‘Along with the God’ ရုပ်ရှင် အတွဲသစ်မှာဆိုရင်တော့ D.O ကိုထပ်ပြီးတော့ တွေ့ရတော့မှာပါ။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာဆိုရင်တော့ ‘Along with the God’ ရဲ့ ဒါရိုက်တာ Kim Yonghwaက ‘Along with the God’ တတိယတွဲအကြောင်းကို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ပထမတွဲနဲ့ ဒုတိယတွဲမှာ ပါဝင်ခဲ့တဲ့ D.Oကတော့ တတိယတွဲမှာလည်း ပါဝင်မှာဖြစ်တဲ့အကြောင်းကိုပြောကြားခဲ့ပါတယ်။
D.Oကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာသာမက တီဗွီစီးရီးတွေမှာပါ သူရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးခံနေရသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ‘Along with the God’ တတိယတွဲမှာ D.O ကို သရုပ်ဆောင်ခန်းတွေ များများပါဖို့အတွက်လည်း မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် ဒုတိယတွဲရဲ့ အဆုံးသတ်ပုံစံကြောင့် တတိယတွဲမှာ D.O ကို အဓိကသရုပ်ဆောင်အဖြစ် မြင်တွေ့နိုင်ရချေလည်း ရှိနေပါတယ်။
‘Along with the God’ ရုပ်ရှင်ကတော့ တတိယတွဲနဲ့ စတုတ္တတွဲကို တစ်ချိန်ထဲမှာ ပြသမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ထုတ်လုပ်ရေးအဖွဲ့ကတော့ ၂၀၂၁ လောက်မှာ ပြသမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
Source: Kstarlive