Coach နဲ့ Jlo တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ လက်ကိုင်အိတ်ဒီဇိုင်းသစ်များ

Instagram- @coachofficial
Sponsored

Coach ဆိုတာ ကမ္ဘာကျော် luxury brand တစ်ခုဖြစ်ပါတယ်။ အင်္ကျီအဝတ်အစား၊ ဖိနပ်၊ accessories စတာတွေအကုန်လုံး ထုတ်ထားပေမယ့်လို့ သူ့ကို လူသိများတာကတော့ လက်ကိုင်အိတ်တွေပဲဖြစ်ပါတယ်။ Gigi Hadid တို့လို ကမ္ဘာကျော် celebrity တွေနဲ့လည်း လက်ကိုင်အိတ်တွေ ပူးပေါင်းထုတ်လုပ်လေ့ရှိသလိုပဲ အခုတစ်ခေါက်မှာလည်း ကမ္ဘာကျော်အနုပညာရှင်တစ်ဦးနဲ့ အိတ်တွေကို ပူးပေါင်းထုတ်လုပ်လိုက်ပြန်ပါပြီ။

 

 

View this post on Instagram

 

A post shared by Coach (@coach) on

Sponsored

အဲဒါကတော့ Jlo နဲ့ပါ။ Jennifer Lopez ဟာ သူမရဲ့အနုပညာအရည်အချင်းအပြင် ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ စူးရှတဲ့ ဖက်ရှင်အမြင်တွေကြောင့်လည်း အခုအချိန်အထိ လူအများငေးကြည့်အားကျစရာအမျိုးသမီး ဖြစ်နေဆဲပါပဲ။ အခုလည်း Coach နဲ့ အတူတူ collaborate လုပ်ပြီး special-edition Hutton အိတ်တွေကို ဖန်တီးခဲ့ပါတယ်။ Co-designer ကတော့ creative director Stuart Vevers က တာဝန်ယူထားပါတယ်။

READ
"aespa" က အဖွဲ့ဝင်တစ်ဦးရဲ့ animation ပုံဟာ Lisa ကိုကြည့်ဆွဲခဲ့တာလားဆိုပြီး အငြင်းပွားနေခဲ့
Coach
Coach
Coach
Coach

Jlo ဟာ ကိုယ်ပိုင်ဟန်တွေနဲ့အတူ အိတ်တွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် တခြားဒီဇိုင်းတွေနဲ့ ဆင်တောင်မဆင်ဘဲ တမူထူးခြားနေပါတယ်လို့ Stuart Vevers ကပြောပါတယ်။ ဒီဇိုင်းတွေထဲမှာ နွားသားရေ၊ မြွေအရေခွံတို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ ဘယ်လိုအဝတ်နဲ့မဆို၊ ဘယ်ကိုပဲသွားသွား လိုက်ဖက်ညီစေမယ့် ပုံစံမျိုးဖြစ်အောင် ဒီဇိုင်းကို ဖန်တီးထားတာလည်းဖြစ်ပါတယ်။

Coach
Coach
Coach

Coach X Jennifer Lopez တို့ရဲ့ Hutton Bag တွေကိုတော့ တစ်လုံးကို စင်္ကာပူဒေါ်လာ ၉၅၀ နဲ့ website မှာ ရောင်းချလျက်ရှိနေပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo) on

 

 

View this post on Instagram

 

A post shared by Coach (@coach) on

penny

sponsored