အသည်းကွဲဖူးတိုင်း ချို့ယွင်းချက်တစ်ခုလို့မမြင်ပဲ ကိုယ့်အတွက် သင်ယူသင့်တဲ့ အချက်များ

shutterstock/ PVStocker
Sponsored

တစ်ချို့လူတွေက အသည်းကွဲမှာကို အရမ်းကြောက်တတ်ကြသလို တစ်ချို့တွေကျပြန်တော့ အသည်းလေး တစ်ခါကွဲသွားတာနဲ့ ကိုယ့်ကိုယ်ကို ချို့ယွင်းချက်ရှိတဲ့ သူတစ်ယောက်လို၊ အပြစ်တစ်ခုခု လုပ်ထားတဲ့ သူတစ်ယောက်လို ခံစားတတ်ကြပါတယ်။ တကယ်တော့ အသည်းကွဲသွားတာဟာ ပြစ်ချက်ကြီးတစ်ခု ဖြစ်နေတာ မဟုတ်ပါဘူး။ ဘဝမှာ ချစ်တတ်တဲ့ လူတိုင်း အသည်းကွဲဖူးပါတယ် ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ကိုယ်ဘယ်လောက်ပဲ ကောင်းနေနေ၊ ပြည့်စုံနေနေ အကြောင်းမတိုက်ဆိုင်ရင် အသည်းကတော့ ကွဲနေအုံးမှာပါပဲ။ ဒီတော့ အသည်းကွဲဖူးတိုင်း ပြစ်ချက်တစ်ခုလို့မမြင်ပဲ ဒီအရာတွေကို သင်ယူသင့်ပါတယ်။

အချစ်အကြောင်း ပိုနားလည်လာတယ်

shutterstock/Watcharapong Palapol

ချစ်ဖူးမှ အသည်းကွဲတယ်ဆိုတာ ဖြစ်လာတာပါ ဒီတော့ အချစ်ဆိုတာကို လုံးဝမသိနားမလည်တာမျိုး မဟုတ်ပဲ အချစ်က ဘယ်လိုလဲဆိုတာကို ခံစားဖူးတာဟာ ကောင်းတဲ့အရာပါနော်။ အချစ်ဆိုတာကို သေချာနားလည်မှ ကိုယ်က ဘယ်လိုလူကို ချစ်သင့်တယ်၊ ဘယ်အချစ်က အတုအစစ်ဆိုတာကို ခွဲခြားလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဘာကိုမှ မသိတဲ့ ယုန်သူငယ်လေးလို ဖြူစင်ပြနေတိုင်း ဘဝမှာ ကောင်းမွန်တာ မဟုတ်ပါဘူးနော်။ ဒီတော့ ချစ်ဖူးတယ်၊ အသည်းကွဲဖူးတယ် ဒါဟာ အတွေ့အကြုံကောင်း တစ်ခုပါပဲ။

READ
ရည်းစားဟောင်းရဲ့ တရားစွဲဆိုခြင်းကို ခံနေရတဲ့ မင်းသား Kim Jung Hoon

အတွေ့အကြုံသစ်တွေ ရခဲ့တယ်

shutterstock/ Wari_Nuchczy
Sponsored

ချစ်ခဲ့ဖူးတဲ့အခါ အသည်းကွဲလို့ နာကျင်ရတဲ့ ခံစားချက်တွေကိုလည်း ခံစားဖူးပြီ၊ အချစ်မှာ ညှိနှိုင်းမှုတွေ၊ ပြသနာတွေ၊ စိတ်ဆင်းရဲစရာတွေ၊ စိတ်ပင်ပန်းစရာတွေ၊ ပျော်စရာတွေ၊ ငိုစရာတွေ စတာတွေကို ဖြေရှင်းရတာဟာ ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေပါပဲ။ တစ်စုံတစ်ယောက်ဆီက အချစ်ခံရခြင်းကိုလည်း ခံစားဖူးသလို၊ တစ်စုံတစ်ယောက်ကို ချစ်လို့ နာကျင်ရတဲ့ ခံစားချက်တွေကလည်း ကိုယ့်အတွက် အတွေ့အကြုံသစ်တွေပဲ မဟုတ်လား။ ဒါတွေကို ပိုသိလာလေလေ ဘဝမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုချမှတ်နိုင်လေ ပါပဲ။

ပိုရင့်ကျက်လာတယ်

shutterstock/ Morarash Yulia

အသည်းကွဲတဲ့အခါ လူတိုင်းက ခံစားနာကျင်ကြရတာပါပဲ။ ဒါပေမယ့် ဒါဟာ အချိန်ဆိုတဲ့ အရာက ဖြည်းဖြည်းချင်း ကုစားရင်း မေ့ပျောက်လိုက်ကြတာပဲ မဟုတ်လား။ ဒီတော့ ကိုယ့်အတွက် အသည်းကွဲတယ်ဆိုတာ အလကားမဟုတ်ပဲ ကိုယ့်ရဲ့ ခံနိုင်ရည် စွမ်းအားတွေ ပိုတိုးလာတယ်၊ အရင်လို စိတ်ဓာတ်ပျော့ညံမနေပဲ ပိုကြံခိုင်လာတယ်၊ အတွေးအခေါ်တွေ ပိုရင့်ကျက်လာတယ် ဒါဟာ အသည်းကွဲခြင်းကနေ သင်ပေးလိုက်တဲ့ အရာတွေပါ။

READ
သင် လက်သီးဆုပ်ထားတဲ့ ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

လူတွေအကြောင်း ပိုသိလာတယ်

shutterstock/ Olga Moreira

ကိုယ်ရဲ့ ဘေးနားက လူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ ကိုယ်ချစ်ခဲ့ဖူးသူတွေဟာ ကိုယ့်ကို လူတွေအကြောင်း ပိုသိလာဖို့ သင်ကြားပေးတတ်ကြပါတယ်။ ဒီလို လူတွေအကြာင်း ပိုသိလာလေလေ ကိုယ့်ဘဝအတွက် ဘယ်လိုလူကို ရွေးချယ်ရမယ်၊ ဘယ်လိုလူက ကိုယ့်အတွက် စစ်မှန်တယ်သူဆိုတာကို ပိုသိလာစေတာပါပဲ။ မချစ်ဖူးခင်တော့ အချစ်တစ်ခုတည်း ရှိရုံနဲ့ အရာရာ ပြည့်စုံတယ်လို့ ထင်တတ်ပေမယ့် အချစ်ဆိုတဲ့ အရာကို တကယ်ကြုံရတဲ့ အခါမှာတော့ ဘဝမှာ အချစ်ထက် အရေးကြီးတဲ့ အရာတွေ ရှိနေတယ်ဆိုတာကို ပိုသိလာမှာ ဖြစ်ပါတယ်။ ဒါတွေက သင့်ကို အသည်းကွဲခြင်းကနေ သင်ပေးမယ့် အရာတွေပဲ ဖြစ်ပါတယ်။

Khin

sponsored