Comeback သီချင်းသစ်တွေကို ဖန်သားပြင်မှာ ပထမဆုံးအကြိမ်ဖျော်ဖြေသွားမယ့် CL

Instagram @CHAELINCL
Sponsored

2NE1 ရဲ့အဖွဲ့ဝင်အဖြစ် စပြီး ပရိတ်သတ်တွေရင်ထဲရောက်လာခဲ့တဲ့ CL ကို သဘောမကျတဲ့လူဆိုတာတော့ မရှိသလောက်ပါပဲ။ ၂၀၀၉ ခုနှစ်ကစလို့ ၂၀၁၆ ခုနှစ်အထိ 2NE1 အတွက် CL ဟာ အကောင်းဆုံးရှိနေပေးခဲ့ပြီး တစ်ဖက်မှာလည်း solo artist အဖြစ် သူမရဲ့ အနုပညာလမ်းခရီးမျာ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခုကို စိုက်ထူနေနိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by CL (@chaelincl) on

 

View this post on Instagram

 

A post shared by CL (@chaelincl) on

Sponsored

နောက်ပိုင်း 2NE1 disband ခံလိုက်ရပြီးနောက်မှာလည်း CL အနေနဲ့ Hollywood အထိ solo artist အနေနဲ့ ထိုးဖောက်ဖို့ ဆက်တိုက်ကြိုးစားလာခဲ့တာပါ။ ဒါပေမဲ့လည်း ကြားထဲမှာ သီချင်းအသစ်တွေလည်းမထွက်ဘဲ နှစ်တော်တော်လေးကို ကြာသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီနှစ်ထဲ CL အနေနဲ့ comeback ပြုလုပ်သွားနိုင်ခဲ့ပါပြီ။

READ
ဘဝကိုသူများဝင်စွက်ဖက်မခံပဲ အကောင်းဆုံးထိန်းကျောင်းတတ်ကြတဲ့ အမူအကျင့်များ

 

 

View this post on Instagram

 

A post shared by CL (@chaelincl) on

Comeback အပုဒ်တွေ တစ်ခုပြီးတစ်ခု ဒီရက်ပိုင်းအတွင်း ထုတ်လာခဲ့ရင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့တုန်းကသတင်းတစ်ခုကို ထပ်ပြီးကြေငြာလိုက်ခဲ့ပါတယ်။ အဲဒါကတော့ digital အနေနဲ့ပဲ ထုတ်လာခဲ့တဲ့ သူမရဲ့ comeback သီချင်းတွေကို ဖန်သားပြင်ပေါ်မှာ live အနေနဲ့ တင်ဆက်သွားမှာပါတဲ့။ ထပ်ပြီး သတင်းထူးတာကတော့ အဲဒီလိုဖျော်ဖြေမှုကို CL ဟာ ကမ္ဘာ့နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ The Late Late Show with James Corden မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်တဲ့။

James Corden ရှိုးဟာ နာမည်ကြီးလှပါချည်ရဲ့ဆိုတဲ့ အနုပညာရှင်တွေကိုပဲ ဖိတ်ခေါ်ပြီးတော့ talk show ပုံစံလုပ်ထားတဲ့ ရှိုးတစ်ခုဖြစ်ပြီးတော့ လူကြည့်အများဆုံး ဖျော်ဖြေရေးရှိုးတွေထဲမှာလည်း ပါဝင်လို့နေတာပါ။ ဒီတော့ CL အနေနဲ့ James Croden ရှိုးမှာ ၂၉ ရက်နေ့မှာပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

READ
မိန်းကလေးတိုင်း ဖတ်ကိုဖတ်ကြည့်သင့်တဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ စာအုပ် ၃ အုပ်

အရင်တုန်းကလည်း CL အနေနဲ့ ဒီ ရှိုးမှာပဲ ၂၀၁၆ ခုနှစ်တုန်းက U.S. မှာ solo debut ဖြစ်တဲ့ “Lifted” ဆိုတဲ့ သီချင်းကိုလည်း ဖျော်ဖြေရင်း ဖိတ်ကြားခံခဲ့ရပါသေးတယ်။

penny

sponsored