တရုတ်ဗေဒင်အရ ကိုယ့်မွေးဖွားတဲ့ ခုနှစ်ကို မူတည်ပြီး ခွဲခြားထားတဲ့ စရိုက်လက္ခဏာများ

shutterstock/EstherQueen999
Sponsored

တရုတ်လူမျိုးတွေရဲ့ ဗေဒင်မှာတော့ ကိုယ်မွေးဖွားတဲ့ ခုနှစ်ကိုလိုက်ပြီး ရာသီခွင် ၁၂ ခုကို ကိုယ်စားပြုထားတဲ့ တိရိစ္ဆာန်လေးတွေ ရှိလို့နေပါတယ်။ ဒီလို မတူညီတဲ့ အကောင်တွေကို လိုက်ပြီး ကိုယ့်ရဲ့ အကျင့်စရိုက်နဲ့ လက္ခဏာတွေဟာလည်း ကွဲပြားသွားတတ်ပါတယ်။ ဒီတော့ တရုတ်ဗေဒင်အရ ကိုယ်ဟာ ဘယ်ရာသီခွင်လဲဆိုတာနဲ့ ကိုယ့်ဆီမှာ ဘယ်လို အကျင့်စရိုက်တွေ ရှိနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက် (1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020)

shutterstock/ Siam Vector

ကြွက်နှစ်ဖွားတွေက ရာသီခွင်အားလုံးရဲ့ အစဖြစ်သလို နေ့သစ်တွေ အစပြုခြင်းကို ကိုယ်စားပြုတဲ့ ရာသီခွင်ပါ။ ဒါကြောင့် ဒီရာသီခွင်မှာ မွေးတဲ့သူတွေဟာ အမြဲတမ်း ထိပ်ဆုံးကနေ အောင်မြင်တတ်တဲ့ သူတွေဖြစ်ကြပါတယ်။ အရာရာမှာ ရှေ့ရောက်နေတတ်ကြသလို ဖန်တီးနိုင်မှု စွမ်းအားလည်း မြင့်မားကြတဲ့ သူတွေပါ။ နောက်ပြီး သူတို့တွေက အရမ်းကို ကြင်နာတတ်တဲ့ သူတွေဖြစ်ကြသလို ဘဝမှာ ချမ်းချမ်းသာသာ နေရတတ်တဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်။

နွားထီး (1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021)

Sponsored

ဒီရာသီခွင်ဖွားတွေကတော့ စိတ်ချယုံကြည်ရမှု၊ သန်မာကြံခိုင်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်း မြှင့်မားတဲ့ သူတွေပါ။ သူတို့တွေဟာ လုံလဝီရိယကောင်းတွေသူတွေ ဖြစ်ကြပြီး တစ်ခါတစ်လေမှာတော့ သူများကို အားကိုးတတ်တဲ့ အကျင့်လေးတွေ အနည်းငယ် ရှိပါတယ်။ သူတို့တွေက သူများတွေရဲ့ ချီးကျူးပြောဆိုမှုတွေကို မလိုအပ်ကြပဲ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းတတ်ကြပါတယ်။ ဒီရာသီခွင်ဖွားတွေက ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါတယ်။

ကျား (1926, 1938, 1950, 1962, 1974, 1986, 1998, 2010, 2022)

ကျားနှစ်ဖွားတွေရဲ့ သဘာဝအရ ပြိုင်ဆိုင်လိုမှု၊ သတ္တိနဲ့ ယုံကြည်မှုတို့ကို ကိုယ်စားပြုထားပါတယ်။ ဒီရာသီခွင်တွေက စွန့်စားလိုစိတ်၊ သတ္တိရှိမှုနဲ့ စိတ်ခံစားမှု မြင့်မားတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေလိုချင်တဲ့ အရာတွေအတွက် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေက လွတ်လပ်မှုနဲ့ လေးစားမှုတွေကိုလည်း ကောင်းကောင်း နားလည်ထားကြသူတွေပါ။

