ပျိုမေတို့ လိုက်ညှပ်လို့ရမယ့် အာရှသူလေးတွေနဲ့ အလိုက်ဖက်ဆုံးဆံပင်အတိုပုံစံ(၈)မျိုး

Sponsored

လက်ရှိကိုယ့်ပုံစံကို မကြိုက်တော့ဘူး၊ ကိုယ့်ကိုယ်ကို ပြောင်းလဲချင်တယ်ဆိုတဲ့သူလေးတွေကို ဆံပင်ပုံစံပြောင်းဖို့အကြံပေးချင်ပါတယ်။ ဆံပင်အရှည်ထားရတာ ကြာလာလို့ ငြီးငွေ့နေတယ်၊ ပုံစံအသစ်လေးပြောင်းချင်တယ် ဆိုတဲ့ ပျိုမေတို့အတွက် အာရှသူလေးတွေနဲ့အလိုက်ဖက်ဆုံး ဆံပင်အတိုပုံစံလှလှလေးတွေကိုဖော်ပြလိုက်ပါတယ်။

(၁) ဘေးခွဲဆံမြိတ်

ဘေးခွဲဆံမြိတ် ပုံစံလေးက နူးညံ့ပြီး မိန်းကလေးဆန်တဲ့ပုံစံလေးမို့ ဒီလိုဆံပင်ပုံစံလေး ထားမယ်ဆိုရင် ချစ်စရာကောင်မလေးတစ်ယောက် ဖြစ်သွားစေမှာပါ။

pinterest
pinterest
pinterest

(၂) ဆံပင်ဂုတ်ဝဲအဖောင်း

Sponsored

ဆံပင်အတိုဆိုပေမယ့် သပ်ရပ်ပြီး တည်ငြိမ်တဲ့ပုံစံ၊ လူကြီးဆန်တဲ့ ပုံစံလေးဖမ်းလို့ကောင်းတဲ့ ဆံပင်ပုံစံလေးပါ။ အလုပ်ခွင်ဝင်နေတဲ့ ပျိုမေတို့နဲ့လည်း လိုက်ဖက်တာကြောင့် ဆံပင်ဂုတ်ဝဲညှပ်ရင် ကလေးဆန်သွားမှာစိုးလို့ဆိုပြီး တွေးတတ်သူလေးတွေ ဒီပုံစံလေးညှပ်လိုက်နော်။

pinterest
pinterest
pinterest

(၃) ဆံပင်အတိုအကပ်

ဆံပင်အတိုအကပ် ဆိုပေမယ့် အရှေ့ဘက် ဆံမြိတ်က ရှည်ရှည်ချွန်ချွန် ပုံစံလေးမို့ ကြည့်လိုက်တာနဲ့ အရမ်းမိုက်နေရောပဲ။

pinterest
pinterest
pinterest

(၄) ယောကျာ်းဆန်ဆန် ဆံပင်အတို

ယောကျာ်းလေးဆန်တဲ့ ဆံပင်အတို ပုံစံလေးကလည်း အရှေ့တိုင်းသူတွေနဲ့ လိုက်ဖက်ပြီး အမှီအခိုကင်းတဲ့ ပုံစံမျိုးဖြစ်စေမှာပါ။

READ
မျက်ခုံးမွေးလေးတွေကို အချိန်တိုအတွင်းမှာ ထူထဲလာစေမယ့် သဘာဝနည်းလမ်း (၅)မျိုး
pinterest
pinterest
pinterest

(၅) ဆံမြိတ်အတိ

တည်ငြိမ်ပြီး မိန်းကလေးဆန်တဲ့ဆံမြိတ်အတိဆံပင်ပုံစံလေးကလည်း အာရှသူလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ပုံစံလေးမို့ ဆံမြိတ်အတိမထားဖူးရင် တစ်ခါလောက် ထားကြည့်သင့်ပါတယ်။

pinterest
pinterest
pinterest

 

(၆) ဂုတ်ဝဲအရှည်

အတိုတော့ ညှပ်ချင်တယ်၊ အရမ်းတိုသွားရင်လည်း မနေတတ်မှာ စိုးတယ်ဆိုတဲ့ သူလေးတွေအတွက် ဆံပင်ဂုတ်ဝဲ အရှည်လေး ညှပ်လို့ ရပါတယ်နော်။

pinterest
pinterest

(၇) အလွှာအထပ်ပုံစံ

ဆံပင်အတိ မကြိုက်တဲ့သူလေးတွေက အလွှာအထပ်အတိုပုံစံလေးညှပ်ပါနော်။ အလွှာအထပ်ပုံစံဂုတ်ဝဲဆံပင်လေးတွေကလည်း အရှေ့တိုင်းသူလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

pinterest
pinterest

(၈) လေဒီပုံစံအတို

ဆံပင်အတိုလည်းညှပ်ချင်တယ်၊ မိန်းမဆန်တဲ့ပုံစံမျိုးလည်းဖြစ်ချင်ရင်တော့ လေဒီပုံစံအတိုလေးတွေညှပ်လို့ရပါတယ်။

pinterest
pinterest
pinterest

MAY THAZINHTOO

sponsored