ရာသီဥတု သာယာတဲ့ နေ့တွေမှာ သင့်ကို အမိုက်စားဖြစ်စေမယ့် အရောင်များ

Freepik.com
Sponsored

ကောင်းကင်ကြီးက ပြာလို့ တိမ်တွေကလည်း လှလို့ဆိုတဲ့ အချိန်မှာ သင်လည်း ကွက်တိလိုက်ဖက်တဲ့ ဖက်ရှင်တွေသာ တွဲလိုက်ရင်တော့ ပြီးပြည့်စုံတဲ့ နေ့ကလေးကို ပိုင်ဆိုင်ရမှာပါ။ အဲ့လို ပြီးပြည့်စုံတဲ့အခါ လူငယ်တွေအတွက် ပျော်စရာ ဓာတ်ပုံလေးတွေလည်း ရိုက်ကူးလို့ ရပါသေးတယ်။ ဒီတော့ ရာသီဥတု ကြည်လင်ပြီး သာယာနေတဲ့အခါ အခုဖော်ပြမယ့် အရောင်တွေကို သင့်ကို ပိုပြီး အမိုက်စား ဖြစ်သွားစေမှာပါနော်။

(၁) အဖြူရောင်

Sponsored

အဖြူရောင်ကိုမှ ခပ်လွင့်လွင့် ဖြူဖြူ အရောင်လေးတွေက သင့်ကို စိတ်တွေကို လန်းဆန်းစေပါတယ်။ ပေါ့ပါးမှု၊ လန်းဆန်းမှုနဲ့ သစ်လွင်မှုတွေ ခံစားရစေသလို သင့်ကို ပိုပြီးတော့ စမတ်ကျစေပြီး ကြည့်ကောင်းနေစေပါတယ်။

Freepik.com

(၂) ပန်းနုရောင်

ပန်းနုရောင်ကတော့ မိန်းကလေးတွေ အရွေးများကြပါတယ်။ ဒါပေမယ့် ကောင်လေးတွေလည်း ပန်းနုရောင်ဖျော့ဖျော့လေးနဲ့ အသားရောင် ဘောင်းဘီလေးနဲ့ဆို လိုက်ဖက်ပါတယ်။ ကြည်လင်နေတဲ့ ရာသီဥတုမှာ ပန်းရောင်က တစ်မျိုးလေး စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ ရိုးရှင်းတဲ့ အမြင်လည်း ဖြစ်စေပြီး ပျော်ရွှင်မှုကို ရစေတာကတော့ ပန်းနုရောင်ပါပဲနော်။

READ
ဖက်ရှင်ကြောင့် ခေါင်းစားနေသူတွေအတွက်ခေါင်းစည်းပုဝါနဲ့စတိုင်လ်ထုတ်နိုင်မယ့်ပုံစံအလန်းများ
Shutterstock/MRProduction

(၃) မိုးပြာရောင်

ပြာလဲ့လဲ့ ကောင်းကင်အောက်က ပြာလဲ့လဲ့ လူလေးတစ်ယောက်အဖြစ် အပြာနုရောင် အဝတ်တွေက သင့်ကို ဖန်တီးပေးနိုင်ပါတယ်။ ငြိမ်းအေးခြင်းရဲ့ သင်္ကေတလည်း ဖြစ်သလို တက်ကြွခြင်းရဲ့ သင်္ကေတ ဖြစ်နေလို့ မြင်သူတကာကိုလည်း စိတ်ကြည်လင်မှု ပေးနိုင်လို့ သင့်က အများအမြင်မှာ ကြည့်ကောင်းနေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

Pixabay/Pexels

(၄) အနက်ရောင်

အနက်ရောင်က အပူစုပ်တဲ့ အရောင်ဆိုပေမယ့် ပတ်ဝန်းကျင် ကြည်လင်သာယာနေတဲ့ အချိန်ဆို သင့်ကို ထင်းခနဲ ဖြစ်စေတဲ့ အရောင်တစ်ခု ဖြစ်ပါတယ်။ အနက်ရောင် ဖက်ရှင်ကလည်း ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်တစ်ခု ဖြစ်လို့ အနက်ရောင်ကိုမှ လင်းတဲ့အနက်ကို ရွေးရင် သင့်ကို မိမိုက်နေစေမှာပါ။

Photo by Anna Shvets from Pexels

Kham

sponsored