သင်ရဲ့ နေ့စဉ်လူမှုဝဘမှာ အန္တရာယ်ရှိနေမှန်း ဖော်ပြနေတဲ့ အချက်များ

shutterstock/Milkovasa
Sponsored

လူရယ်လို့ ဖြစ်လာတည်းက ကျွန်မတို့က လုံခြုံစိတ်ချတာကိုပဲ လိုချင်တာပါ။ အဲ့တော့ ကိုယ်တွေ နေတဲ့ နေရာရော လုံခြုံစိတ်ချရပြီလား အမြဲတွေးလေ့ရှိတယ် မဟုတ်လား။ ဘာတွေ လုံခြုံဖို့ လိုမလဲ၊ ဘာတွေ မစိတ်ချရဘူးလဲ တစ်ချက် စစ်ကြည့်လိုက်ရအောင်နော်။

(၁) အိမ်ပတ်ဝန်းကျင်

Sponsored

သင့်အိမ်က လုံခြုံစိတ်ချရနေပြီလား။ ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါအုံးနော်။ သင့်အိမ် ဖောက်ထွင်းခံရနိုင်ချေရှိလား၊ ရှိရင် ဘယ်ကို ဆက်သွယ်ပြီး ဖြေရှင်းနိုင်မလဲ။ သင့်အိမ်မှာ ရုတ်တရက် အနုကြမ်းစီးခံရင် သင့်တို့ကို ကာကွယ်ပေးမယ့်သူကို ဆက်သွယ်လို့ ရနိုင်လား။ မီးဘေးအန္တရာယ် ဖြစ်ခဲ့ရင် သင် ဘာလုပ်မှာလဲ။ အိမ်တွေ တိုက်တွေမှာ အရေးပေါ်ထွက်ပေါက်/လှေကားတွေ ရှိနေပြီလား။ မီးအား အတက်အကျ၊ ပလက်ပေါက်တွေရဲ့ လုံခြုံမှုအပြင် လျှပ်စစ်ပစ္စည်းတွေအပေါ် စိတ်ချရမှုရော ရှိရဲ့လား။ ဒါတွေ မရှိနေရင်တော့ သင့်အိမ်က အန္တရာယ်ကနေ မလုံခြုံတဲ့ အခြေအနေမှာ ရှိပါတယ်။

shutterstock/Oleksandr Khmelevskyi

(၂) လမ်း

သင် ဘယ်သွားသွား နောက်လှည့်ကြည့်စရာ မလိုအောင် သွားလို့ရပြီလား။ လူကူးမျဉ်းကြားက ကူးရင် ယာဉ်အန္တရာယ်က ကာကွယ်နိုင်တယ်ဆိုတာရော သေချာပြီလား။ လမ်းမှာ သင့်ကို စကားနဲ့ဖြစ်ဖြစ် ထိပါးစော်ကားတာတွေ ရှိနေလား။ ဘတ်စ်ကားကို စီးရတာရော စိတ်ချရတယ် ခံစားရပြီလား။ Taxi စီးခဲ့ရင်ရော သင့်လုံခြုံရေးအတွက် ပူပန်နေတုန်းပဲလား။ ရထားတွေ အဝေးပြေးကားတွေမှာရော သင့်တစ်ကိုယ်ရေ ပစ္စည်းတွေကို စိတ်ချလက်ချ ထားလို့ ရပြီလား။ ဒါတွေ အဆင်မပြေရင်တော့ သင့် သွားလာမှုတွေက အဘက်ဘက်မှာ သတိထားရမယ့် အန္တရာယ်တွေနဲ့ ကြုံနေရမှာပါ။

READ
သင့်ကြောင်က သင့်ကို မချစ်ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ (၆) မျိုး
shutterstock/Dusan Petkovic

(၃) တရားဥပဒေ

သင့်အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ထိခိုက်နစ်နာတဲ့အခါ တရားဥပဒေနဲ့ ဖြေရှင်းရတာ လွယ်ကူနေပါသလား။ တရားဥပဒေထက် ပိုလွယ်တဲ့ ဖြေရှင်းမှု ရှိနေရင်တော့ ဒါက ပုံမှန်မဟုတ်ပါဘူး။ တရားဥပဒေက နိုင်ငံတွင်း ဒုစရိုက်မှုတွေကို ဖြေရှင်းပေးနိုင်နေပြီလား။ သင့်အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့ ရနေပြီလား။ လူသားယဉ်ကျေးမှုတွေကို စော်ကားတဲ့အပြောအဆို၊အတွေးအခေါ်တွေကိုရော ဘယ်လိုမျိုး ဖြေရှင်းနေလဲ။ ဒါတွေနဲ့ တိုင်းကြည့်လို့ အဆင်ပြေမနေဘူးဆိုရင် သင့်အတွက်တော့ မတွေးရဲစရာပါပဲ။

shutterstock/Masterrr

(၄) ကျန်းမာရေး

အစားအစာတိုင်းကို ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း သံသယ ရှိစရာ မလိုဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင် ရှိတယ်။ အမှိုက်တွေလည်း စနစ်တကျ စွန့်ပစ်ကြတယ်။ ဆေးရုံ၊ ဆေးခန်းတွေကို သွားရင် ကိုယ့်ကျန်းမာရေးအခြေအနေကို တိတိကျကျ မှန်မှန်ကန်ကန် သိရသလို ကုသမှုတွေကလည်း မြန်ဆန်နေတယ်။ ဒီလိုဆိုရင်တော့ သင့်ကျန်းမာရေးက Everyting is ok ဖြစ်နေမှာနော်။

READ
အတိုဝတ်ချင်တဲ့နေ့တွေမှာ အမာရွတ်တွေကို အပြည့်အဝဖုံးပေးတဲ့ Lotion ပြုလုပ်နည်း
shutterstock/Masterrr

(၅) ပညာရေး

ကျောင်းတွေက သင့်ကို စနစ်ကျတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ဖို့ သင်ကြားပေးလား။ သင်ရဲ့ ကလေးဘဝ ကျောင်းတက်ချိန်တည်းက နိုင်ငံထဲမှာ လမ်းဘယ်လိုကူးတယ် အမှိုက်ဘယ်လိုပစ်ရတယ်။ ကျန်းမာရေးအတွက် ဘာလုပ်လို့ရတယ်။ ဥပဒေကို ဘယ်လို အသုံးချတယ် စသဖြင့် သင်ကြားခြင်းခံရရင်တော့ သင်က အန္တရာယ်ရှိတဲ့ နိုင်ငံမှာ မဟုတ်တာ သေချာပါတယ်။

shutterstock/Rawpixel.com

Written by Kham

sponsored