ချောကလတ်လေးစားပေးရုံနဲ့ရရှိလာနိုင်မယ့် အံ့မခမ်းကျန်းမာရေးကောင်းကျိုးများ

Freepik-freepik
Sponsored

ချောကလတ်စားရင် ၀ိတ်တတ်စေတယ် ၊ ၀က်ခြံထွက်စေတယ် ဆိုတဲ့အချက်ကိုပဲသိခဲ့ရတာဖြစ်ပါတယ်။ ချောကလတ်မှာ ဆိုးကျိုးပဲရှိတာမဟုတ်ပါဘူး ၊ ကောင်းကျိုးတွေလည်းရှိပါတယ်။ ဒီအချက် (၅) ချက်ကတော့ ချောကလတ်ရဲ့ ကျန်းမာရေးဆိုင်ရာ ရရှိမယ့် အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

(၁) လွန်ကဲနေတဲ့ အစားစားချင်စိတ်ကို ထိန်းပေးတယ်

Sponsored

Snack မုန့်တွေကို အလွန်အကဲ စားချင်စိတ်ဖြစ်တဲ့အခါ ကျန်းမာရေးနဲ့ အသင့်တော်ဆုံး ချောကလတ် အမည်းရောင်ကို အစားထိုးစားပေးပါ။ ချောကလတ်က ဗိုက်ပြည့်လွယ်စေတဲ့အပြင် အငန်နဲ့ အချို တောင်းတမှုတွေကိုပါ လျော့ချပေးပါတယ်။

Freepik-freepik

 

(၂) ပင်ပန်းတာတွေ လျော့စေတယ်

Chronic Fatigue Syndrome ကို ခံစားနေရတယ်ဆိုရင် သင့်ရဲ့အစားအသောက်ပုံစံထဲမှာ ချောကလတ်ကို ထည့်စားပေးသင့်ပါတယ်။ နေ့တိုင်း ပုံမှန်ပမာဏနဲ့ ချောကလတ် ကို (၂) လတိတိစားပေးတာက ပင်ပန်း ၊ နွမ်းနယ် တာတွေ လျော့သွားစေပြီး သတင်းကောင်းကတော့ ၀ိတ်လည်းမတတ်လာစေပါဘူး။

READ
မခံမရပ်နိုင်အောင် စိတ်ဖိစီးမှုများနေတယ်ဆိုတာ ခန္ဓာကိုယ်က ဖော်ပြနေတဲ့ လက္ခဏာများ..

(၃) စိတ်ခံစားမှုကောင်းစေတယ်

ဝမ်းနည်းနေတဲ့အချိန် ၊ စိတ်ညစ်နေတဲ့အချိန် ၊ စိတ်ဖိစီးနေတဲ့အချိန်မျိုးမှာ ချောကလတ်ကိုစားပေးပါ။ အကြောင်းကတော့ ချောကလတ်က စိတ်ခံစားချက်ကို ပိုကောင်းစေပြီး ပျော်ရွှင်မှုအရသာကိုပါ ခံစားရစေပါတယ်။

Freepik-freepik

 

 

(၄) နေလောင်ခြင်းကနေ ကာကွယ်ပေးတယ်

ချောကလတ်ကို ပမာဏများများစားတဲ့ အမျိုးသမီးက ချောကလတ်ကို ပမာဏနည်းနည်းစားတဲ့ အမျိုးသမီးထက် နေရောင်ဒဏ်ကို ကြံကြံခံနိုင်ပါတယ်။ တော်ရုံနေရောင်အောက်သွားတာနဲ့ နေလောင်တာမျိုးတွေကနေ ကာကွယ်ပေးပါတယ်။

(၅) နှလုံးကျန်းမာရေးကောင်းစေတယ်

ချောကလတ်မှာပါတဲ့ flavonoids ကတော့ သင့်ရဲ့ သွေးကြော နဲ့ သွေးလွှတ်ကြော တွေကို ငြိမ်သွားစေပါတယ်။ လေ့လာမှု (၇) မျိုးအရ လူပေါင်း ၁၁၄,၀၀၀ ကို ချောကလတ် အမည်းရောင် တစ်ပတ်တိတ်ကျွေးပါတယ်။ ရလဒ်ကတော့ ရုတ်တရက် အမောဖောက်ခြင်းအန္တရာယ်ကနေ ကင်းဝေးသွားတာကိုတွေ့ရပါတယ်။

READ
ချောကလက်ကိတ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းကောင်း
Freepik-freepik

Hannwe Soe

sponsored