ကော်ဖီကို ဖျော်သောက်ရုံအပြင် အလှအပနဲ့ အိမ်အတွက်ပါ သုံးလို့ရမယ့် တခြားနည်းများ

Freepik- valeria_aksakova
Sponsored

ကော်ဖီဆိုရင် ဖျော်သောက်ဖို့နဲ့ မုန့်လုပ်ဖို့လောက်ပဲ သိထားကြတယ်မဟုတ်လား။ ကော်ဖီမှာ အလှအပအတွက်ရော၊ အိမ်တွင်းအသုံးပြုမှုအတွက်ရော စသဖြင့် တခြားသောအရာတွေလည်း အများကြီးပြုလုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။

ကော်ဖီနဲ့ မျက်နှာချေးချွတ်ခြင်းကိုလည်း ကော်ဖီမှုန့်နဲ့ပြုလုပ်နိုင်ပါတယ်။ ကော်ဖီုမှုန့်၊ အုန်းဆီတို့ကို အချိုးကျရောကာ scrub အဖြစ် အသုံးပြုနိုင်ပါတယ်။

Sponsored

မလာစေချင်တဲ့နေရာမှာ ကော်ဖီမှုန့် ဖြန်းပေးခြင်းဖြင့် ကြောင်တွေကို မောင်းထုတ်လို့ရပါတယ်တဲ့။

ကော်ဖီဟာ သစ်သားတွေကို တောက်ပြောင်စေတဲ့ သဘာဝ polish တစ်မျိုးပါ။ နှပ်ကော်ဖီလိုမျိုးဆိုရင် ကော်ဖီဖျော်ပြီးလို့ကျန်နေတဲ့ အဖတ်တွေကို သုံးပြီး တိုက်လို့ရပါတယ်။

Freepik- freepik

အိမ်ထဲ ညှော်တွေပြည့်နေတဲ့အခါ အဲကွန်းနားမှာ ကော်ဖီမှုန့်တွေကို စိုစွတ်အောင်လုပ်ပြီး ထားနိုင်ပါတယ်။ သဘာဝ air freshener ပေါ့။

နှပ်ထားတဲ့ကော်ဖီရေနဲ့ ဆံပင်ကို မိန်စ ၂၀ လောက် ပေါင်းတင်ပေးခြင်းဖြင့် ပျော့်ပြောင်းမည်းနက်စေပါတယ်။ တစ်ပတ်တစ်ခါပြုလုပ်ပါ။

နှပ်ပြီးသားကျန်တဲ့ ကော်ဖီအဖတ်တွေမှာ nitrogen ဓာတ်ပြည့်ဝနေတဲ့အတွက် အကောင်းဆုံး မြေသြဇာဆိုလည်း မမှားပါဘူး။

Freepik- thongden_studio

ခွေးလေးတွေမှာရှိနေတဲ့ သန်းတွေကိုလည်း ကော်ဖီမှုန့်နဲ့ ပွတ်ပေးခြင်း ဒါမှမဟုတ် ကျန်တဲ့ကော်ဖီအဖတ်၊ ကော်ဖီရည်တို့ရဲ့ရေချိုးပေးတဲ့အခါ သေစေနိုင်ပါတယ်။

ပျိုမေတို့ရဲ့ပေါင်လေးတွေမှာရှိနေတဲ့ cellulite လို့ခေါ်တဲ့ အဆီချိုင့်လေးတွေကို ကော်ဖီနဲ့ရေချိုးတိုင်ပွတ်ပေးခြင်းဖြင့် ချောမွေ့လာစေမှာပါ။

READ
အရသာရှိတဲ့ ကိုးရီးယား ရေဘဝဲ ချဉ်စပ်ချက်စားကြည့်ကြမယ်
Freepik- user6370240

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို ပျောက်ကင်းဖို့အတွက် ကော်ဖီနှပ်ဖျော်ပြီးကျန်တဲ့အဖတ်တေကို ထားထားပေးလိုက်ပါ။

ဒီအပြင် လက်မှာကျန်နေတဲ့ အနံ့ဆိုး ဥပမာ ငါးညှီနံ့လိုမျီုးတွေကိုလည်း ကော်ဖီကြမ်းနဲ့ ပွတ်ဆေးပေးရင် ပျောက်ကင်းပါတယ်တဲ့။

penny

sponsored