ဝက်ခြံနဲ့ အမာရွတ်တွေ ပျောက်ကင်းစေပြီး နောက်ထပ်လည်း ဖြစ်မလာစေမယ့် ကုသနည်း

shutterstock/ Boyloso
Sponsored

ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ ဝက်ခြံတွေကြောင့် အမာရွက်တွေ ကျန်နေခဲ့လို့ စိတ်ညစ်နေတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဝက်ခြံတွေလည်း ထပ်မဖြစ်လာအောင် တားဆီးပေမယ့် ရှိနေတဲ့ ဝက်ခြံအမာရွက်တွေကိုလည်း ကုသနိုင်မယ်ဆိုတော့ ဒီ့ထက်အဆင်ပြေတဲ့ နည်းက ရှိမယ်တောင် မထင်ပါဘူးနော်။ ဒီတော့ ဘယ်လိုမျိုး ထိန်းသိမ်ရမလဲဆိုတာ တစ်ချက်ကြည့်ကြည့်လိုက်နော်။

မျက်နှာအလွန်အကျွံ မသစ်ပါနဲ့

shutterstock/liza54500

လူတော်တော်များများ ထင်နေကြတာက မျက်နှာသန့်ရှင်းနေရင် ဝက်ခြံတွေ မဖြစ်ပေါ်စေဘူးဆိုပြီးတော့ မျက်နှာခဏခဏ သစ်တတ်ကြတာပါ။ တကယ်တော့ မျက်နှာခဏခဏ သစ်တာဟာ အသားရေကို ပျက်စီးစေပြီးတော့ မျက်နှာသစ်ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် sensitive skin ဖြစ်သွားစေနိုင်လို့ပါ။ ဒါကြောင့် မျက်နှာခဏခဏသစ်တတ်တဲ့သူဆိုရင် မနက်စောစော တစ်ကြိမ်၊ နေ့ခင်းဘက်တစ်ကြိမ်နဲ့ ညအိပ်ခါနီးတစ်ကြိမ်ဆို လုံလောက်ပါပြီ။ မျက်နှာသစ်ဆေးကို နူးညံပြီး moisturizer ပါတဲ့ မျက်နှာသစ်ဆေးမျိုး အသုံးပြုပါ။

မျက်နှာကို လက်နဲ့မထိပါနဲ့

Sponsored

ဒါကတော့ တော်တော်လေး ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ့် နည်းတစ်ခုပါ။ လူတောတော်များများက မျက်နှာကို လက်နဲ့ပွတ်သပ်တာ၊ ကိုယ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး လက်မှာကပ်နေတဲ့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပိုပိုဖြစ်လာစေပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာကို လက်နဲ့ထိတာမျိုးတွေကို အတတ်နိုင်ဆုံး မလုပ်မိအောင် ရှောင်ပါ။

READ
ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ

မုန့်ဖုတ်ဆိုဒါ

shutterstock/ EKramar

မုန့်ဖုတ်ဆိုဒါနဲ့ ရေအနည်းငယ်ကို စေးပျစ်သွားအောင် ရောနှောပြီးတော့ မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်ခန့် လိမ်းပေးထားလိုက်ပါ။ မုန့်ဖုတ်ဆိုဒါက သဘာဝ ကြေးချွတ်ဆေးဖြစ်တာကြောင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆားဝက်ခြံ၊ ဝက်ခြံအဖြူဆံလေးတွေနဲ့ ဝက်ခြံတွေကို သက်သာစေပြီး မျက်နှာလေးကို ချောမွေ့ဖြူလာစေမှာ ဖြစ်ပါတယ်။

မိတ်ကပ်တွေပဲ အမြဲမလိမ်းပါနဲ့

မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်စေတဲ့အတွက် ဝက်ခြံဖြစ်လွယ်ပြီး အသားအရေကို ပျက်စီးစေတာပါပဲ။ ဒါကြောင့် အပြင်တွေဘာတွေက ပြန်လာရင် မိတ်ကပ်ကိုသေချာဖျက်ပြီး အသားအရေကို ပြန်ဂရုစိုက်သင့်ပါတယ်။ အမြဲတမ်း မိတ်ကပ်လိမ်းနေတာမျိုးမဟုတ်ပဲ တစ်ခါတစ်လေလည်း မိတ်ကပ်မလိမ်းပဲ အသားအရေကို ပြန်လည်အားဖြည့်သင့်ပါတယ်နော်။

အိပ်ရေးဝဝအိပ်ပါ

shutterstock/ aslysun

အိပ်ရေးပျက်ခြင်းက အသားအရေကို ထိခိုက်စေပြီး ဝက်ခြံဖြစ်လွယ်ပါတယ်။ နောက်ပြီး ညဘက်မှာ အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ ဟော်မုန်းတွေအများဆုံး ထွက်တဲ့အတွက် ညဘက်မှာ ကောင်းကောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံး လူတစ်ယောက်ဟာ ခြောက်နာရီကနေ ရှစ်နာရီအထိ ပုံမှန်အိပ်စက်ဖို့ လိုအပ်ပါတယ်။

READ
မာလကာရွက်ကို ဒီလိုသုံးပေးရင် ပြစ်မျိုးမှည့်မထင် မျက်နှာလေးကို ပိုင်ဆိုင်ရမှာပါ...

ပင်လယ်ဆား

ဝက်ခြံတွေကို သက်သာစေမယ့် ပင်လယ်ဆားကို ရေအနည်းငယ်နဲ့ ရောနှောပြီး ဝက်ခြံရှိတဲ့နေရာတွေမှာ လိမ်းပြီးအိပ်လိုက်ပါ။ ဒါက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပြီး ဝက်ခြံတွေကို သက်သာလာစေမှာပါ။ ဒါပေမယ့် ဆားက ရေဓာတ်ကို ခမ်းခြောက်စေတဲ့အတွက် မနက်ဘက်မှာ moisturizer လေးလိမ်းပေးဖို့ လိုအပ်ပါတယ်။

နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေအတွက်

shutterstock/Boyloso

နီရဲ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေအတွက်ဆိုရင်တော့ hydrocortisone cream လေးကို ဝက်ခြံရှိတဲ့နေရာမှာ အနည်းငယ်သာ လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒီ cream က chemical ပစ္စည်းပါဝင်တဲ့ အမျိုးအစားဖြစ်ပြီးတော့ နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေအတွက် ကောင်းမွန်စေပါတယ်။ တစ်ညလုံးထားပြီး မနက်ဖက်မှာ မျက်နှာသစ်သန့်စင်ပေးရမှာပါ။

အရမ်းကို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ ဝက်ခြံတွေအတွက်ဆိုရင်တော့ အရေပြား ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ ဒါမှ ကိုယ့်အသားအရေကို ဘယ်လိုမျိုး ကုသရမယ်ဆိုတာကို သေချာသိနိုင်မှာပါ။ ဝက်ခြံအနည်းငယ်ရှိပြီး အရမ်းကြီးမဆိုးဝါးဘူးဆိုရင်တော့ အပေါ်က နည်းလမ်းလေးတွေကို အသုံးပြုလို့ ရပါတယ်နော်။

Khin

sponsored