စစ်မှုထမ်းကာလကို အသက်(၃၀)အထိ နောက်ရွှေ့ခွင့်ရဖို့ အလားအလာရှိတဲ့ BTS’s Jin

IG/seokjin
Sponsored

တောင်ကိုရီးယားမှာ ရှိတဲ့ အမျိုးသားတွေကတော့ အသက် ၁၈ နှစ်ကနေ အသက် ၂၈ နှစ် အတွင်းမှာ မဖြစ်မနေ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းကြရပါတယ်။ ဘယ်သူမဆို တာဝန်ထမ်းရတာမို့ အနုပညာရှင်တွေလည်း အသက် ၂၈ နှစ် မတိုင်ခင်မှာ မဖြစ်မနေ အချိန်တစ်ခု ရွေးချယ်ပြီး တာဝန်ထမ်းကြရပါတယ်။

 

 

View this post on Instagram

 

A post shared by BTS JIN (@kimseokjiin.bts)

Sponsored

ဒါပေမယ့်လည်း BTS ရဲ့ အောင်မြင်မှုနဲ့အတူ အလုပ်တွေ များပြားလွန်းတာကြောင့် စစ်မှုထမ်းရတဲ့ ကာလကို ရွေးချယ်ရာမှာ အဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲတွေ ရှိနေခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ BTS’s Jin ကလည်း အခုဆို ၂၆ နှစ် ဖြစ်နေပြီး စစ်မှုထမ်းကာလ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Jin ကိုယ်တိုင်ကလည်း အချိန်ကျလာရင် တာဝန်ကို မငြင်းဘဲ ထမ်းမှာပါဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

READ
သင်ဟာ ဥာဏ်ရည်မြင့်မားလွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိနိုင်မယ့်အချက်များ

 

 

View this post on Instagram

 

A post shared by BTS JIN (@kimseokjiin.bts)

ဒါပေမယ့်လည်း BTS ရဲ့ တိုင်းပြည်အတွက် အကျိုးပြုမှုတွေကို ထောက်ရှုသောအားဖြင့် တာဝန်ရှိသူတွေကလည်း BTS နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ရှိနေခဲ့ကြပါတယ်။ BTS’s Jin လည်းပဲ တိုင်းပြည်အတွက် အများကြီး အကျိုးပြုထားတာမို့ အထူးခြွင်းချက်အဖြစ် လျှောက်ထားဖို့  ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။

 

 

View this post on Instagram

 

A post shared by BTS JIN (@kimseokjiin.bts)

ဒါကတော့ စစ်မှုထမ်းကာလကို မထမ်းတော့ဖို့ လျှောက်ထားတာ မဟုတ်ဘဲ စစ်မှုထမ်းကာလကို နောက်ရွှေ့ပေးလို့ ရနိုင်မလားဆိုတာ ဖြစ်ပါတယ်။ ဒီလျှောက်ထားမှုကို လက်ခံလိုက်မယ်ဆိုရင်တော့ တခြားသော BTS အဖွဲ့ဝင်တွေအတွက် ရနိုင်ဖို့ မျှော်လင့်လို့ ရသွားနိုင်ပါတယ်။

READ
သွေးအမျိုးအစားအလိုက် မွေးရာပါပင်ကိုယ်အားသာချက်နဲ့ အမူအကျင့်များ

 

 

View this post on Instagram

 

A post shared by BTS JIN (@kimseokjiin.bts)

ပရိသတ်တွေကလည်း BTS အဖွဲ့ဝင်တွေ တစ်ယောက်ချင်း စစ်မှုထမ်းနေရမယ်ဆိုရင် အစုံအလင် မြင်ရဖို့က နှစ်အတော်ကြာ ခက်ခဲနေမှာမို့ သူတို့ရဲ့ စစ်မှုထမ်းရမယ့် အခြေအနေကို စိတ်ပူနေလျက် ရှိကြပါတယ်။ ဒါကြောင့် အခုလို သတင်းတွေ ထွက်ရှိလာတာနဲ့ ပရိသတ်တွေကလည်း စိတ်ဝင်စားမှုက အရမ်းကို မြင့်တက်နေပါတယ်လို့ kstarlive ကနေ ရေးသားထားခဲ့ပါတယ်။

Kham

 

sponsored