မုန်လာဥနီဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းကြောင့် ရလာနိုင်တဲ့အကျိုးအကျေးဇူးများ

Freepik- stockking
Sponsored

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေကို ဆေးဝါးတွေဆီကနေပဲ ယူတော့မလို့လား။ ဆေးဝါးတွေဆီကမဟုတ်လည်း နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေဆီကနေတစ်ဆင့် ရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ မုန်လာဥနီဖျော်ရည်ကိုနေ့တိုင်းသောက်သုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

အရင်ဆုံး မုန်လာဥထဲမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေကို အရင်ကြည့်လိုက်ရအောင်..

  • Calories: 96
  • Protein: 2 grams
  • Fat: less than 1 gram
  • Carbs: 22 grams
  • Sugars: 9 grams
  • Fiber: 2 grams
  • Vitamin A (as provitamin A): 255% of the Daily Value (DV)
  • Vitamin C: 23% of the DV
  • Vitamin K: 31% of the DV
  • Potassium: 15% of the DV
READ
နောက်နှစ်ထဲမှာ အသက် ၃၀ ပြည့်ကြတော့မယ့် ကေပေါ့အဆိုတော် မမများ
Freepik- KamranAydinov
Sponsored

(၁) ကိုယ်ခံအားမြှင့်တင်ပေးတယ်

ဗီတာမင် A နဲ့ C တို့ဟာ antioxidants တွေဖြစ်ကြတဲ့အတွက်ကြောင့် ကိုယ်ခံအားဆဲလ်တွေကို အားကောင်းစေမှာဖြစ်ပါတယ်။ ဒီအပြင် ဗီတာမင် B6 ဟာ ကိုယ်ခံအားနည်းခြင်းကို မဖြစ်စေတဲ့အတွက်ကြောင့် ဒီလိုအချိန်မျိုးမှာသောက်သုံးပေးဖို့ အသင့်လျော်ဆုံးပါပဲ။

(၂) မျက်လုံးအားကောင်းစေတယ်

မုန်လာဥထဲမှာပါဝင်တဲ့ ဗီတာမင် A ဟာ မျက်လုံကို အားကောင်းစေမှာပါ။ အလင်းရောင်တွေကလည်း ပိုကာကွယ်ပေးနိုင်သလို မျက်စိမှုန်ခြင်းကိုလည်း ထိုက်သင့်တဲ့အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

Freepik- KamranAydinov

(၃) သွေးတွင်းသကြားဓာတ်ကို ထိန်းငြှိပေးတယ်

Type 2 diabetes ကို မုန်လာဥနီရည်နဲ့ လျှော့ချပေးနိုင်တအ့တွက်ကြောင့် သွေးချို၊ ဆီးချိုသမားတွေအတွက် အထူးသင့်လျော်ပါတယ်။

(၄) ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစတေယ်

မုန်လာဥနီဖျော်ရည်ထဲမှာပါဝင်တဲ့ polyacetylenes, beta carotene နဲ့ lutein တို့ဟာ သွေးကင်ဆာဖြစ်ပွားစေတဲ့ ဆဲလ်တွေကို သေစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ Polyacetylenes ဟာ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အစွမ်းလည်းရှိနေပါသေးတယ်။

Freepik- jcomp

(၅) အသားအရေအတွက်ကောင်းကျိုးတွေအများကြီးရှိနေတယ်

READ
ဇာတ်လမ်းတွဲအသစ်အတွက် ပြင်ဆင်မှုတွေစတင်ပြုလုပ်နေတဲ့ Lee Dong Wookနဲ့Yoo In Na

ဗီတာမင် C ပါတယ်၊ ရေဓာတ်ပြည့်တယ်၊ ကော်လဂျင်ဓာတ်ကို လှုန့်စော်ပေးတဲ့အတွက်ကြောင့် အသားအရေကို တင်းရင်းစေကာ အမည်းစက်၊ အမာရွတ်တွေကိုလည်း ပျောက်ကင်းပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်မှလည်း ကာကွယ်ပေးပါသေးတယ်။

(၆) နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်

မုန်လာဥနီရည်မှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက်ကြောင့် သွေးတိုးခြင်းနဲ့ လေဖြန်းခြင်း၊ နှလုံ့းဖောက်ခြင်းတို့ကိုလည်းမဖြစ်စေနိုင်ပါဘူး။ သွေးသန့်စေတဲ့အတွက်ကြောင့်လည်း နှလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။

 

penny

sponsored