ပိုက်ဆံအိတ် အရောင်တွေနဲ့ ပတ်သတ်ဆက်နွယ်တဲ့ သူတို့ရဲ့အဓိပ္ပာယ်များ

shutterstock/Moustache Girl
Sponsored

ပိုက်ဆံတွေ လက်ထဲဝင်လာပေမယ့်လည်း ဘယ်လိုကုန်မှန်းမသိ ကုန်သွားတာမျိုး ဒါမှမဟုတ် ဘယ်လိုမှကို ပိုက်ဆံကလက်ထဲဝင်မလာပဲ ပြတ်လပ်နေတာမျိုးတွေ ကြုံဖူးကြလား။ ဒါတွေက အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။ တစ်ကယ်လို့ သင့်ဟာ ငွေရေးကြေးရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲမျိုးတွေ ကြုံတွေ့နေရတယ်ဆိုရင် သင့်ပိုက်ဆံအိတ်အရောင်လေးကို ဂရုစိုက်ပြီး ပြောင်းလဲကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါမျိုးက မယုံမရှိနဲ့နော်။ admin ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမို့ ဒီနေ့မှာတော့ သင့်ထံကို ပိုက်ဆံတွေအများကြီးဝင်လာအောင် စွမ်းဆောင်ပေးမယ့် ပိုက်ဆံအိတ်အရောင်တစ်ချို့နဲ့ ရှောင်ရှားသင့်တဲ့ ပိုက်ဆံအိတ်အရောင်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

(၁) အနက်ရောင်

shutterstock/Moustache Girl
Sponsored

အနက်ရောင်ကတော့ ကျား၊မ မရွေး အသုံးပြုနိုင်ကြပြီး လူတိုင်းအသုံးများကြတဲ့ အရောင်ပါ။ အနက်ရောင်ကတော့ “ချမ်းသာကြွယ်ခြင်း” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ လက်ရှိလုပ်ငန်းခွင်မှာ တိုးတက်ပြောင်းလဲချင်တာမျိုး၊ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ပြောင်းလဲချင်တာမျိုး အစရှိတဲ့ တိုးတက်ပြောင်လဲမှုမျိုးတွေလုပ်ချင်ရင်  အနက်ရောင် ပိုက်ဆံအိတ်သုံးဖို့ အကြံပေးချင်ပါတယ်။

(၂) အနီရောင်

shutterstock/Moustache Girl

အနီရောင်ကတော့ “မီး” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ပိုက်ဆံအိတ်ရွေးချယ်ဝယ်ယူတဲ့ နေရာမှာ အနီရောင်ကို မရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်လက်ထဲကို ပိုက်ဆံတွေမြောက်များစွာဝင်လာခဲ့ရင်တော့ အကြောင်းပြချက်မရှိပဲ အလွယ်တကူကုန်သွားတာမျိုး ဒါမှမဟုတ် ပိုက်ဆံလုံးဝမဝင်ပဲ ပြတ်လပ်သွားတာမျိုးတွေ ကြုံရတက်ပါတယ်။ ဒါကြောင့် အနီရောင်ပိုက်ဆံအိတ်ကို လုံးဝအသုံးမပြုမိရောင် တက်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

READ
ဆံပင်ကျွတ်ပြီး အဖျားရှူးလာတာကို ပြန်လည်ပြုပြင်ပေးမယ့် အလွယ်ဆုံး ပေါင်းတင်နည်း (၄)မျိုး

(၃) အပြာရောင်

shutterstock/Africa Studio

အပြာရောင်ကတော့ “ရေ” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ရေဆိုတဲ့သဘောအတိုင်းပဲ ပိုက်ဆံတွေက သင့်အိတ်ထဲမှာ ကြာရှည်မခံပဲ ဒလဟောထွက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြာရောင်ရှိတဲ့ပိုက်ဆံအိတ်ကို မသုံးမိအောင် ရှောင်ရှားသင့်ပါတယ်။

