သစ်ပင်ကို လူတိုင်း မချစ်တတ်ကြပါဘူး။ သစ်ပင်တွေ ပန်းပင်တွေကို စိုက်ပျိုးရတာ သဘောကျသူတွေလည်း ရှိသလို မစိုက်ပျိုး ဖြစ်ပေမယ့် သစ်ပင်တွေကို နှစ်သက်နေသူတွေလည်း ရှိပါတယ်။ သစ်ပင်တွေ ပန်းပင်တွေကို ချစ်တတ်ကြတဲ့ သူတွေမှာတော့ ဒီလိုမျို စိတ်သဘောထားတွေ ရှိနေတတ်ပါတယ်။
(၁) ဂရုစိုက်တတ်တယ်
သူတို့တွေက တစ်ယောက်ယောက်ရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်ပေးတတ်သူ ဖြစ်ပါတယ်။ နေမကောင်းတဲ့အခါ၊ တစ်ခုခု အကူအညီလိုတဲ့အခါတွေမှာ ကောင်းကောင်း ဂရုစိုက်ပေးနိုင်ကြပါတယ်။ ဒါကြောင့် သူတို့က မိတ်ဆွေကောင်းတွေလည်း ဖြစ်ပါတယ်။

(၂) အလိုက်သိတယ်
သူတို့တွေက ပန်းပင်လေးတွေ ဘယ်လို အခြေအနေ ရှိလဲ၊ ကြီးလာသလား၊ ညက်နေသလား၊ အကောင်ကိုက်ခံရသလား စသဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေတတ်သူတွေပီပီ အနားရှိတဲ့သူတွေရဲ့ အရိပ်အကဲကိုလည်း ကြည့်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က အလိုက်သိသူတွေလည်း ဖြစ်ပါတယ်။
(၃) စိတ်နူးညံ့တယ်
သူတို့ကတော့ သစ်ပင်လေးတွေကိုတောင်မှ သံယောဇဉ် ရှိတတ်သူတွေ ဖြစ်လို့ စိတ်ထား အင်မတန် နူးညံ့တဲ့သူတွေလည်း ဖြစ်ပါတယ်။ အသည်းငယ်တတ်သလို ကူညီလိုစိတ်လည်း ရှိကြပါတယ်။

(၄) စိတ်ရှည်တယ်
သူတို့တွေက အပင်တစ်ပင်ကို စိတ်ရှည်လက်ရှည် ပျိုးထောင်တတ်လို့ အလွယ်တကူ ဒေါသထွက်သူတွေ မဟုတ်ပါဘူး။ အကြောင်းအရာ တစ်ခုအတွက် အချိန်ပေးရတာကိုလည်း စိတ်ရှည်ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။ မလိုအပ်ဘဲ စိတ်မရှည်ဖြစ်နေကြသူတွေထဲ သူတို့ မပါကြဘူး။
(၅) စကားနည်းတယ်
သူတို့တွေက အနေလည်း အေးကြပါတယ်။ ရင်းနှီးသူတွေကိုသာ စကား ဟက်ဟက်ပက်ပက် ပြောပေမယ့် အရမ်း မရင်းနှီးရင် စကားကို ထိန်းပြီး ပြောတတ်ပါတယ်။ ဒါကြောင့် မသိတဲ့သူတွေက သူတို့ကို စကားနည်းတဲ့ သူတွေလို့ ထင်သွားကြပါတယ်။ တကယ်က တည်ငြိမ်မှု ရှိကြတယ်လို့ ဆိုနိုင်တာပါနော်။
Kham