အာကာသ ရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ EXO D.O

ig/@overdokyungsoo
Sponsored

EXO ရဲ့ အဖွဲ့ဝင် D.O က အာကာသ ဇာတ်ကားသစ်မှာ အဓိက မင်းသားအဖြစ် ပါဝင်ဖို့ကို အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ D.O နဲ့ မင်းသား Seol Kyung Gu တို့ဟာ မကြာခင် ရိုက်ကူးမယ့် ‘The Moon’ ဇာတ်ကားသစ်မှာ ပါဝင်ဖို့ အတည်ပြုလိုက်တဲ့အကြောင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by D.O. EXO (@overdokyungsoo) on

Sponsored

ဒီ ‘The Moon’ ဆိုတဲ့ ဇာတ်ကားလေးဟာ မတော်မဆမှု တစ်ခုကြောင့် လကမ္ဘာမှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ သူတစ်ယောက်အယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ့ဇာတ်ကောင်နေရာကို D.O က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ အဲလိုကျန်နေခဲ့တဲ့ D.O ကို တစ်ခြားပညာရှင်တစ်ယောက်က ကမ္ဘာမြေကနေ ကယ်ထားဖို့ ကြိုးစားထားတဲ့အကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

READ
ရုပ်ရည်ချောမောလှပတဲ့သူတွေပဲ နားလည်နိုင်မယ့် စိတ်ညစ်စရာ (၇) ချက်

 

ဒီဇာတ်ကားကို ဒါရိုက်တာ Kim Yong-hwa က ရိုက်ကူးထားတာဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ ‘Take Off’, ‘Along with the God: The Two Worlds’, ‘Along with the God: the Last 49 Days’ နဲ့ တစ်ခြားသော ဇာတ်ကားတွေက ပရိတ်သတ်အားပေးမှု အခိုင်အမာကို ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

READ
သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ်.......

 

 

View this post on Instagram

 

A post shared by D.O. EXO (@overdokyungsoo) on

နောက်ပြီး D.O ဟာလည်း ဒါရိုက်တာ Kim Yong-hwa နဲ့အတူ တတိယအကြိမ်အဖြစ် လက်တွဲရိုက်ကူးမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်။ ပရိတ်သတ်တွေကလည်း ဒီဇာတ်ကားအတွက် အရမ်းကို စိတ်လှုပ်ရှားနေကြပြီး ဘယ်လိုမျိုး ဖန်တီးမှုတွေနဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုရမလဲဆိုတာကို စောင့်မျှော်နေကြပါပြီ။
&nbsp

ခုလာမယ့် ‘The Moon’ ဇာတ်ကားကိုတော့ လာမယ့် 2021 အလယ်လောက်မှာ စတင်ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

 

View this post on Instagram

 

A post shared by D.O. EXO (@overdokyungsoo) on


Khin

sponsored