“Coffee Prince” သရုပ် ဆောင် တွေ ပါဝင်ထားတဲ့ Documentary Teaser ထွက်ရှိ

Image:IG/mbc/Kim Jae Wook/Yoon Eun Hye
Sponsored

‘Coffee Prince’ ကိုရီးယား ဒရမ်မာ စီးရီးက တော့ (၂၀၀၇)ခုနှစ်က ပြသ ခဲ့တဲ့ ဇာတ်ကားပါ။အဲ့ဒီ  အချိန် တုန်းက ဆိုရင် အာရှ တစ်လွှားမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကား ကောင်း လေး ဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား ကိုတော့ (၂၀၀၇)ဇူလိုင် (၂)ရက်နေ့မှာ စတင်ပြသခဲ့ပြီး (၂၀၀၇) သြဂုတ် (၂၇) အထိ MBC မှာ ပြသ ခဲ့တာပါ။‘Coffee Prince’ လို့ အမည်ရတဲ့ ၀တ္ထု ကိုပဲ  ဒရမ်မာ ဇာတ်ကား အဖြစ် ပြန်ရိုက်တာပါ။ဒီကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့ Documentary ကို တော့ MBC က နေ ပြသ တော့မယ့်အ ကြောင်းကို Soompi မှာ ဖော်ပြထား ပါတယ်။

Sponsored

Documentary အတွက် ပြင်ဆင် နေတဲ့ အ ကြောင်းကိုတော့ MBC က နေ ပြီးခဲ့တဲ့ လတည်းက အသိ ပေး ခဲ့တာပါ။အခု က တော့ Teaser ဗီဒီယိုဖိုင် ထွက်လာတာပါ။‘Coffee Prince’ ဇာတ်ကားမှာတော့ Gong Yoo, Yoon Eun Hye, Lee Sun Gyun နဲ့ တခြား သရုပ်ဆောင်ေ တွ အများကြီး ပါဝင် ထားတာပါ။teaser  မှာ တော့, Gong Yoo, Yoon Eun Hye, Lee Sun Gyun, Kim Jae Wook, Kim Dong Wook, Chae Jung An တို့ က  ကော်ဖီ ဆိုင် ထဲ အလည် ရောက်လာတဲ့ အခန်း တွေ ပါဝင် ပါတယ်။

READ
သရုပ်ဆောင်တင်မဟုတ်ပဲ Rap ရွတ်တဲ့နေရာမှာလည်းတော်တဲ့ ဆောင်ဂျွန်ကီ

ဒီ Documentary မှာ တော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေ (၁၄)နှစ်အကြာ မှာ ဘယ်လို ပြန်လည် ဆုံ တွေ့ ကြမလဲ ဆိုတာကို ကြည့်ရမှာပါ။‘Coffee Prince’ သရုပ်ဆောင် မင်းသား Gong Yoo က တော့  လက်ရှိ အချိန် မှာလည်း အောင်မြင်တဲ့ မင်းသား တစ်ယောက် အဖြစ် နဲ့ ဆက်လက် ရပ်တည် နေတုန်းပါ။

မင်းသမီး Yoon Eun Hye က တော့ နောက်ပိုင်းမှာ ဒရမ်မာကားနဲ့ ရုပ်ရှင်ကားရိုက်တွေ သိသိသာသာကြီးကို နည်း သွား တာကိုေ တွ့ရပါတယ်။ Love Alert ဆိုတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲ ဆိုရင် လည်း ထင်သ လောက် မ  ပေါက် ခဲ့ပါဘူး။

မင်းသား Kim Jae Wook က တော့ အဲ့ဒီတုန်းက ထက် လက်ရှိ မှာ ပိုပြီး အောင်မြင် နေပါတယ်။သူ့ရဲ့ Voice, The Guest,  Her Private Life  ဆိုတဲ့ ဇာတ်ကားတွေ က တော့ ပရိသတ် ကြားမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။

 

View this post on Instagram

 

신납니다

A post shared by 김재욱 (@jaeuck.kim) on

#AUNTYMAY

sponsored