နေ့စဉ် သင့်ခြေထောက်ကို မိနစ် ၂၀ ခန့် အပေါ်မြှောက်ပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးများ…

Sponsored

နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ ဘဝကြီးမှာ အနားယူချိန်ရှိဖို့ လိုအပ်သလို၊ ခန္ဓာကိုယ်ကို အနားပေးဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်ကို အနားပေးတယ် ဆိုတဲ့နေရာမှာလည်း ထိရောက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ခုဖော်ပြပေးမှာကတော့ ခန္ဓာကိုယ်ကို အနားပေးရင်းနဲ့ သင့်ခြေထောက်ကို နေ့စဉ် မိနစ်(၂၀)ခန့် အပေါ်မြှောက်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

Shutterstock

ခြေထောက်မြှောက်ဖို့အတွက် တစ်ခြား ထွေထွေထူးထူးကြီးတွေ မလိုပါဘူး။ ကြမ်းပြင်မှာ အိပ်ပြီး ဘေးနားက နံရံမှာ ခြေထောက်နှစ်ဖက်ကို စုပြီး မြှောက်ထားလိုက်ရုံပါပဲ။ ဒီလိုမြှောက်ပေးတာဟာ ဘယ်လောက် အကျိုးရှိလဲဆိုတာ ကြည့်လိုက်ပါဦး။

(၁) ခြေထောက်ကိုပေါ့ပါးစေတယ်

Sponsored

တစ်ခါတလေ သွေးလည်ပတ်မှုနှုန်း မကောင်းခြင်းကြောင့် ခြေထောက်က ရောင်နေပြီးတော့ လေးလံနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ စားသောက်မှုပုံစံ၊ ကျောက်ကပ်နဲ့ ပေါင်ချိန်အရမ်းများနေလို့လည်း ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ဆေးကုသမှုကို ခံယူသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ြဖစ် ရောင်နေတဲ့ သင့်ခြေထောက်ကို အပေါ်ဖက် မိနစ် (၂၀) ခန့်မြှောက်ပေးခြင်းဖြင့် အရောင်ချက်ချင်း ကျစေပါတယ်။

READ
မိဘတွေ ဂျင်းထည့်လေ့ရှိတဲ့ စကား(၅)ခွန်း

(၂) ခြေထောက်နာတာတွေကို သက်သာစေတယ်

Shutterstock

ဒေါက်ဖိနပ်လှလှလေး စီးပြီးရင် ခံစားရတဲ့ ဒုက္ခကို မိန်းကလေးတိုင်းနီးပါး ကြုံဖူးကြမှာပါ။ အိမ်ပြန်ရောက်တဲ့အခါ ဒေါက်ဖိနပ်ကိုချွတ်ပြီး ခြေထောက်ကို အပေါ်ဖက် မိနစ် (၂၀) ခန့်မြှောက်ပေးခြင်းဖြင့် နာကျင်မှုတွေအားလုံးကို သက်သာစေပြီး အကြောအချဉ်တွေကို ပြေစေပါတယ်။

(၃) အစာချေစနစ်ကို ကောင်းမွန်စေတယ်

Shutterstock

ခြေထောက်ကို အပေါ်ဖက်မြှောက်ပေးခြင်းဖြင့် သွေးလည်ပတ်မှုအားကို ကောင်းမွန်စေတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်မပူစေတော့ပါဘူး။

(၄) အာရုံကြောတွေကို ပြေလျော့စေတယ်

ဒီလို ခြေထောက်ကို အပေါ်ဖက်မြှောက်ပေးခြင်းဖြင့် အသက်ရှူတဲ့အခါ ဦးနှောက်ထဲကို အောက်စီဂျင်ပိုမို ရောက်ရှိနိုင်တာကြောင့် အာရုံကြောတွေကို ပြေလျော့စေပြီး အကြောအချဉ်တွေကို ပြေလျော့စေတဲ့အတွက် ပင်ပန်းနွမ်းနယ်တာတွေကို အထူးသက်သာစေပါတယ်။

(၅) ကောင်းမွန်စွာ အိပ်ပျော်စေတယ်

Shutterstock

ဒီလိုခြေထောက်ကို အပေါ်မြှောက်ပေးခြင်းဟာ ညဖက်ကောင်းကောင်း အိပ်မပျော်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။ ဒီနည်းလမ်းလေးဟာ တရားထိုင်ပေးသလိုမျိုးပဲ စိတ်ကိုတည်ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်မောကျစေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။

READ
ယောက်ျားတစ်ယောက် ဖခင်ကောင်း ဖြစ်နိုင်/မဖြစ်နိုင် အကဲဖြတ်ပေးနိုင်မယ့် အချက်များ

Em Em

sponsored