ကလေးတစ်ယောက်မှာ ဒီလို အပြုအမူတွေဖြစ်နေပြီဆိုရင် စိုးရမ်ဖွယ် ဖြစ်နေပါပြီ

Freepik- seventyfour
Sponsored

ကလေးတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို သူတို့ရဲ့အပြုအမူတွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ခံစားချက်၊ စိတ်နေစိတ်ထား စတာတွေကို သိနိုင်ပါတယ်။ အကယ်၍ ကလေးတစ်ယောက်မှာ ဒီလိုမျိုး အပြုအမူတွေကို ဆက်တိုက်ဆိုသလိုမြင်တွေ့နေရမယ်ဆိုရင်တော့ အဲဒီကလေးရဲ့ စိတ်အခြေအနေဟာ စိုးရိမ်ဖွယ်ဖြစ်နေပါပြီ။ ဘယ်လိုအပြုအမူတွေလဲဆိုတော့..

Freepik- Racool_studio

အဝတ်အစားကို ဆင်တိုင်းမဝတ်ဘူး

Sponsored

အဝတ်အစားကို ဟိုဟာမဝတ်ချင်ဘူး၊ ဒီဟာမဝတ်ချင်ဘူးဆိုပြီး အရွေးလွန်ရုံတင်မကဘဲ အရမ်းအကဲပိုပြီး အဝတ်အစားတွေကို ချွတ်ပစ်တာမျိုး၊ ရုန်းရင်းဆန်ခတ်လုပ်တာမျိုးတွေ အဖြစ်များလာမယ်ဆိုရင်တော့ ကလေးမှာ anxiety လို့ခေါ်တဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ရောဂါဖြစ်လို့နေပါပြီ။

Freepik- freepik

ကွန်ပြူတာတွေ၊ ဖုန်းတွေကို အကြည့်လွန်မေယ်ဆိုရင်

အချိန်တိုင်း screen နဲ့မျက်နှာနဲ့ မခွာတမ်းဖြစ်နေတဲ့ကလေးတွေဟာ ပြင်ပလောကမှာ ပြဿနာတစ်ခုခုရှိနေလို့ပါ။ မိသားစုတွင်းမှာမဟုတ်တောင် ကျောင်းမှာ အပယ်ခံဖြစ်နေတာတို့၊ စိတ်ဖိဆီးမှု တစ်ခုခုကို တော်တော်လေးခံစားနေရလို့ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ စကားသေချာပြောသင့်ပါတယ်။

Freepik- @kwanchaichaiudom

အစားအရမ်းရွေးနေမယ်ဆိုရင်

ကလေးတိုင်းလိုလိုကတော့ အစားအသောက်ချေးများတတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အစားအသောက်ကို လိုတာထက်ပိုပြီး အရမ်းရွေးချယ်လွန်းနေမယ်ဆိုရင်တော့ အဲဒီကလေးဟာ သာမန်အစားမရွေးတဲ့ကလေးတွေထက် စိတ်ဓာတ်ကျခြင်းစိတ်ရောဂါဟာ ၂ ဆပိုပြီး ခံစားရတတ်ပါတယ်တဲ့။

READ
ကလေးတွေကိုကိုယ့်အားကိုယ်မကိုးတတ်အောင် လုပ်နေမိတဲ့မေမေတို့ရဲ့လုပ်ရပ်များ
Freepik- freepik

လိုချင်တာကို ငိုပြီးတောင်းတယ်

လိုချင်တာကို အမြဲတမ်းဂျီကျငိုယိုအော်ဟစ်ပြီး ပူဆာတာမျိုးဟာ အသက်ကြီးလာတာနဲ့အမျှ သူများကို အနိုင်ကျင့်ချင်စိတ်ပိုများလာနိုင်ပြီးတော့ အရာရာကို ပေါ့ပျက်ပျက်တွေးခေါ်နိုင်ပါတယ်။ ဒါကြောင့် ငိုတိုင်း လိုချင်တာမရဘူးဆိုတာကို ခေါင်းထဲသွင်းပေးဖို့လိုအပ်ပါတယ်။

penny

 

sponsored