American Got Talent ရဲ့ Semi Final မှာ ပါဝင်ဖျော်ဖြေဖို့ကမ်းလှမ်းခံခဲ့ရတဲ့ BTS

Twitter- @AGT
Sponsored

BTS ကတော့ ၂၀၂၀ မှာတစ်မျိုးပြီးတစ်မျိုးကို surprise တိုက်နေခဲ့တာပါပဲ။

လက်ရှိအချိန် အမေရိကမှာ American Got Talent ပြိုင်ပွဲ (AGT) ဟာ ကျင်းပနေဆဲဖြစ်ပါတယ်။ အခု semi final တောင် ရောက်သွားခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ပြိုင်ပွဲတိုင်းမှာ semi final တို့၊ final တို့ဆိုတာ တော်တော်လေး အရေးပါတဲ့ ပွဲတွေပါပဲ။ Got Talent လို ပြိုင်ပွဲမျိုးဆိုရင် ဒီလိုအချိန်မှာ နာမည်ကြီးတဲ့ အနုပညာရှင်တွေကိုပဲ ဦးစားပေးပြီး နားချိန်တွေမှာ ဖျော်ဖြေဖို့ ကမ်းလှမ်းလေ့ရှိနေပါတယ်။

Sponsored

အခု ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လုပ်ခဲ့တဲ့ semi final ပွဲမှာတော့ AGT အနေနဲ့ အမေရိကကမဟုတ်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဖျော်ဖြေဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒါကတော့ BTS အဖွဲ့ကိုပါ။

READ
ဝိတ်မချဘဲအလိုလိုပိန်သွယ်ပြီးလှနေတဲ့ကိုရီးယားအမျိုးသမီးအဆိုတော် (၃) ယောက်
Twitter- @AGT

လက်ရှိအချိန်မှာတော့ BTS ဟာ နိုင်ငံတကာပရိတ်သတ်တွေကြားထဲ အသစ်ထွက်ထားတဲ့ Dynamite နဲ့ တော်တော်လေးကို ပေါက်နေတာဖြစ်ပါတယ်။ တစ်ပုဒ်လုံးကို အင်္ဂလိပ်လိုဆိုထားတဲ့အတွက်ကြောင့်ရယ်၊ သီချင်းရဲ့ အနှစ်သာရပြည့်ဝလှတဲ့ အဓိပ္ပာယ်တွေရယ်ကြောင့် တချို့သော ကမ္ဘာကျော် artist တွေကတောင် အသိအမှတ်ပြုအားပေးခံနေရတာဖြစ်ပါတယ်။

Twitter- @AGT
Twitter- @AGT

အခုလည်း AGT ပွဲမှာ BTS ဟာ Dynamite သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူတို့အနေနဲ့ AGT ပွဲမှာ ဖျော်ဖြေခဲ့တာဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းကလည်း AGT မှာ “Idol” သီချင်းနဲ့ ဖျော်ဖြေခဲ့ဖူးပါသေးတယ်။ ဒီတော့ ၂၀၂၀ ရဲ့ AGT ပွဲမှာ BTS ရဲ့ဖျော်ဖြေမှုလေးတွေကို ကြည့်လိုက်ရအောင်။

 

penny

sponsored