(၄) အညှိရောင်

shutterstock/Ann Haritonenko

အညှိရောင်ကတော့ “မြေဓာတ်” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ သင်ဟာ ပိုက်ဆံစုချင်လို့ပဲဖြစ်ဖြစ် ၊ ပိုက်ဆံကိုချွေတာ မသုံးတက်တဲ့အကျင့်ရှိရင်ပဲဖြစ်ဖြစ် အညှိရောင်က သင့်ကို ပိုက်ဆံအလွယ်တကူ မကုန်စေနိုင်ပဲ ပိုက်ဆံစုမိဖို့ ကူညီပေးပါလိမ့်မယ်။

(၅) ပန်းရောင်နဲ့ခရမ်းရောင်

shutterstock/Moustache Girl

ပန်းရောင်ကတော့ ပျိုမေတော်တော်များများ နှစ်သက်ပြီး မိန်းကလေးဆန်တဲ့အရောင်လေးပါ။ ခရမ်းရောင်ဟာဆိုရင်လည်း ဒီ ၂၀၂၀ ခုနှစ်အတွင်း ပျိုမေတွေကြားမှာ ခေတ်အစားဆုံး အရောင်တစ်ရောင်ပါ။ သင်ဟာ အချစ်စစ်ကိုရှာချင်လို့ပဲဖြစ်ဖြစ်၊ သင့်ကောင်လေးရဲ့အချစ်တွေ ဒီထက်ပိုတိုးအောင် လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ အချစ်ရေးမှာ အဆင်ပြေချင်ရင်ပဲဖြစ်ဖြစ် ပန်းရောင် (သို့) ခရမ်းရောင်ပိုက်ဆံအိတ်ကလေးကို အသုံးပြုဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ဒါပေမယ့် စီးပွားလာဘ်လာဘ တိုးပွားချင်ရင်တော့ ပန်းရောင်(သို့) ခရမ်းရောင်အိတ်ကို လုံးဝအသုံးမပြုသင့်ပါဘူးနော်။

READ
အချိန်တိုအတွင်း ဗိုက်ချပ်စေတဲ့ အသက်ရှုလေ့ကျင့်ခန်း

(၆) အစိမ်းရောင်

shutterstock/Victoria Chudinova

အစိမ်းရောင်ကတော့ “ဘဝနဲ့ ရှင်သန်ခြင်း” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ပိုက်ဆံအိတ်ကို အစိမ်းရောင်ပါတာသုံးမယ်ဆိုရင်တော့ သင့်ရဲ့ဝင်ငွေတွေကို တိုးပွားစေပါတယ်။ သင့်ရဲ့ စီးပွားရေးနဲ့ပတ်သတ်တဲ့ အကြံဥာဏ်တွေ တိုးပွားချင်ရင်ပဲဖြစ်ဖြစ်၊ အခွင့်အလမ်းကောင်းတွေ ရချင်ရင်ပဲဖြစ်ဖြစ် အစိမ်းရောင် ပိုက်ဆံအိတ်ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

(၇) အဝါရောင်

shutterstock/Victoria Chudinova

အဝါရောင်ကတော့ “ပေါကြွယ်ဝခြင်း” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ အဝါရောင်ပိုက်ဆံအိတ်ကို အသုံးပြုမယ်ဆိုရင်တော့ သင့်ထံ အကြောင်းအရင်မျိုးစုံနဲ့ ဘက်ပေါင်းစုံက ပိုက်ဆံတွေ ဝင်လာမှာဖြစ်ပါတယ်။

အခုဆိုရင် ဘယ်လိုပိုက်ဆံအိတ်အရောင်တွေက ပျိုမေတို့အတွက် အသုံးဝင်မလဲဆိုတာ သိလောက်ပြီပေါ့နော်။ ကိုယ်လက်ရှိကိုင်နေတဲ့အိတ်လေးကိုလည်း comment မှာမျှဝေခဲ့ပါဦး။

ET

sponsored