မိန်းမ မဆန်လည်း ညှို့အားပြင်းပြင်းနဲ့ဆွဲဆောင်မှုရှိတယ်ဆိုတာကို သက်သေပြလိုက်တဲ့ Dee

Facebook- Dee
Sponsored

Dee ကိုတော့ လူတော်တော်များများက Forever မှလုပ်တဲ့ The Model Academy Season 3 မှာ စသိခဲ့ကြတယ်ဆိုပေမယ့် Dee ဟာ အနုပညာလှုပ်ရှားမှုတွေလုပ်လာခဲ့တာကြာပါပြီ။ Model လောကမှာ နာမည်ရနေပြီးသားဖြစ်တဲ့ Dee အနေနဲ့လည်း The Model Academy Season 3 မှာလည်း finalist ၂ ဦးထဲမှာ ပါခဲ့ပါတယ်။

Posted by Dee on Thursday, January 9, 2020

Sponsored

မြန်မာအမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အလှပစံချိန်တွေဖြစ်တဲ့ အသားဖြူရမယ်၊ ပုံစံနူးညံ့ပြီး ချစ်ဖို့ကောင်းနေရမယ်၊ ဆံပင်ကအရှည်ကြီးဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ Dee မှာ မရှိလည်းဘဲ Dee ဟာ တကယ့်ကို လှပပြီး international ဆန်တဲ့ မျက်နှာပေါက်၊ မျက်နှာထား၊ ခန္ဓာကိုယ်အချိုးအဆစ်တို့ကို ပိုင်ဆိုင်ထားနေတာပါ။ အဓိက သဘောကျမိတာကတော့ Dee ရဲ့ runway ပေါ်ရောက်သွားတဲ့အခါ ပေါ်ထွက်လာတဲ့ ယုံကြည်မှုရှိရှိမျက်နှာဘေးနဲ့ ဓာတ်ပုံတွေရိုက်တဲ့အခါ အရမ်း strong ဖြစ်နေတဲ့ မျက်လုံးနဲ့ ကိုယ်နေဟန်ထားတွေကြောင့်ပါပဲ။

READ
ဘယ်လိုယောကျာ်းလေးပုံစံမျိုးကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်လဲ .....

မနေ့ကပဲ Dee အနေနဲ့ ဓာတ်ပုံသစ်တွေကို သူ့ရဲ့ Facebook မှာ တင်ခဲ့ပါသေးတယ်။ “Femme Fatale” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Dee ရဲ့ ဓာတ်ပုံတွေဟာ ဘောင်ဝင်လွန်းလှပါတယ်။ Feemme Fatale ကို အကြမ်းဖျဉ်းမြန်မာလိုပြန်ပြောရရင်တော့ မိန်းကလေးမဆန်ဘဲ ညှို့ချက်ပြင်းပြင်းနဲ့ တစ်ဖက်သားကို ဆွဲဆောင်မှုရှိခြင်းပါပဲ။

Posted by Dee on Monday, June 8, 2020

ဒီလိုခေါင်းစဉ်အောက်မှာ Dee ရဲ့ အဝတ်အစား၊ မိတ်ကပ်ပြင်ဆင်ထားပုံတွေ၊ ကိုယ်နေဟန်ထားနဲ့ မျက်နှာဘေးတွေဟာ တော်တော်လေးကို လိုက်ဖက်ညီလွန်းနေလှပါတယ်။ နောက် Dee ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း ကောက်ကြောင်းတွေရှိပြီး ချပ်ရပ်သွယ်လျနေပေမယ့်လို့ အမြင်လည်းမရိုင်းနေပါဘူး။

ဝတ်စုံကိုတော့ Fashion Empire မှ ဒီဇိုင်နာ Swam Hein ရဲ့ လက်ရာတွေဖြစ်ပြီး မိတ်ကပ်ကတော့ Win Lavi, stylist Herry Ender နဲ့ ဓာတ်ပုံဆရာကတော့ Minn Mon Chan ပါ။

// FEMME FATALE // Outfits // Swam Hein (Fashion Empire)MUA // Win LaviStylist // Herry EnderPhotographer // Minn Mon Chan

Posted by Dee on Monday, June 8, 2020

Penny

sponsored