ယုန် (1927, 1939, 1951, 1963, 1975, 1987, 1999, 2011, 2023)

shutterstock/ShutterOK

ယုန်နှစ်ဖွားတွေကတော့ အနည်းငယ် အပျင်းကြီးတဲ့သူတွေဖြစ်ပြီး သူများထက် ခြေတစ်လှမ်းဦးနေပေမယ့် တစ်ရေးအိပ်ဖို့ ကြိုးစားတတ်ကြတဲ့ သူတွေပါ။ ဒါကြောင့် သူတို့တွေက အနည်းငယ် မာနကြီးတဲ့ သူတွေဖြစ်ကြသလို လူတွေအပေါ် အလေးအနက်ထားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေက ရိုးသားတွေသူတွေဖြစ်ပြီး သူတို့လိုပဲ တစ်ခြားသူတွေက သူတို့အပေါ် လေးလေးစားစား ဆက်ဆံတာကို လိုချင်ကြသူတွေ ဖြစ်ပါတယ်။

READ
နာကျည်းချက်တွေကို မမေ့ပစ်ပဲ ရင်ထဲမှာတေးမှတ်ထားတတ်ကြတဲ့ အငြိုးအကြီးဆုံး ရာသီခွင်များ

နဂါး (1928, 1940, 1952, 1964, 1976, 1988, 2000, 2012, 2024)

ရာသီခွင်ရဲ့ အကောင်းဆုံး ရာသီခွင်လို့ ပြောလို့ရတဲ့ နဂါးနှစ်ဖွားတွေကတော့ ဥာဏ်အမြော်အမြင် ကြီးမားမှု၊ ယုံကြည်မှု၊ စိတ်အားထက်သန်မှု ရှိတဲ့ သူတွေဖြစ်ပြီး တစ်ခြားသူတွေအပေါ် လေးစားတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေက အရမ်းကို အားပြင်းတဲ့ သူတွေဖြစ်သလို တာဝန်ယူစိတ်ရှိမှုနဲ့ တည်ကြည်ခိုင်မြဲတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေက ခေါင်းဆောင်ကောင်းတွေနဲ့ စွန့်ဦး တီထွင်တဲ့ စီးပွါးရေး ပညာရှင်တွေ ဖြစ်တတ်ကြပါတယ်။

မြွေ (1929, 1941, 1953, 1965, 1977, 1989, 2001, 2013, 2025)

မြွေနှစ်ဖွားတွေက နားလည်ရခက်ခဲပြီး အမြော်အမြင်ကြီးသူတွေ ဖြစ်ကြပါတယ်။ ဒီရာသီခွင်ဖွားတွေဟာ သူများတွေ မှန်းဆရခက်တဲ့ သူမျိုးဖြစ်ကြပါတယ်။ သူတို့တွေနဲ့ စိမ်းတဲ့သူတွေဆို စကားနည်းတတ်ကြပေမယ့် ခင်မင်ရင်းနှီးတဲ့ သူတွေနဲ့ဆိုရင်တော့ ပေါက်ပေါက်ဖောက်သလို ပြောတတ်ကြတဲ့ သူတွေပါ။

မြင်း (1930, 1942, 1954, 1966, 1978, 1990, 2002, 2014, 2026)

shutterstock/ShutterOK

မြင်းနှစ်ဖွားတွေဟာ တက်ကြွပြီး ခွန်အားကြီးမားသူတွေဖြစ်ပေမယ့် အကြောက်အလန့်ကြီးတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေက လွတ်လပ်မှုနဲ့ သူတို့အတွက် အချိန်သီးသန့်ပေးရတာကို ကြိုက်တဲ့ သူတွေပါ။ တစ်ခါတစ်လေမှာ ဒေါသကြီးတတ်ပေမယ့် အကြာကြီး စိတ်ဆိုးစိတ်ကောက်တတ်တဲ့ သူတွေမဟုတ်ပါဘူး။ သူတို့တွေက ငွေကြေးချမ်းသာမှုထက် စိတ်ချမ်းသာပျော်ရွှင်မှုကို ဦးစားပေးတတ်ကြပါတယ်။

