆိုတဲ့အချိန်မှာ တခြား အနုပညာရှင်တွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်း Social Media ပေါ်မှာ Brain Vs Body ဆိုပြီး ဆွေးနွေးပြောဆို နေကြတာမျိုးမို့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးကကော ဘယ်ဟာအရေးပါမယ်လို့ ထင်လဲ။ ကြံ့ခိုင်တာ ပိုအရေးကြီးလား၊ ထက်မြက်တာ ပိုအရေးကြီးလား။ ဖြူဖြူ့ကို အားပေးမှာလား၊ နီနီ့ကို အားပေးမှာလား။

#teamnini #teamphyuphyu #ninivsphyuphyu #strongbody #strongbrain #brainvsbody #bodyvsbrain

sponsored