Panda Eyes လေးတွေကို ဒီအိမ်တွင်း eye mask လေးတွေသုံးပြီး တာ့တာပြလိုက်စို့

Freepik- freepik
Sponsored

ဟိတ် ကောင်မလေးတွေ။ အခုတလော အိပ်ရေးတွေပျက်ပြီးတော့ panda eyes လေးတွေဖြစ်နေကျပြီလား။ Panda eyes လေးတွေဖြစ်နေပြီဆိုရင် ဘယ်လောက်ပဲ ဘယ်လိုပုံစံမျိုးနဲ့ ဖုံးဖိထား ဖုံးဖိထား မပျောက်ကင်းတတ်ကြပါဘူး။ ဒီတော့ ပျိုမေတို့အနေနဲ့ မျက်ကွင်းညိုမှုတွေကို ပျောက်စေနိုင်မယ့် ကျော်ကြားတဲ့ diy နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) သွားသီး-နှင်းဆီ

Sponsored

သခွားသီးဟာ ရေဓာတ်အပြည့်အဝဆုံး အသီးအနှံတွေထဲက တစ်ခုပါ။ Rose water လို့ခေါ်တဲ့ နှင်းဆီပေါင်းခံရည်ကတော့ soothing effect ကိုရစေပါတယ်။

  • အသင့်ရှိပြီးသား rose water ထဲကို သခွားသီးတွေ နုတ်နုတ်စဉ်းထားတဲ့ ၁ စွန်းစာထည့်ပါ။
  • Cotton pad နဲ့ အဲဒီအနှစ်ကိုယူပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်ခန့်ထားပါ။
  • ရေဆေးချပါ။
Freepik- freepik

(၂) အုန်းဆီ-ပျားရည်

မျက်လုံးကိုရေဓာတ်ဖြည့်ကာ အိစက်မှုကို ၂ ပတ်အတွင်းပေးစွမ်းနိုင်မှာပါ။

  • အုန်းဆီ ၁ စွန်း၊ ပျားရည်တစ်စွန်း ကိုမွေပြီး မျက်လုံးအောက်မှာ လိမ်းထားပါ။
  • ကြိုက်သလောက်ထားပြီးနောက် ရေဆေးချလိုက်ပါ။
READ
ခရစ်စမတ်ညလေးမှာ ကြည်နူးပီတိဖြစ်စရာအလှူလေးကို ပြုလုပ်ခဲ့တဲ့ သွန်းဆက်

(၃) အာလူး

အာလူးရဲ့သဘာဝကိုက ဖောယောင်မှုတွေ လျော့ကျစေပြီး အညိုအမည်းတွေကိုသက်သာစေနိုင်ပါတယ်။

  • အာလူးအနည်းငယ်ကိုချပြီးတော့ မျက်လုံးအောက်မှာ mask လိုပုံထားပါ။
  • မိနစ် ၂၀ ခန့်ထားပြီး ရေဆေးချလိုက်ပါ။
Freepik- jcomp

(၄) Tea Bag Mask

သောက်ပြီးသားရေနွေးကြမ်းအထုပ်လေးတွေနဲ့လည်း မျက်လုံးကို ကပ်ပေးခြင်းဖြင့် မျက်ကွင်းညိုတာကို သိသာသက်သာစေမှာပါ။

  • အချိန် ၁၀ မိနစ်သာထားရန်

(၅) Coffee 

Coffee ကတော့ အစားအသောက်မှာတင်သာမကဘဲ အလှအပရေးရာအတွက် ရေပြားရဲ့ သူငယ်ချင်းကောင်းလို့တောင် ဆိုရမှာပါပဲ။

  • ပျားရည် ၁ စွန်းနဲ့ ကော်ဖီမှုန့် ၁ စွန်းတို့ကိုရောမွှေပြီး မျက်လုံးအောက်မှာ အသာသုပ်ထားပါ။
  • ၁၅ မိနစ်လောက်နေရင် ရေသေချာဆေးချပါ။
Freepik- freepik

penny

sponsored