Home LIFE HEALTH ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်လို့ မဖြစ်မနေ ပြုပြင်သင့်တဲ့ အကျင့်ဆိုးလေးတွေ

ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်လို့ မဖြစ်မနေ ပြုပြင်သင့်တဲ့ အကျင့်ဆိုးလေးတွေ

Sponsored

လူတိုင်းမှာ မတူကြတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။ လူတစ်ယောက် ဘယ်လိုပုံစံနဲ့ပဲနေနေ အဲ့ဒီလိုနေတာဟာ သူကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဘူး၊ အနှောက်အယှက်မဖြစ်စေဘူးဆိုရင်တော့ ပြောစရာမရှိပေမယ့် ကိုယ်တိုင်ရဲ့ကျန်းမာရေးကို ထိခိုက်စေမယ်၊ ဘေးက လူတွေအတွက်လည်း စိတ်အနှောက်အယှက် ဖြစ်ရတယ်ဆိုရင် ပြုပြင်သင့်ပါပြီ။ ကဲ … ဘယ်အပြုအမူတွေက ပြုပြင်သင့်တာတွေလဲ ဆိုတော့…

(၁) လက်သည်းမကိုက်ပါနဲ့

Livestrong

လူတော်တော်များများ လုပ်တတ်တဲ့ အကျင့်လို့ ပြောလို့ရပါတယ်။ လက်သည်းကိုက်တာက လက်သည်းအပေါ်ယံလွှာတွေကို ပျက်စီးစေပြီး မှိုစွဲရောဂါကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းမှိုစွဲတဲ့ရောဂါ ပြင်းထန်လာရင် ပိုးတွေက အရိုးထိ ပျံ့သွားနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းကနေ ရောဂါပိုးမျိုးစုံ ပါးစပ်ထဲ ၀င်ရောက်နိုင်တာကြောင့် ဒီအကျင့်ရှိရင် အမြန်ဆုံးဖျောက်ပါလို့ …  ။

(၂) ၀က်ခြံတွေကို လက်နဲ့မညှစ်ပါနဲ့

shutterstock
Sponsored

ဝက်ခြံတွေ ထွက်လာရင် လက်နဲ့အရမ်းညှစ်ချင်တဲ့ စိတ်တွေက ထိန်းမရဘူး မဟုတ်လား။ ၀က်ခြံကို လက်နဲ့ညှစ်တာက ဘာအန္တရာယ်မှ မရှိဘူးလို့ထင်ရင် မှားသွားပါလိမ့်မယ်။ မမှည့်ခင် ညှစ်မိတဲ့အခါ၊ လက်မသန့်တဲ့အခါ ၊ အခန့်မသင့်တဲ့ အခါမှာ ပိုးဝင်ပြီး သင့်ကို သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၀က်ခြံညှစ်တော့မယ်ဆို အနည်းဆုံး နှစ်ခါလောက်ပြန် စဉ်းစားသင့်ပါတယ်။

READ
မှားယွင်းတဲ့ ရေချိုးနည်းတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက် (၅)ချက်

 (၃) နှာခေါင်းမနှိုက်ပါနဲ့

pinterest
ဒီအမူအကျင့်က ကလေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး အရွယ်ရောက်ပြီးသူတွေမှာလည်း ဒီလိုအပြုအမူမျိုး ရှိတတ်ပါတယ်။ နှာခေါင်းနှိုက်တဲ့ သူတွေဟာ nasal septum လို့ခေါ်တဲ့ နှာခေါင်းထိပ် အတွင်းပိုင်းမှာရှိတဲ့ အရိုးနုဘေးကပ်ရက်က အရေပြားကြီးထွားလာပြီး အသက်ရှူရခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် ခွဲစိတ်ကုသမှပဲ ပုံမှန်အတိုင်း ပြန်ဖြစ်မှာပါ။ အဲ့လောက် မဖြစ်ရင်တောင် နှာခေါင်းအတွင်းဘက် ထိခိုက်ပွန်းပဲ့တာမျိုး၊ သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

(၄) ကြမ်းပြင်ပေါ် ကျပြီးသား အစားအစာတွေကို မစားပါနဲ့

pinterest
ကြမ်းပြင်နဲ့ ထိသွားတဲ့ အစားအစာတွေကို လုံးဝစားဖို့ စိတ်မကူးပါနဲ့။ သန့်ရှင်းရေး လုပ်ပြီးပေမယ့် ပိုးမွှားတွေ၊ ဘက်တီးရီးယားတွေက အချိန်အကြာကြီး ဆက်ရှင်သန်နေနိုင်တာကြောင့် ရောဂါမျိုးစုံ ဖြစ်သွားနိုင်လို့ပါ။ ရေဆေးလို့ရတဲ့ အရာဆိုရင်တော့ သေချာရေပြန်ဆေးပြီး စားလို့ရပေမယ့် စိုစွတ်တဲ့ အစားအစာတွေ ဆိုရင်တော့ အောက်ကျသွားရင် အမှိုက်ပုံးထဲပဲထည့်လိုက်ပါတော့။

(၅) ဗူးအကြီးထဲက သောက်စရာတွေကို တိုက်ရိုက်မော့မသောက်ပါနဲ့

 

Huffington Post
ဒါက မိသားစုနဲ့၊ အများနဲ့ နေမှ လိုက်နာရမယ့်အရာမဟုတ်ပါဘူး။ တစ်ယောက်တည်း နေရင်လည်း လိုက်နာသင့်ပါတယ်။ ဘာလို့ဆို ဗူးအကြီးထဲက သောက်စရာတွေကို ခွက်ထဲမငှဲ့ဘဲ တိုက်ရိုက်မော့သောက်လိုက်တဲ့အခါ ပါးစပ်ထဲက ဘက်တီးရီးယားတွေက ဗူးထဲဝင်သွားပြီး ပွားသွားနိုင်တာကြောင့်ပါ။ မော့သောက်တဲ့ အကြိမ်ရေများလေ ပိုအန္တရယ်များလေပါ။

(၆) Gym ၊ Swimming Pool တွေရဲ့ ရေချိုးခန်းထဲ ဖိနပ်မပါဘဲ မသွားပါနဲ့

pinterest
လူမျိုးစုံ ရှိပြီး စိုစွတ်တဲ့နေရာ ဖြစ်တာကြောင့် အဲ့ဒီနေရာတွေမှာ မမြင်ရတဲ့ အရေပြားရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေရှိနေနိုင်ပါတယ်။ ကြွက်နို့လိုရောဂါမျိုးကတော့ အဖြစ်များဆုံးလို့ သိရပါတယ်။ စိုစွတ်နေတဲ့ ခြေထောက်တွေက ပိုးမွှားတွေကို ရှင်သန်အောင် အားပေးနေတာကြောင့် ဖိနပ်လေးတော့စီးထားရင် အကောင်းဆုံးပါ။
MAY THAZINHTOO
sponsored