ကလေးလေးတွေအတိုင်း မျိုးစုံအောင်ကဲနေကြတဲ့ ပန်ဒါလေးတွေရဲ့ချစ်စဖွယ်ဗီဒီယို

YouTube_Pandapia
Sponsored

ဒီအကောင်လေးတွေကို မချစ်တဲ့လူတွေဘယ်သူရှိမှာလဲနော်။ လက်ရှိမှာတော့ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံ အနည်းစုမှာပဲ တွေ့ရတော့တဲ့ ပန်ဒါလေးတွေဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနဲ့ ချစ်ဖို့အကောင်းဆုံး သတ္တဝါလေးတွေဆိုရင်လည်းမမှားပါဘူး။

Pandapia ဆိုတဲ့ YouTube channel ကနေပြီး ပန်ဒါလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးတွေကို တင်တင်ပေးနေတဲ့ channel တစ်ခုပါ။ ပန်ဒါလေးတွေဟာ တကယ်လူကလေးလေးတွေလိုပဲ သိတတ်ဥာဏ်ရှိနေတဲ့အလား သူတို့ရဲ့အပြုအမူလေးတွေဟာလည်း တော်တော်လေးကို အံ့သြဖို့ကောင်းနေပါတယ်။ နောက် အရမ်းလည်း အဆော့သန်သလို သူတို့ကို စောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း အရမ်းကို တွယ်ကပ်တတ်ကြပါသေးတယ်။

YouTube_Pandapia
Sponsored

အခုလည်း Pandapia YouTube Channel မှာ တင်ထားတဲ့ ဗီဒီယိုလေးတစ်ခုကိုဖော်ပြပေးချင်ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ပန်ဒါလေးတွေရဲ့ ခြံထဲက သစ်ရွက်ခြောက်တွေကို ရှင်းပေးဖို့ ဝန်ထမ်းဖြစ်သူက ခြံထဲကိုဝင်ဖို့အတွက် ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ ပန်ဒါလေးတွေဟာ ဝန်ထမ်းကို တွေ့ပြီဆိုတာနဲ့ အဲဒီတံခါးနားကကို မခွာတော့ဘဲ စုပြုံပြီးနေနေပါတယ်။ သူတို့ရှိနေတဲ့အတွက် ဝန်ထမ်းကလည်း တံခါးကို ဖွင့်မရပါဘူး။ ဒါကြောင့်သူတို့ကို အာရုံလွဲအောင် အမျိုးမျိုးလုပ်ပြီးမှ ခြံထဲကို ခက်ခက်ခဲခဲဝင်လာခဲ့ရတာပါ။

READ
တော်ဝင်မင်္ဂလာပွဲကို ဘုရင်မကြီးမှ ခွင့်ပြုကြောင်း လက်ရေးမူအမိန့်ဖြင့် အတည်ပြု
YouTube_Pandapia

YouTube_Pandapiaနောက် ခြံထဲရောက်တော့လည်း သစ်ရွက်ခြောက်တွေကို လှည်းကျင်းဖို့လုပ်တာကို အဲဒီ ပန်ဒါလေးတွေကြောင့် ဘယ်လိုမှ လဲလို့မရဘူး။ ဝန်ထမ်းရဲ့ခြေထောက်ကိုသွားဖက်ကလိုက်၊ သစ်ရွက်ပုံတွေထဲ သွားဆော့လိုက်၊ သစ်ရွက်ခြောက်တွေထည့်ထားတဲ့ တောင်းထဲကိုဝင်ဆော့လိုက်နဲ့ တော်တော့်ကိုသောင်းကျန်းတဲ့ ပန်ဒါလေးတွေပေါပဲ။

YouTube_Pandapia

မသိရင် ကလေးဆိုးလေးတွေကို ထိန်းနေရတဲ့ မူကြိုကျောင်းကဆရာမတွေလိုပဲ။ ကဲပြောနေတာကြာတယ်၊ ဗီဒီယိုလေးကို အတူတူကြည့်လိုက်ကြရအောင်နော်။

penny

sponsored