အမေရိကန်နဲ့ တရုတ်နိုင်ငံက Samyang ခေါက်ဆွဲရောင်းနှုန်းကို မြင့်တက်သွားစေခဲ့တဲ့ BTS Jimin

IG/jimin
Sponsored

Park Jimin ကတော့ BTS အဖွဲ့ရဲ့ အဓိက အကသမား၊ အဆိုသမားတစ်ယောက် ဖြစ်ပါတယ်။ သတင်းတွေကနေ Jimin က Samyang Foods က ထုတ်လုပ်တဲ့ Ramen ခေါက်ဆွဲကို စိတ်ဝင်စားအောင် ပိုပြီး လုပ်ပေးခဲ့တယ်လို့ ပြောနေခဲ့ကြပါတယ်။

Samyang Foods ကတော့ အရင့်အရင်တည်းက နာမည်ကြီးနေခဲ့တဲ့ တောင်ကိုရီးယား အသင့်စား ခေါက်ဆွဲထုပ်တံဆိပ် ဖြစ်ပါတယ်။ Jeon Jung Yoon က ၁၉၆၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တည်းက တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ပထမဆုံး အသင့်စား ခေါက်ဆွဲ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Sponsored

 

Business Watch Korea ကနေ ဖော်ပြထားပုံအရ Jimin က Samyang Foods ကထုတ်တဲ့ ခေါက်ဆွဲအစပ် အနက်ရောင်ကို စားပြခဲ့ပြီး ကမ္ဘာဈေးကွက်က စားသုံးသူတွေရဲ့ စိတ်ဝင်စားမှုကို အရယူပေးခဲ့တယ်လို့ ဆိုပါတယ်။ Jimin က ခေါက်ဆွဲအစပ်ကို မျက်ရည်တွေ ကျပြီး နှုတ်ခမ်းတွေပါ နီတဲ့အထိ စားပြခဲ့ပြီးတဲ့နောက် ခေါက်ဆွဲရောင်းချနှုန်းက အမေရိကန်နဲ့ တရုတ်မှာ မြင့်တက်လို့ လာခဲ့ပါတယ်။ ဇူလိုင်နဲ့ သြဂုတ်လရဲ့ စာရင်းအရ ခေါက်ဆွဲရောင်းချရနှုန်းက ရုတ်တရက် ဆိုသလို အမေရိကန်မှာ ၁၅၈ ရာနှုန်း တက်လာခဲ့ပြီး တရုတ်မှာလည်း ၃၃ ရာနှုန်း မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

READ
လျှာကို ထိန်းချုပ်ထားသင့်တဲ့ အခြေအနေ အချိန်အခါ (၈) ခု

 

 

View this post on Instagram

 

#ramencup #jimineating #jiminmukbang #ramen #mukbang

A post shared by ARMY in Luv (@armyo.t7) on

လူတော်တော်များများက ဒီလိုမျိုး Jimin က အရောင်းနှုန်းတွေကို မြှင့်တင်ပေးတတ်တာ ပထမဆုံး မဟုတ်တာကို သတိမထားမိကြပါဘူး။ မနှစ်ကလည်း လမ်းဘေး ဈေးဆိုင်တန်းမှာ တော့ပိုကီတွေ စားနေခဲ့တာကို ပရိသတ်တွေ တွေ့ခဲ့ကြပါသေးတယ်။ ဒီလို သူ့ရဲ့ ဈေးဆိုင်တွေဆီ ခဏ အလည်သွား စားသောက်ရတာကနေ တော့ပိုကီကို ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ စိတ်ဝင်စားအောင် မြှင့်တင်ခဲ့ပါသေးတယ်။

READ
ရေခဲရေသောက်ခြင်းကြောင့် ဒီလိုဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာ သင်သိပါသလား.....

 

Jimin တော့ပိုကီ စားတဲ့သတင်း ထွက်ရှိခဲ့ပြီးတဲ့နောက်မှာတော့ တော့ပိုကီ ရောင်းချရနှုန်းက ၂၅ ရာနှုန်း မြှင့်တက်ခဲ့ပါတယ်။

ဒီလိုမျိုး သူ့ရဲ့ အရည်အချင်းတွေ၊ စန်းတွေကို အချက်အလက်တွေနဲ့ပါ မြင်သာစေနေတာကြောင့် Idol Brand Reputaition Ranking မှာလည်း နံပါတ် တစ် ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

Kham

sponsored