ဘဝမှာ စိတ်ဓာတ်ကြံခိုင်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ သင်ယူထားဖို့ လိုအပ်တဲ့ အရာများ

shutterstock/Viktoriya Pavliuk
Sponsored

လူတစ်ယောက်နဲ့ တစ်ယောက်က ဘဝဖြတ်သန်းတဲ့ ပုံစံချင်း မတူသလို စိတ်ထားပိုင်းရေးရာတွေကလည်း ကွဲပြားတတ်ကြပါတယ်။ တစ်ချို့လူတွေက ဘဝကို လွယ်လွယ်အရှုံးပေးတတ်ကြပေမယ့် တစ်ချို့လူတွေကတော့ နောက်ဆုံးအချိန်ထိကို ကြိုးစားချင်တတ်ကြသူတွေပါ။ ဒီတော့ ဘဝကို အရှုံးမပေးပဲ စိတ်ဓာတ်ကြံခိုင်တဲ့ သူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင်တော့ ဒါတွေကို သိထားရပါမယ်။

အားမကိုးပါနဲ့

shutterstock/El Nariz

ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ ကိုယ်လုပ်ချင်တဲ့ အရာတွေအတွက် တစ်ခြားသူတွေအပေါ် အရမ်း အားကိုးလွန်းတာမျိုးမဖြစ်ပါစေနဲ့။ လူတွေရဲ့ ဘဝမှာ တစ်ယောက်ယောက်ကို အားကိုးလွန်းအားကြီးတဲ့အခါ အဲဒီ့လူရဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ တစ်ယောက်တည်း ဆက်လျှောက်ဖို့ သတ္တိတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်းကင်း ရပ်တည်နိုင်အောင် ကြိုးစားပါ။

ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ပါ

shutterstock/Victoria Chudinova
Sponsored

တစ်ချို့လူတွေကတော့ ကိုယ့်ရှေ့ကလူ ဖောက်ပဲထားတဲ့ လမ်းကို အသင့်လျှောက်ရုံဆိုပေမယ့် တကယ်တမ်းမှာတော့ ဒီလိုဘဝက သူများကြိုးဆွဲရာ ကနေရတဲ့ ဘဝတစ်ခုပါ။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ဘဝအတွက် ကိုယ်သွားချင်တဲ့ လမ်းကို ကိုယ်တိုင်ဖောက်လုပ်တာက အကောင်းဆုံးပါပဲ။ ဒါက အခက်အခဲတွေ၊ ဒုက္ခတွေ၊ အတားအဆီးတွေ ရှိနေပေမယ့်လို့ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။ လူတိုင်းက ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

READ
သူမရဲ့ လက်ရှိ Body အပေါ် ဝေဖန်သူတွေကို Céline Dion တုံ့ပြန်

လက်လွှတ်တတ်အောင် ကြိုးစားပါ

shutterstock/Maria Markevich

တော်တော်များများသော လူတွေဟာ လက်လွှတ်ရမှာကို ကြောက်တတ်ကြပါတယ်။ ဥပမာ- ကိုယ့်အတွက် အဆင်မပြေတဲ့ အလုပ်အကိုင်၊ ကိုယ့်ကိုယ် စိတ်ဒုက္ခဖြစ်ပေးတဲ့ သူတွေ၊ အဆင်မပြေတဲ့ relationship စသဖြင့်ပေါ့။ ဒါတွေက အရမ်းကို ပင်ပန်းခက်ခဲရပေမယ့် အတင်းဖက်တွယ်ထားတတ်တာမျိုးကို တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ လက်လွှတ်လိုက်ရမှာ စိုးတဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပင်ပန်းမှုတွေနဲ့ ရှင်သန်နေရတာပါ။ ဘဝမှာ အရာရာတိုင်းကို လက်လွှတ်တတ်ဖို့ သင်ယူထားပါ ကိုယ်နဲ့ မထိုက်တဲ့ အရာတွေကို လက်လွှတ်လိုက်ရတာကို မနှမြောပါနဲ့။ တစ်ချို့အရာတွေကို လက်လွှတ်လိုက်ရတာဟာ ကိုယ်နဲ့မထိုက်တန်လို့ဖြစ်ပြီး ပိုကောင်းတဲ့အရာတွေ ရောက်လာဖို့ ဘာမဟုတ်တဲ့ အရာလေးတွေက ကိုယ့်ဆီက ထွက်သွားတတ်ရတာ ဖြစ်ပါတယ်။

ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း ပြုပြင်ပါ

shutterstock/Victoria Chudinova

လူတစ်ယောက်မှာ အဓိကက စိတ်ဓာတ်ပဲ ဆိုတဲ့စကားကို မကြာခဏ ကြားဖူးကြမှာပါ။ လူတစ်ယောက် စိတ်ဓာတ်မကောင်းရင် အဲဒီ့စိတ်ဓာတ်ကြောင့်ပဲ ကိုယ့်ကိုယ်ကို ကျရှုံးအောင် လုပ်မိတတ်ကြတာ ဖြစ်ပါတယ်။ လူတိုင်းမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေလို့ ကိုယ့်ဆီက မကောင်းတဲ့ စိတ်လေးတွေကို ဖြည်းဖြည်းချင်း ပြင်ယူသွားပါ။ ဆိုလိုချင်တာက တစ်ခြားသူအပေါ် မနာလိုတဲ့ စိတ်လေး ကိုယ့်ဆီမှာ ရှိနေခဲ့ရင် ပြင်ပါ၊ စိတ်ကောင်းလေး မွေးကြည့်ပါ။ အရာရာကို positive အမြင်နဲ့ ကြည့်နိုင်အောင် ကြိုးစားပါ၊ ခွင့်လွှတ်တတ်ခြင်းကို သင်ယူပါ စသဖြင့် ဒါတွေက ကိုယ့်ကိုယ်ကိုပဲ ဒုက္ခဖြစ်စေတာမို့လို့ ဒါလေးတွေကို ဖြည်းဖြည်းချင်း ပြင်ယူသွားပါ။ ဒီအချက်တွေကို သင်ယူတတ်လာရင်တော့ သင်ဟာ ဘဝမှာ ကြံခိုင်သန်မာတဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါနော်။

READ
ဂျပန်မှာ ပြုလုပ်မယ့် Fan Meeting တွေကို ရွှေ့ဆိုင်းပစ်ခဲ့တဲ့ Momoland

Khin

sponsored