သင်လုံးဝမသိသေးတဲ့ ဒိန်ချဉ်ရဲ့ အံ့မခန်းအသုံးဝင်ပုံ (၆)မျိုး

Sponsored

ဒိန်ချဉ်ဟာ အလှအပနဲ့ ကျန်းမာရေးအတွက် အရမ်းကို အသုံးဝင်တာကို သိပြီးသားဖြစ်မှာပါ။ နောက်ထပ် သင်မသိသေးတဲ့ ဒိန်ချဉ်ရဲ့အသုံးဝင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆံပင်နှစ်ခွတွေ ပျောက်စေနိုင်

sutterstock

ခေါင်းလျှော်ပြီး ဒိန်ချဉ်အသန့်ကို လိမ်းပေးပြီး ရေဆေးချလိုက်ရုံနဲ့ ဆံပင်နှစ်ခွ ဖြစ်နေတာတွေကို သက်သာစေနိုင်ပြီး ဗောက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၂) ဆီးလမ်းကြောင်း ပိုးဝင်တာကို ပျောက်စေနိုင်

Pexels
Sponsored

ဒိန်ချဉ်က အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အမျိုးသမီး အင်္ဂါ အပြင်ဘက်မှာ ဒိန်ချဉ်သန့်သန့်ကို လိမ်းပေးပြီး ရေနဲ့ သန့်စင်ပေးလိုက်မယ်ဆို ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။

(၃) ပန်းချီဆွဲတဲ့ ဆေးရောင်တွေရနိုင်

You Tube

ဒိန်ချဉ်အသန့်နဲ့ အစားအစာဆိုးဆေးတွေကို ရောလိုက်ရင် ကလေးတွေအတွက် ပန်းချီဆွဲဖို့ ဆေးရောင်တွေ ရပါပြီ။ ဒိန်ချဉ်ရှိရင် ပန်းချီ ဆေးသွားဝယ်ဖို့မလိုတော့ဘူးနော်။

(၄) ခြေထောက်တွေကိုနူးညံ့စေနိုင်

shutterstock

ခြေထောက်တွေအတွက် spa သွားမယ်ဆိုရင် ပိုက်ဆံတော်တော် ကုန်တာပါနော်။ အိမ်မှာပဲ ဒိန်ချဉ်လေးနဲ့ ပေါင်းတင်လိုက်ရုံနဲ့ နူးညံ့လှပတဲ့ ခြေထောက်လေးကို ရနိုင်ပါတယ်။ ခြေထောက်တွေကို သန့်နေအောင်ဆေးပြီး ဒိန်ချဉ်နဲ့ လိမ်းပေးပါ။ နာရီဝက်လောက်ကြာရင် ရေနွေးလေးနဲ့ ဆေးပေးလိုက်ရုံပါပဲ။

READ
သင်သံဓာတ်အားနည်းနေပြီဆိုတာကို ပြတဲ့လက္ခဏာများ

(၅) ခွေးလေးတွေရဲ့အမွေးတွေကို တောက်ပစေနိုင်

Pexels

ခွေးလေးတွေကို ဒိန်ချဉ်နဲ့ ရေချိုးပေးမယ်ဆိုရင် သူတို့အမွေးလေးတွေ တောက်တောက်လေးနဲ့ ကလေးတွေက အရမ်းကို ချောသွားမှာနော်။

(၆) နေလောင်ဒဏ်ရာတွေကို ပျောက်စေနိုင်

Daily Sun

နေလောင်ထားတဲ့နေရာမှာ ဒိန်ချဉ်ကို လိမ်းပေးပြီး နာရီဝက်လောက် ထားပေးလိုက်ရုံနဲ့ နေလောင်ဒဏ်ရာတွေ သက်သာလာရုံမက အသားအရေကို အစိုဓာတ်ဖြည့်ပြီးသား ဖြစ်စေမှာပါ။

MAY THAZINHTOO

 

sponsored