အစားအသောက်ကြောင့် ဖြစ်ပေါ်တတ်တဲ့ လူတွေရဲ့ စိတ်ခံစားချက် အမျိုးအစား(၅)မျိုး

Freepik.com
Sponsored

အစားအသောက်ဆိုတာ လူတွေကို ပုံစံမျိုးစုံနဲ့ အကျိုးပြုတတ်တဲ့ အရာဖြစ်ပါတယ်။ အာဟာရပြည့်ဝစေဖို့နဲ့ ကျန်းမာစေဖို့အပြင် တစ်ခြားသော အရာတွေကိုလည်း အစားအသောက်တွေကနေ ခံစားမိစေတတ်ပါသေးတယ်။ အစားအသောက်က လူတွေကို ပြောင်းလဲသွားစေပြီး ဘယ်လိုခံစားချက်တွေ ဖြစ်စေတတ်သလဲဆိုရင်တော့…..

(၁) ပျော်ရွှင်မှု

Sponsored

ကိုယ် ကြိုက်တဲ့ အစားအသောက်ကို စားလိုက်ရချိန်တိုင်းမှာ လူတွေက ပျော်ရွှင်တတ်ကြပါတယ်။ စားရင်းနဲ့ ပျော်ရွှင်မှုတွေ ဖြစ်တာက ဘေးကလူတွေကိုပါ စိတ်ချမ်းသာစေပါသေးတယ်။ အရသာကောင်းရင်လည်း ပျော်ရွှင်ပြီး စိတ်ကြည်လင်မှုကို ရစေပါသေးတယ်။

senivpetro/Freepik

(၂) ကျေနပ်အားရမှု

အစားအသောက်ကို စိတ်ကြိုက်စားပြီး ဝ သွားတဲ့ အရသာကို ဘာနဲ့မှ လဲလို့ မရနိုင်ပါဘူး။ အစားတွေကို သေချာ အရသာရှိရှိနဲ့ ဗိုက်ပြည့်အောင် စားလိုက်ရတာ ပြည့်စုံတဲ့ ကျေနပ်အားရမှု တစ်ခု ဖြစ်နေတတ်တာ အမှန်ပါပဲ။

READ
ကင်ချီစတူး ချဉ်ငံစပ်ချက်နည်း

(၃) ဝမ်းနည်းမှု

အစားအသောက်ရဲ့ အရသာပိုင်းကလည်း လူတွေကို ခံစားရစေတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ လက်ရာနဲ့တူလို့ ဝမ်းနည်းသွားမိတာနဲ့ ကိုယ်စားနေတဲ့အချိန်မှာ ကိုယ့်မိသားစုကိုပါ စားစေချင်တဲ့စိတ်တွေ ဖြစ်ပြီး ဝမ်းနည်းလာတတ်ကြပါသေးတယ်။ ဒါမှမဟုတ် အစားအသောက်ကို တစ်ယောက်တည်း အထီးကျန်စွာ စားရတဲ့ အချိန်တွေမှာ ဝမ်းနည်းသွားစေတတ်ပါတယ်။

Freepik

(၄) သတိရမှု

အမှတ်တရတွေကို သိမ်းထားပေးတဲ့အထဲ အစားအသောက်တွေလည်း ပါဝင်ပါတယ်။ ငယ်ငယ်က အဘွားနဲ့ ဆီထမင်းတူတူ ထိုးစားဖူးလို့ ဆီထမင်း စားတိုင်း အဘွားကို သတိရတာမျိုးလည်း ဖြစ်စေတတ်သလို ဒီအရာနဲ့ ဘယ်သူ့လက်ရာတူတယ်ဆိုပြီး သတိရသွားတတ်တာလည်း ရှိပါတယ်။

(၅) ဒေါသစိတ်

ကိုယ့်မကြိုက်တဲ့ အရသာကို စားမိလို့ ဖြစ်ရတဲ့ ဒေါသကိုကြုံဖူးကြမယ် ထင်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန် စားလိုက်တဲ့ဟင်းက အရမ်းငန်နေရင် ဒေါသရုတ်တရက်ထွက်သွားတန်သလို ဘာမှ အရသာ မရှိရင်လည်း ဒေါသထွက်တတ်ကြပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအသောက်က ခံတွင်းမတွေ့ချိန်မှာ ဒေါသထွက်တတ်တဲ့သူတွေလည်း ရှိသေးပါသေးတယ်။

READ
လျှာလည်သွားစေမယ့် ရိုးရှင်းတဲ့ ကိုးရီးယားကြက်ဥလိပ်ပြုလုပ်နည်းအဆင့်ဆင့်....

Kham

 

sponsored