မန်နေဂျာတွေ နောက်ကျောက ဓါးနဲ့ထိုးတာကို ခံခဲ့ရတဲ့ အနုပညာရှင်( ၆) ယောက်

Image:IG/b_joeun & Lisa
Sponsored

အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ကိစ္စ တွေကို တာဝန်ယူ ပေးထားတဲ့ မန် နေဂျာ တွေ ဆိုတာ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံ ရေးပါ။သူတို့ရဲ့ အလုပ်တွေကို အဓိက စီမံ ကွပ်ကဲ ပေးနေတဲ့ လူတွေက မန်ေ နဂျာပါ။ အရမ်း ယုံ ကြည်လို့ ကိုယ့်ရဲ့ အလုပ်တွေကို ၊ငွေ ကြေး ကိစ္စ တွေကို ပုံအပ် ထားေ ပမယ့် တစ်ခါ တ လေ မှာတော့ အဲ့ လို လူတွေ က သစ္စာ ဖောက်ရင် အနုပညာရှင် ဆယ်လီတွေ ပဲ အထိ နာရတတ်ပါတယ်။ ဒီအြေ ကာင်းကို SCMP မှာ ဖော်ပြထားတာပါ။

1.Jung Joon-ho

 

View this post on Instagram

 

#스카이캐슬 #정준호 #강준상 강준상 역의 배우 정준호님 나이에 무색하게 훈훈하시네요!

A post shared by SKY 캐슬 팬페이지 (@skycastle_fanpage) on

Sponsored

Jung Joon-ho လည်း (၂၀၁၂)တုန်းက မန်နေဂျာ ဆီမှာ ငွေ တွေ ပါခဲ့ဖူးပါတယ်။နည်းနည်းချင်းစီနဲ့ ၀မ်သန်း ၈၀ လောက် ပါ သွားခဲ့တာပါ။နောက်ပိုင်းစုံစမ်းတော့ မှ အရင်က လည်း ပြစ်မှု မှတ်တမ်းဟောင်းရှိခဲ့ဖူးတဲ့ သူ ဖြစ် နေခဲ့တာပါ။ခိုးတာ၊လောင်းကစားအကုန်လုပ်တဲ့ လူမျိုးဖြစ်နေခဲ့တာကို နောက်ပိုင်းမှ သိခဲ့ရတာပါ။

2.Lee Jong-hyuk

အ မေကင်ဆာ ဖြစ်နေလို့ပါ ဆိုပြီး Lee Jong-hyukရဲ့ မန်နေဂျာ က ပိုက်ဆံ တွေ လိမ်ယူခဲ့တာပါ။ဝမ်ငါးသန်း ၊ အမေရိကန် ဒေါ်လာနဲ့ ဆိုင်ရင် (၄)ထောင် ကျော် လောက် ပါသွားခဲ့တာပါ။သူတစ်ယောက် တည်း ဒီလို အလိမ်ခံရတာ တော့ မဟုတ်ပါဘူး။အဲ့ဒီ မန်နေဂျာက တခြားအနုပညာရှင် ၆ ယောက်ကိုလဲ ငွေ လိမ်ခဲ့ဖူးပါတယ်။အ ကြွေးတွေ တင် နေလို့ ခုလို လိမ်စားခဲ့တာပါ။

3.Kim Seon-kyeong

 

Kim Seon-kyeong  လည်း ဒီလို အဖြစ်မျိုးနဲ့ ကြုံဖူးပါတယ်။အစ်ကို တစ်ယောက်လိုပါ ခင်လာ၊သိလာ တာကလည်း ၁၀ နှစ်လောက်ရှိနေတဲ့ လူမို့ အကုန်ယုံထားမိရာက နေ အလိမ်ခံခဲ့ရတာပါ။နေ ဖို့ နေရာ သစ် ရှာ နေတဲ့ အချိန်မှာ တစ်ဖက်မှာလည်း သူမက ကျွန်းတစ်ခုမှာရိုက်ကူးရေးလုပ်နေခဲ့ရပါတယ်။ငွေ ကိုတော့ သူမ မကိုင်ပဲ မန်နေဂျာကိုပဲ အကုန်အပ်ထားခဲ့တာဖြစ်ပြီး အိမ်ငှားဖို့ စရံ ငွေ ၀မ်သန်း ၂၈၀  ကို မန်နေဂျာက သုံးပစ်ခဲ့တာပါ။အရမ်းယုံရတဲ့ လူက လိမ်တာခံရပြီးနောက်မှာ တော့ လူတွေကို ယုံကြည်ဖို့ အခုဆိုရင် ခက်လာ တယ်လို့ ပြောခဲ့ပါတယ်။

READ
ဝိတ်ကျစေတဲ့ လျှို့ဝှက်နည်းကို ဝေမျှလိုက်တဲ့ Han Ye Seul

4.Son Dam-bi

 

View this post on Instagram

 

