လှဖို့ထက် ပေါ့ပါးတဲ့ဖက်ရှင်ကို ပိုသဘောကျတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားများ

Photo by Andrea Piacquadio from Pexels
Sponsored

မိန်းကလေးတွေက အလှကြိုက်ကြတာ မှန်ပါတယ်။ ဒါပေမယ့် ကြိုက်ပုံကြိုက်နည်းတော့ မတူကြပါဘူး။ တစ်ချို့ကတော့ အမြင်မှာ လှတာကို ပိုပြီး နှစ်သက်စွာ ဝတ်ဆင်တတ်ကြပြီး တစ်ချို့ကတော့ စိတ်နဲ့ ခန္ဓာကို ပေါ့ပါးစေမယ့် အဝတ်တွေကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒီလို ပေါ့ပါးတဲ့ ဖက်ရှင်တွေကိုမှ ရွေးချယ် ဝတ်တတ်တဲ့ မိန်းကလေးတွေကတော့ အခုလို စိတ်ထားမျိုးတွေ ရှိနေတတ်ကြပါတယ်။

(၁) လွတ်လပ်မှုကို မြတ်နိုးတယ်

Sponsored

သူတို့တွေက ချုပ်ချယ်မှုတွေ၊ ဖိနှပ်မှုတွေကို နည်းနည်းမှ သည်းမခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က အဝတ်အစားတွေကိုတောင်မှ သူတို့ကို ချုပ်နှောင်ပြီး မသက်မသာ ဖြစ်စေတဲ့ အဝတ်တွေကို ဘယ်လောက်ပဲ လှပါစေ မရွေးချယ်တတ်ကြပါဘူး။

Photo by Wendy Wei from Pexels

(၂) သွက်လက်တာကို သဘောကျတယ်

READ
ကြမ်းနေတဲ့ ဆံပင်တွေကို ပိုးသားလို နူးညံ့သွားအောင် ထိန်းသိမ်းနိုင်မယ့်နည်း(၅)မျိုး

သူတို့တွေက စိတ်ရော ကိုယ်ရော သွက်လက်နေတာကို သဘောကျတတ်ကြပါတယ်။ ဒါက ကိုယ့်ကိုယ်ကို အပွင့်လင်းဆုံး နေထိုင်တဲ့ နည်း ဖြစ်လို့ သဘောကျတာလည်း ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း တက်ကြွနေတတ်ပြီး ဒီလိုမျိုး သူတို့စိတ်ကိုပါ သွက်လက်စေတတ်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်တွေကိုသာ အမြဲ ဝတ်ဆင်တတ်ကြပါတယ်။

(၃) ဖက်ရှင်အပေါ်အမြင်

သူတို့တွေက အဝတ်အစားဆိုတာ လှဖို့သက်သက် ဝတ်ရတာမျိုး မဟုတ်ဘူးလို့ တွေးကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေက အဝတ်အစားဆိုတာ ရာသီဥတုနဲ့ရော ကိုယ့်ရဲ့ သွားလာလှုပ်ရှားမှုနဲ့ပါ ကိုက်ညီနေမှသာ လှပမှု အမှန်လို့ တွေးကြသူတွေပါ။ ဒါကြောင့် သူတို့က ဖက်ရှင်ကျနတဲ့ အဝတ်တွေကို ရွေးတဲ့အခါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရ မရကို အရင်ဆုံး စစ်ဆေးကြလေ့ ရှိပါတယ်။

READ
မျက်နှာပေါ်က အဆီဖုတွေ၊ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး ဝင်းပစေမယ့် နည်းလမ်း (၅) မျိုး
Photo by Katie E from Pexels

(၄) ဟန်မဆောင်တတ်ကြဘူး

သူတို့တွေက ရိုးသားတာကို မြတ်နိုးတတ်ကြသူတွေ ဖြစ်သလို ရိုးသားစွာ နေထိုင်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့က ဒါကြောင့်လည်း ဟန်မဆောင်နိုင်တဲ့သူတွေ ဖြစ်နေရတာပါ။ သူတို့က လိမ်ဖို့ကို အင်မတန် ဝန်လေးရတာက ရိုးသားတဲ့ ပင်ကိုစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

(၅) ဖော်ရွေတယ်

သူတို့ကတော့ လူတွေကို စိတ်ရင်းအတိုင်း ဆက်ဆံကြသူတွေ ဖြစ်ပြီး ဟန်ဆောင်ဆက်ဆံရေးတွေကိုလည်း သဘောမကျတတ်ကြပါဘူး။ သူတို့က လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံတတ်သလို စိတ်မကြည်တဲ့အခါမှာလည်း ခပ်တည်တည် နေနေတတ်ကြပါသေးတယ်။

Kham

sponsored