ပုဂ္ဂိုလ်ရေးဆိုင်ရာအသေးစိတ်တွေကိုပါ မန်နေဂျာကကုမ္ပဏီကိုပြန်ပြောခဲ့လို့ လန့်ခဲ့ရတဲ့ Dara

Instagram by daraxxxi
Sponsored

2NE1 ဆိုတာ YG Entertainment ရဲ့ အအောင်မြင်ဆုံး ထိပ်တန်းအဖွဲ့တွေထဲက တစ်ခုပါပဲ။ Idol အဖွဲ့ဖြစ်တဲ့အတိုင်း 2NE1 မှာလည်း ကိုယ်စီမန်နေဂျာတွေရှိခဲ့ပါတယ်။ မန်နေဂျာနဲ့ ကုမ္ပဏီကြားက တာဝန်တွေနဲ့ နေ့စဉ်အချိန်တိုင်း သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေနဲ့ လွတ်လပ်ခွင့်တွေကို ဘယ်လိုတောင် ဝင်အစွက်ဖက်ခံခဲ့ရသလဲဆိုတာ Dara က ရင်ဖွင့်လာခဲ့ပါတယ်။

အဲဒါကတော့ Video Star ဆိုတဲ့ show တစ်ခုမှာပါ။ အရင်တုန်းက 2NE1 disband မဖြစ်ခင်အချိန် အနုပညာအလုပ်တွေနဲ့ ဆက်တိုက်ရှုပ်နေတဲ့အချိန်မှာပေါ့။ Entertainment ဖက်ကနေ သူတို့ကို တကယ်ကြီးမျက်နှာသာပေးဂရုစိုက်သလိုခံစားခဲ့ရပါတယ်တဲ့။

YouTUbe/Video Star

 

View this post on Instagram

 

A post shared by Sandara Park (@daraxxi) on

Sponsored

မန်နေဂျာနဲ့လည်း ရင်းနှီးမှုတွေရှိနေခဲ့တဲ့အတွက် အဆင်ပြေတယ်လို့ ထင်မိခဲ့တယ်။ မန်နေဂျာဆိုတော့ ထုံးစံအတိုင်း 2NE1 ရယ် Entertainment ရယ် နောက် အပြင်က အလုပ်လာအပ်တဲ့လူတွေရယ်ကို စီမံခန့်ခွဲပေးရတာဖြစ်တဲ့အတွက် ဘယ်မီတင်သွားနေပြီ၊ ဘယ်ရှိုးဆိုဖို့ရှိတယ်၊ ဘယ်ကိစ္စကိုချိန်းထားတယ်၊ ဘယ်ပွဲသွားဖို့ရှိတယ် စတာတွေကို schedule လုပ်ပြီး အထက်ကိုတင်ပြတာရပုံမှန်ပေမယ့်လို့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်တဲ့။

READ
ရေချိုးတဲ့အခါ သင်အရင်ဆုံး ရေလောင်းတဲ့နေရာကပြောနေတဲ့ သင့်အကြောင်း.......
YOuTUbe/Video Star

ဖြစ်ချင်တော့ အဲဒီနေ့တုန်းက Dara ဆီကို မက်ဆေ့တစ်စောင်ဝင်လာခဲ့တာပါ။ သူတို့ရဲ့ မန်နေဂျာဆီကပေါ့။ စာထဲ ဘာရေးထားလဲဆိုရင် “အခု Dara က CL နဲ့အတူတူ အီထဲဝန်မှာရှိတဲ့ ဘယ်*စားသောက်ဆိုင်မှာ ဝက်နံရိုးထမင်းစားနေတယ်” တဲ့။

အစတုန်းကတော့ သူတို့ကို မန်နေဂျာက ဂရုတစိုက်နဲ့ အလှပြင်ဆိုင်တွေ၊ အရေပြားဆေးခန်းတွေဘာတွေဆိုလည်း လိုက်ပို့ သူငယ်ချင်းတွေနဲ့ တွေ့တာတောင် ကုမ္ပဏီကားနဲ့လိုက်ပို့နေတာဆိုတော့ အထူးအခွင့်အရေးရပြီး ဂရုစိုက်ခံနေရတယ်ဆိုပြီး ပျော်နေခဲ့တာဖြစ်ပေမယ့်လို့ အခုလိုမျိုးထိ အထက်ကို ဝက်နံရိုးထမင်းစားနေတာကအစ report ပြန်တင်တယ်ဆိုတာကို သိလိုက်ရတော့ Dara တစ်ယောက် တော်တော်လေး shock ရသွားခဲ့ပါတယ်တဲ့။

 

View this post on Instagram

 

A post shared by Sandara Park (@daraxxi) on

penny

sponsored