မနက်ပိုင်း breakfast အတွက်သင့်တော်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ smoothies များ

shutterstock/EpicStockMedia
Sponsored

မနက်ပိုင်းမှာ breakfast ကိုကော်ဖီမဟုတ်ပဲ တစ်ခြားသော အသီးဖျော်ရည်တွေနဲ့ စတင်ခြင်းက သင့်ကျန်းမာရေးကို ပိုအထောက်အကူဖြစ်စေသလို အသားအရေကို လှပစေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ တစ်နေ့တာလုံး လန်းလန်းဆန်းဆန်းနဲ့ တက်ကြွနေစေဖို့ မနက်ပိုင်း breakfast အတွက်သင့်တော်တဲ့ ဒီ smoothies လေးတွေကို သောက်ကြည့်သင့်ပါတယ်နော်။

Strawberry – yogurt smoothies

shutterstock/Alter-ego

မနက်စာအဖြစ် ကောင်းမွန်လှတဲ့ စတော်ဘယ်ရီဒိန်ချဉ် smoothies လေးကို သောက်သုံးခြင်းက ရောဂါခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပြီးတော့ တစ်နေ့လုံးကို လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်စာဖြစ်တဲ့အပြင် အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ကယ်လိုရီကို လျော့ကျစေပါတယ်။ ဒါကြောင့် မနက်ဖက်မှာ strawberry-yogurt smoothies လေးတစ်ခွက်နဲ့ တစ်နေ့တာကို အစပြုသင့်ပါတယ်နော်။

READ
အထိုင်များသူတိုင်းလုပ်သင့်တဲ့ ကျောရိုးဆစ်ပုံစံမှန်အောင် ပြုပြင်ပေးမယ့် လေ့ကျင့်ခန်း (၄)မျိုး

Mango-avocado smoothies

Sponsored

သရက်သီး smoothies ထဲမှာ ထူးခြားတာက ထောပတ်သီးကို ထည့်ထားခြင်းပါပဲ။ သရက်သီးနဲ့ ထောပတ်သီးရောထားတဲ့ smoothies လေးဟာ သင့်တစ်နေ့တာအတွက် အကောင်းဆုံးသော ဖျော်ရည်တစ်ခွက်ဖြစ်စေမှာပါ။ ထောပတ်သီးဟာ ကျန်းမာရေးအတွက်ကောင်မွန်စေပြီး အဟာရဖြစ်စေပါတယ်။ ထောပတ်သီးမှာ ပါတဲ့ အဆီတွေဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဆီတွေ ဖြစ်တာမို့ ဝိတ်မတက်စေပါဘူးနော်။

Tomato smoothies

shutterstock/Nuk2013

အရည်ဓာတ်ပေါများစွာ ပါဝင်တဲ့ ခရမ်းချည်သီးဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ လေဖြန်းတာတွေကို စတာတွေကို တားဆီးပေးပါတယ်။ ဒါကြောင့် မနက်ဖက်မှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ခရမ်းချည်သီး smoothies လေးကို သောက်ပေးသင့်ပါတယ်။

Orange and banana smoothies

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ လိမ္မော်သီးက စိတ်ကိုလန်းဆန်းစေလို့ တစ်နေ့တာလုံးကို တက်ကြွလန်းဆန်းနေစေမှာပါ။ ဒါကြောင့် ငှက်ပျောသီးနဲ့ လိမ္မော်သီး ရောစပ်ထားတဲ့ smoothies လေးတစ်ခွက်က သင့်တစ်နေ့တာကို လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်နော်။

READ
နာကျင်မှုကို မြိုသိပ်ပြီး တစ်ယောက်တည်း ကြိတ်ခံစားတတ်သူမှန်း ထင်ရှားတဲ့အချက် (၅) ချက်

Khin

sponsored