သေးသိမ်လွန်းတဲ့ လုပ်ရပ်ဖြစ်လို့ မိန်းကလေးတွေကို ဒီအချက်တွေနဲ့ လုံးဝ မစနောက်သင့်ပါဘူး

shutterstock/fizkes
Sponsored

တစ်ချို့ယောကျာ်းလေးတွေက မိန်းကလေးတွေကို တွေ့တာနဲ့ စနောက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမှုအရ တစ်ချို့စနောက်မှုတွေက လက်ခံလို့ရပေမယ့် တစ်ချို့အရာတွေကတော့ လုံးဝ စနောက်ပြီးတောင် မလုပ်သင့်တဲ့ အရာတွေ ရှိလို့နေပါတယ်။ ဒီအချက်တွေက မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး လုံးဝကို မစနောက်သင့်တဲ့ အရာတွေပါ။

သံသေးသံကြောင်နဲ့ လိုက်အော်တတ်တာ

shutterstock/ PRESSLAB

မြန်မာနိုင်ငံမှာ တော်တော်များများတွေ့ရတဲ့ အချက်လို့ ပြောလို့ရပါတယ်။ ယောကျာ်းလေး အုပ်စုရှေ့က မိန်းကလေးတစ်ယောက် ဖြတ်လျှောက်သွားတဲ့အခါ အသံအမျိုးမျိုးနဲ့ စနောက်တတ်တာမျိုးပေါ့။ ဒါဟာ အရမ်းကို သေးသိမ်တဲ့ လုပ်ရပ်ဖြစ်ပြီး ကိုယ့်ရဲ့အဆင့်အတန်းကို ဖော်ပြလိုက်သလိုပါပဲ။ နောက်ပြီး မိန်းကလေးတိုင်းက ဒီလိုအပြုအမူတွေကို အရမ်းမုန်းတီးရွံ့ရှာတတ်ကြပါတယ်။ ဒါဟာ မိန်းကလေးတစ်ယောက်ကို လုံးဝမလုပ်သင့်တဲ့ အရာပါ။

လွိင်ပိုင်းဆိုင်ရာကို ဟာသအဖြစ် ပြောတတ်တာ

shutterstock/ DGLimages
Sponsored

ဒါကတော့ ယောကျာ်းလေးတွေ ဝိုင်းဖွဲ့ကြရင် တစ်ချို့ယောကျာ်းလေးတွေ ပြောတတ်ကြတဲ့အရာပါ အားလုံးကို မဆိုလိုပါဘူးနော်။ ဥပမာ- မိန်းကလေးတစ်ယောက်ကို ကြည့်ပြီး တင်ကြီးတယ်၊ ရင်ကြီးတယ် စသဖြင့် မပြောသင့်တဲ့အရာကို ဟာသအဖြစ် ပြောရင်း ရယ်မောတတ်ကြတာမျိုးပေါ့။ တစ်ချို့ဆို ကိုယ့်ရဲ့ မိန်းမ၊ ချစ်သူ စသဖြင့် ပြောတတ်ကြပါသေးတယ်။ ဒါဟာ ကိုယ်တို့ယောကျာ်းအချင်းချင်းပဲ ပြောပြော၊ ဘယ်သူကြားကြား၊ မကြားကြား ကိုယ့်ရဲ့ သိက္ခာ၊ ကိုယ့်ရဲ့ အဆင့်အတန်းကို ထောက်ထားတဲ့ အနေနဲ့ရော လုံးဝကို မစနောက်သင့်တဲ့ အရာဖြစ်ပါတယ်။

READ
`2018 Next Generation Leaders` အဖြစ် Time မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ BTS

ကျားမ တန်းတူအခွင့်အရေးကို ရှုတ်ချတာ

shutterstock/ DGLimages

ဟိုးအရင်တုန်းကတော့ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ယှဉ်ပြီး တန်းတူအခွင့်အရေးတွေ မရခဲ့ကြပေမယ့် ခုခေတ်မှာတော့ မိန်းကလေးတွေက ယောကျာ်းလေးတွေနဲ့အပြိုင် ကမ္ဘာကို စိုးမိုးနိုင်လာကြပါပြီ။ ဒါကိုမှ နင်တို့ မိန်းကလေးတွေက ယောကျာ်းလေးတွေနဲ့ ယှဉ်ဖို့ မကြိုးစားနဲ့၊ နင်တို့ ငါတို့နဲ့ ရင်ဘောင်တန်းလို့ လုံးဝမရဘူး၊ ဟိုးအရင်ကတည်းက မိန်းကလေးတွေဆိုတာ ယောကျာ်းလေးတွေရဲ့ နောက်မှာပဲ ရှိတာ ဘလာဘလာဘလာ စသဖြင့် ဒီလို ကျားမတန်းတူအခွင့်အရေးနဲ့ ပတ်သက်ပြီး လုံးဝမစနောက်သင့်ပါဘူး။ အခုဆိုရင် ထက်မြက်တဲ့ မိန်းကလေးတွေက တော်ရုံယောကျာ်းတွေလိုက်မမှီအောင်ကို ဦးဆောင်နိုင်စွမ်းတွေ မြှင့်နေကြပါပြီ။ ဒီလို ခွဲခြားဆက်ဆံတာဟာ အရမ်းကို သေးသိမ်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်တာ

shutterstock/Dragon Images

လူတစ်ယောက်ရဲ့ ဘော်ဒီအစိတ်အပိုင်းကို ကြည့်ပြီး ဟယ် သူက ဝလိုက်တာ၊ ပိန်လိုက်တာ၊ အသားမည်းလိုက်တာ၊ ရုပ်ဆိုးလိုက်တာ၊အရပ်ပုလိုက်တာ စသဖြင့် ဝေဖန်တာက body shaming  လုပ်တာပါပဲ။ ဒါဟာ ပြောတဲ့သူကတော့ ဒီအတိုင်း ပြောလိုက်မိပေမယ့် တစ်ဖက်လူအတွက်တော့ အရမ်းကို စိတ်ထိခိုက်ရတတ်ပါတယ်။ ဒီလို ဝေဖန်တာမျိုးက အရမ်းကို သေးသိမ်ပြီး စက်ဆုပ်စရာကောင်းတာမို့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ စနောက်ပြီး ဝေဖန်တာမျိုးတောင် မလုပ်သင့်ပါဘူး။

READ
'Tazza 3' ရုပ်ရှင်ကားမှာ အဝတ်မပါတဲ့သရုပ်ဆောင်ခန်း အကြောင်းပြောခဲ့တဲ့ Lee Kwangsoo

Khin

 

sponsored