ဘန်ကောက်ရောက်ခဲ့ရင် မဖြစ်မနေသွားသင့်တဲ့ Corgi တို့ရဲ့ကမ္ဘာကဖေးလေး

Facebook-Bangkok Foodie
Sponsored

အခုနောက်ပိုင်း ကော်ဖီဆိုင်လေးတွေဖွင့်လာတဲ့အခါ ခေတ်ရဲ့တောင်းဆိုမှုအရ အစားအအသောက်ကောင်းရုံနဲ့တင် မလုံလောက်တော့ပါဘူး။ Instagram ဆန်ဆန် ဓာတ်ပုံရိုက်လို့ရမယ့်နေရာမျိုးတွေ၊ ချစ်စရာကောင်းတဲ့ အပြင်အဆင်မျိုးတွေ ဒါမှမဟုတ်လည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့ အစားအသောက်ပြင်ဆင်ပုံ ခပ်ဆန်းဆန်းလေးတွေရှိမှသာ လူကြိုက်မျာကြတာပေါ့နော်။

ဒါကြောင့်နောက်ပိုင်းမှာတော့ ကဖေးဆိုင်လေးတွေဟာလည်း ဧည့်သည်တွေရဲ့အာရုံကို ဖမ်းစားဖို့အတွက် တစ်မျိုးမဟုတ်တစ်မျိုး ဆန်းသစ်လုပ်ဆောင်လာခဲ့ကြတာပါ။ အခုတစ်ခေါက်မှာတော့ ပျိုမေတို့ကို ဘန်ကောက်က ဓာတ်ပုံရိုက်လို့လည်းကောင်း၊ ပျော်လည်းပျော်ရမယ့် ကဖေးလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Facebook-Bangkok Foodie
Facebook-Bangkok Foodie
Sponsored

အဲဒါကတော့ Corgi တို့ရဲ့ နိဗ္ဗာန်ဘုံလေးအကြောင်းပါ။ Corgi in The Garden ဆိုတဲ့ ကဖေးလေးတစ်ခုပါ။ Kallapaphruek လမ်းမှာ တည်ရှိပြီးတော့ ကော်ဖီသောက် မုန့်စားလို့ရတဲ့အပြင် တခြားသော တိရိစ္ဆာန်လေးတွေနဲ့ကဖေးတွေလို corgi လေးတွေနဲ့လည်း ဆော့ကစားနိုင်မှာပါ။

Facebook-Bangkok Foodie

https://www.facebook.com/foodiebangkok/posts/776426386263722

Corgi လေးတွေနဲ့ တွေ့ဖို့ကိုတော့ တစ်နေ့မှာ ၄ ကြိမ် အချိန်နဲ့သတ်မှတ်ထားတာဖြစ်ပြီး တစ်ချိန်ကို ၁ နာရီခွဲပေးပါတယ်တဲ့။ နောက်သူတို့လေးတွေကို မုန့်ကျွေးချင်ရင်လည်း ဆိုင်မှာပဲ သတ်မှတ်ထားတဲ့ မုန့်လေးတွေဝယ်ပြီး ကျွေးနိုင်တယ်လို့ပြောထားပါတယ်။

READ
ဒေါ်လာ ၆၄ သန်းတန် စိန်ပွင့်အစစ်တွေပါတဲ့ ကိတ်မုန့်ကိုဖန်တီးပြီး စံချိန်ချိုးခဲ့သူ အမျိုးသမီး.....
Facebook-Bangkok Foodie
Facebook-Bangkok Foodie

နောက် အဲဒီကဖေးက ရေခဲမုန့်နဲ့ ကိတ်မုန့်တွေဟာလည်း တော်တော်လေးကိုစားလို့ကောင်းပါတယ်တဲ့လေ။

penny

sponsored