Make up for ever❤️ #메이크업포에버 #루즈아티스트

A post shared by 손담비 (@xodambi) on

2008 ၀န်းကျင်လောက်က ဖြစ်ခဲ့တာပါ။သူမရဲ့ တိုက်ခန်းထဲမှာရှိနေတဲ့ ပရိ ဘောဂ တွေနဲ့ ရှိသမျှ ပစ္စည်း အကုန်ကို မ သွားတာပါ။ Son Dam-bi အခန်းပြန်ရောက်လာတော့ မန်နေဂျာ ဖြစ်သူက သူမအိမ် က ပစ္စည်းတွေကို အိမ်ပြောင်းအိမ် ရွှေ့ ကားနဲ့ အကုန်သယ်သွားတာပါ။လောင်းကစားကြွေးတွေ ပြန်ဆပ် ဖို့ ခုလို လုပ်ခဲ့တာပါ။အဲ့ဒီအချိန်က သူမ အ နေနဲ့ အလုပ်တွေ အရမ်းရှုပ် နေတဲ့ အချိန် ဖြစ်ပြီး အိမ် Password ကိုတော့ မန်နေဂျာကို လည်း ပြောပြထားတာမို့ သူမ ပြန်လှည့် မကြည့်နိုင်တဲ့ အချိန်မှာ အိမ်ကို ၀င်ပြီး ပစ္စည်းတွေ ခိုးသွားတာပါ။

5.Lisa

 

View this post on Instagram

 

#광고 #CELINE16

A post shared by LISA (@lalalalisa_m) on

Lisa က တော့ မန် နေဂျာရဲ့ နောက်ကျော က ဓါးနဲ့ ထိုးတာကို ခံခဲ့ရဖူးတဲ့ ပူပူနွေးနွေး အနုပညာရှင်ပါ။အမည် မ ဖော်လိုတဲ့ သူမရဲ့ မန် နေဂျာ တစ်ယောက်က Lisa ရဲ့ ပိုက်ဆံ ၀မ် တစ်ဘီလီယံ ကို လိမ်ညာ ခဲ့ပါတယ်။သူမ အတွက် အိမ်ခြံ မြေ ဘက်မှာ ရင်းနှီးမြှုပ်နှံ ပေးမယ်ဆိုပြီး ငွေ လိမ် သွားတာပါ။Lisa အရမ်း ယုံကြည်ရတဲ့ မန် နေ ဂျာ ဟောင်းက ဒီလို လုပ်ရပ်ကို ကျူးလွန်ခဲ့တာလို့ YG ဘက်က ပြောခဲ့ပါတယ်။အဲ့ဒီလူဟာ YG မှာ အချိန် အကြာကြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။ Blackpink အဖွဲ့ ပွဲဦး မထွက် ခင်တည်းက အလုပ် တွဲ လုပ် ခဲ့သူပါ။ reality show Blackpink House ရဲ့ ကင်မရာထဲမှာ တောင် ပါဝင်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

@bulgari #BvlgariFamily #bvlgari #bzero1 #ad

A post shared by LISA (@lalalalisa_m) on

6.Song Hye-kyo

(၂၀၀၅)တုန်းက ဆောင်းဟေကိုရဲ့ အ မေ ဆီကို မေးလ် ပို့ပြီး ခြိမ်းခြောက်တာကို ခံခဲ့ရဖူးပါတယ်။ဝမ် သန်း (၂၅၀) ပြင်ထား  ပါ။မပြင်ရင် ဆောင်းဟေကို ကို အက်ဆစ်နဲ့ ပက် မယ်လို့ ခြိမ်းခြောက် ခဲ့တာပါ။နင့်သမီးရဲ့ ခန္ဓာ ကိုယ် ဆွေးမြေ့၊အရည် ပျော် ကျ တာ မမြင် ချင်ရင် သေချာ စဉ်းစား လို့ ရက်ရက် စက်စက် ပြော ခဲ့တာပါ။ရဲ တွေက နောက်ပိုင်း စုံစမ်းတဲ့ အခါမှာတော့ အဲ့လို ခြိမ်းခြောက် မေးလ် ပို့တဲ့ သူက တခြားလူ မဟုတ်ပဲ ဆောင်းဟေကိုရဲ့ မန် နေဂျာ ဟောင်း ဖြစ် နေခဲ့ပါတယ်။သူမနဲ့ သုံးနှစ်လောက် အလုပ် အတူ တွဲ လုပ် ခဲ့ဖူးပါတယ်။အလုပ် ထုတ် ခံရပြီး နောက် ပိုက်ဆံ မရှိ တော့ လို့ ယုတ်ညံ့တဲ့ စိတ်နဲ့ ဆောင်းေ ဟကို ရဲ့ အ မေ ဆီကို ပိုက်ဆံ မ ပေးရင် နင့်သမီးကို အက်ဆစ်နဲ့ ပက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။

#AUNTYMAY

sponsored