ခဏလမ်းခွဲပြီး ပြန်ပေါင်းထုတ်ခဲ့တဲ့ ခင်ပွန်းကို ဝေဖန်ကြလို့ဆိုပြီး Twitter ဖျက်ပစ်ခဲ့တဲ့ Cardi B

Instagram
Sponsored

Cardi B တစ်ယောက်ကတော့ သူ့ရဲ့ခင်ပွန်းကို တော်တော်လေး ချစ်ရှာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပါဘူး သူမရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြနေခဲ့တာပါ။

စစတွေ့ကတည်းကိုက Cardi ဖက်ကနေ Offset ကို လက်ထပ်ခွင့်တောင်းဖို့အတွက် လမ်းဖွင့်ပေးသလိုတွေ ပြောခဲ့ရရတာကစလို့ လက်မထပ်ခင်အချိန်မှာရော လက်ထပ်ပြီးအချိန်မှာရော Offset ရဲ့ ရှုပ်ထွေပွေလီမှုတွေ ဘူးပေါ်သလို ပေါ်လာတာတောင်မှပဲ Cardi ဟာ လက်တွဲမြဲအောင် အမြဲရှင်းထုတ်ပစ်ခဲ့သူတစ်ဦးပါ။ စစချင်းမှာတော့ ပြတ်မယ် စဲမယ် ကွာရှင်းမယ်လို့ ပြောနေမယ့်လည်း နောက်ဆုံး Cardi ဖက်ကလည်း အမြဲတမ်းလက်နှက်ချပြီးတော့ Offset ကို ပြန်လက်ခံခဲ့တာ ပရိသတ်သတ်တွေလည်း မျက်မြင်ပါပဲ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

Sponsored

အရင်လထဲမှာတုန်းကလည်း Cardi တစ်ယောက် ဘာတွေမကျေနပ်ဖြစ်လို့လဲမသိ၊ တရားရုံးမှာတောင် ကွာရှင်းဖို့အတွက ထိပ်တိုက်လျှောက်ထားခဲ့တဲ့အထိ ဖြစ်သွားပါသေးတယ်။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုး ကွာရှင်းခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းက ပြုလုပ်ခဲ့တဲ့ Cardi ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ပွဲမှာပဲ ချစ်ခင်ပွန်းက ပွဲလာတက်ခဲ့ပြီး Roll Royce ကားကြီးလည်း လက်ဆောင်ပေးရင်း၊ အနမ်းတွေလည်းခြွေရင်း ပြန်အဆင်ပြေသွားကြပုံပါပဲ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

မွေးနေ့ပွဲပြီး ဘယ်နရက်မှမကြာသေးဘူး Cardi ဟာ မိုးလင်းတိုင်းချစ်ရသူအကြောင်း မတွေးဘဲမနေနိုင်ပါဘူး၊ မျက်နှာလေးကို မမြင်ရဘဲ အိပ်ယာကနေမနိုးထနိုင်ဘူးဆိုပြီး Offset နဲ့ ပြန်ပြီးရွှေလက်တွဲခဲ့ပါတော့တယ်။ အခုလည်း Cardi တ်ယောက် သူမရဲ့ Twitter account ကို ဖျက်လိုက်ခဲ့ပါတယ်တဲ့။ အကြောင်းကတော့ သူမရဲ့ ပရိတ်သတ်တွေက Offset ကို ဆဲပြီးဝေဖန်ကြလို့ပါတဲ့။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

ဒီကိစ္စနဲ့ပတ်သက်ပြီး Cardi ဟာ တော်တော်လေးကို ခံစားနေရပုံပါပဲ။ လူတွေက သူဆေးလိပ်သောက်ရင်လည်းသောက်လို့၊ live လွှင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေရင်လည်းနေတော့လည်း တမင်မပျော်ဘဲ ပျော်နေအောင် ပြတာတွေဘာတွေပြောနေပြီး Cardi လုပ်သမျှကို Offset ကြောင့်လို့ချည်း ဝေဖန်ကာ Offset ကို အပြစ်တင်ဆဲဆိုနေကြတာတွေကို Cardi တစ်ယောက် မခံနိုင်တော့လို့ဆိုပြီး Twitter account ကြီးကို ရုတ်တရက် ပိတ်ချပစ်လိုက်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib) on

penny

sponsored