ဒီနည်း (၆) ခုနဲ့ အိမ်မှာနေရင်း Beauty Clinic တွေနီးပါး ချွေးပေါက်တွေကို သန့်စင်ကြမယ်

Freepik- benzoix
Sponsored

အရေပြားတိုင်းမှာတော့ ချွေးပေါက်တွေဆိုတာ ရှိစမြဲပါပဲ။ အထူးသဖြင့် မိတ်ကပ်လိမ်းတဲ့ ပျိုမေတို့လိုလူမျီုးတွေမှာဆိုရင် ချွေးပေါက်ပိတ်နိုင်ချေ တော်တော်လေးကို များနေပါတယ်။ ချွေးပေါက်တွေ ပိတ်တဲ့အခါ ဖြစ်လာနိုင်တာတွေကတော့ ဝက်ခြံထွက်တာနဲ့ အသားရေထွတ်ထပြီး ကြမ်းတမ်းတာမျိုးတွေပါပဲ။ ဒါဆိုရင် သင့်အနေနဲ့ အသားအရေ ကြမ်းတမ်းတာမျိုးတွေဖြစ်ပြီးတော့ ချွေးပေါက်ပြဿနာ မဖြစ်အောင် ချွေးပေါက်တွေကို ဘယ်လိုရှင်းမလဲဆိုတာ ကြည့်လိုက်ရအောင်။

ရေနွေးငွေ့ပေါင်းခံပါ

Sponsored

ရေနွေးငွေ့ပေါင်းခံခြင်းဟာ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ပိတ်စို့နေတဲ့ သင့်ရဲ့ ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ချွေးပေါက်သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဒီအဆင့်ကို လုံးဝမကျော်ဘဲ ပထမဆုံးလုပ်ပေးသင့်ပါတယ်။ ဘယ်လို productကိုပဲ သုံးပြီး ဆားဝက်ခြံဖယ်မယ်လို့ပြောပြော ချွေးပေါက်မပွင့်နေခဲ့ဘူးဆိုရင် ထင်သလောက် ဘယ်လိုမှ ချွေးပေါက်ဟာ သန့်စင်မှာမဟုတ်ပါဘူး။

Freepik- natieeitan

သကြား scrub

သကြားအနုလေးကို ပျားရည်တစ်စွန်း၊ ရေအမည်းငယ်တို့နဲ့ ရောမွှေပြီး ချွေးပေါက်ထဲက ချေးတွေနဲ့ အဆီခဲတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါမှလည်း ချွေးပေါက်ထဲက အညစ်အကြေးတွေဟာ ရိုးရိုးမျက်နှာသစ်တာထက် ပိုပြီးတော့ အစွမ်ထက်စေမှာပါ။

Baking Soda 

မုန့်ဖုတ်ဆိုဒါ ၂ စွန်းကို ရေအနည်းငယ်နဲ့ရောမွှေပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိး ခြောက်တဲ့အခါ ထားပြီး ခွာပေးခြင်း သို့မဟုတ် ရေဆေးချခြင်းဟာလည်း ချွေးပေါက်ပိတ်တာတွေကို လျော့နည်းစေမှာဖြစ်ပါတယ်။

READ
တည်ငြိမ်ပြီး ညှို့အားပြင်းတဲ့ ယုသန္တာတင်ရဲ့ ပွဲတက်ဖက်ရှင်
Freepik- freepik

DIY ပျားသံပုရာ mask

ပျားရည် ၁ ဆ၊ သံပုရာရည် ၁ ဆရောပြီးတော့ လွယ်လွယ်ကူကူနဲ့ face mask လုပ်ပေးခြင်းဟာ ပိုးတွေကို သေစေနိုင်သလို ယောင်ယမ်းမှုတွေကို လျော့ကျစေတဲ့အပြင်ကိုမှ ချွေးပေါက်တွေကိုလည်း ကျဉ်းစေတာကြောင့် အဆင်ပြေစေမှာပါ။ ၁၀ မိနစ်ထားပြီးတော့ ရေဆေးချပါ။

နံနံပင်နဲ့သုံပုရာရည် mask

နံနံပင်ဟာ အမည်းစက်၊ အမာရွတ်တွေကို သက်သာစေတဲ့အပြင်ကိုမှ နံနံပင်ကို နုတ်နုတ်စဉ်းပြီး ပျားရည်၊ သံပုရာရည်တို့နဲ့ ရောမွှေကာ face mask လုပ်ပေးနိုင်သလိုပဲ ရေနွေးထဲစိမ်ထားတဲ့ အဝတ်စေါ်မှာ နံနံပင်ကို ဖိပေးပြီး မျက်နှာပေါ် တိုက်ရိုက်အုပ်ပေးခြင်းဟာလည်း သင့်ရဲ့ ချွေးပေါက်တွေကို သိသာစေမှာပဲဖြစ်ပါတယ်။

Freepik-user18526052

penny

sponsored