ဆိတ် (1931, 1943, 1955, 1967, 1979, 1991, 2003, 2015, 2027)

ဆိတ်နှစ်ဖွားတွေက နူးညံပြီး စာနာသနားတတ်တဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ ခေါင်းမာတတ်တဲ့ သူတွေဖြစ်ကြပေမယ့် ချစ်တတ်ပြီး တစ်ကိုယ်ကောင်း မဆန်တတ်တဲ့ သူမျိုးတွေပါ။ နောက်ပြီး သူတို့တွေက ငွေကြေးရှာဖွေရ လွယ်ကူပြီး ရက်ရောတတ်တဲ့ သူတွေလည်း ဖြစ်ကြပါသေးတယ်။

READ
ဖိနပ်ပေါက်တဲ့အနာတွေကို ချက်ချင်းသက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းများ

မျောက် (1932, 1944, 1956, 1968, 1980, 1992, 2004, 2016, 2028)

မျောက်နှစ်မှာ မွေးဖွားတဲ့ သူတွေက ထက်မြက်ပြီး စူးစမ်းလိုစိတ် ရှိသူတွေ ဖြစ်ကြပါတယ်။ ဥာဏ်ရည်ထက်မြက်သလို မာနာလည်း အနည်းငယ် ကြီးတတ်ကြသူတွေပါ။ သူတို့တွေက ဘဝမှာ  အသက်ရှည်ရှည် နေထိုင်ရတတ်တဲ့ သူတွေလည်း ဖြစ်ကြပါတယ်။

 ကြက်ဖ (1933, 1945, 1957, 1969, 1981, 1993, 2005, 2017, 2029)

shutterstock/ShutterOK

ကြက်ဖနှစ်ဖွားတွေဟာ အနည်းငယ် ရှုပ်ထွေးတဲ့ သူတွေဖြစ်ပြီး သူတို့က အပြင်ပန်းမှာတော့ သန်မာတယ်လို့ ထင်ရတတ်ပေမယ့် တကယ်တမ်းမှာတော့ စိတ်ဓာတ်ကျလွယ်တဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေက ကာကွယ်ပေးတတ်တဲ့ သူတွေဖြစ်ကြပြီး ဆုံးဖြတ်ချက် ပြတ်သားသလို ရှေ့ကိုပဲ တစိုက်မတ်မတ် ရှေ့ဆက်တတ်ကြတဲ့ သူတွေပါ။

ခွေး (1934, 1946, 1958, 1970, 1982, 1994, 2006, 2018, 2030)

လူတွေနဲ့ အနီးစပ်ဆုံးတွေဖြစ်တဲ့ ခွေးနှစ်ဖွားတွေဟာ သစ္စာရှိတယ်၊ ရိုးသားတယ်၊ ယုံကြည်အားထားရတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေက ကြီးပွါးချမ်းသာပြီး အောင်မြင်ကျော်ကြားတဲ့ သူတွေ ဖြစ်ကြပါတယ်။

ဝက် (1935, 1947, 1959, 1971, 1983, 1995, 2007, 2019, 2031)

ဝက်နှစ်ဖွားတွေဟာ ရာသီခွင်ရဲ့ နောက်ဆုံး ရာသီခွင်တွေ ဖြစ်သလို အပျင်းကြီးတဲ့ ရာသီခွင်လည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေက ကံတရားကို အရမ်းယုံကြည်သူတွေဖြစ်ကြပါတယ်။ နောက်ပြီး သူတို့တွေဟာ တစ်ခြားသူ ထိခိုက်နစ်နာမယ့် ကိစ္စကို ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ ဒီလို ကောင်းမွန်တဲ့ စိတ်ထားကြောင့်ပဲ သူတို့ရဲ့ ဘဝမှာ ချမ်းချမ်းသာသာနဲ့ နေထိုင်ရတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေက ပေါ့ပေါးပါးပါး နေတတ်ပြီး အကောင်းမြင်စိတ်ရှိတယ်၊ ဘဝကို ပျော်ရွှင်စွာ နေထိုင်တတ်ကြသူတွေပါ။

Khin

sponsored