Dj Push နဲ့ Mai Davika တို့ရဲ့ TV ဒရမ်မာ ဇာတ်ကားသစ် ရိုက်ကူးရေးစတင်

Image:IG/Mai Davika/Push
Sponsored

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားချော Dj Push နဲ့  မင်းသမီး Mai Davika  တို့ရဲ့ ဒရမ်မာကားသစ် ရိုက်ကူးရေးေ တွ ကိုတော့ စတင် နေပါပြီ။နှစ်ယောက်လုံးက မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီး သား အနုပညာရှင်တွေ ပါ။မြန်မာနို င်ငံကိုလည်း တစ်ကြိမ် ထက် မနည်း လာရောက် ခဲ့ဖူးသူတွေ ပါ။ Dj Push  ကလည်း ချစ်စရာ ကောင်းတဲ့ ပါးချိုင့် နဲ့ အပြုံး ကြောင့် အာရှတစ်လွှားမှာ နာမည်ကြီး တဲ့  မင်းသားတစ်ယောက်ဖြစ်သလို Mai Davika   ကလည်း သူမရဲ့ ဖက်ရှင်နဲ့ အလှ ကြောင့် အမျိုးသားပရိသတ် တင်မက အမျိုးသမီး ပရိသတ်ရဲ့ အားပေးမှုကိုပါ ရထားသူပါ။ဇာတ်ကား သစ် အကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

งู้ยยย✨คิดรายน้าาา😋💖

A post shared by davikah (@davikah) on

Sponsored

ဇာတ်ကားသစ်ရဲ့ နာမည်ကတော့  ‘Jangwa Huajai Nai Saat’. ပါ။ဒီဇာတ်ကားမှာတော့ Dj Push  က CEO နေ ရာ ကနေ ပါဝင်ထားပါတယ်။Mai Davika  က တော့ ချော မောတဲ့ ဒီဇိုင်နာ တစ်ယောက် နေရာ က နေ ပါဝင် ထားပါတယ်။ဒီဇာတ်ကားမှာ တော့ တခြား သရုပ်ဆောင်တွေ အနေနဲ့  Carissa Springett, Blue Pongtiwat, ၊ Bow Benjawan တို့ ပါဝင်ထားကြပါတယ်။‘Jangwa Huajai Nai Saat’  က တော့ (၂၀၁၇)ခုနှစ်က  တရုတ် TV စီးရီးဖြစ်တဲ့ ‘The Fox’s Summer’. ကို ပြန်ရိုက်ထားတာပါ။ မင်းသမီး ချော Jooy Warattaya က တော့ ဇာတ်ကား သစ် အတွက် ထုတ်လုပ်သူ နေရာ ကနေ တာဝန်ယူထားပါတယ်။

Dj Push နဲ့ မင်းသမီးချောလေး Jooy Warattaya တို့ ကတော့ (၂၀၁၈) က လက်ထပ်ထားတာပါ။မနဲ့ မောင် ချစ် ဇာတ်လမ်း လေးဖြစ်ပြီး အချိန် အ တော်ကြာ တွဲ ပြီးနောက်မှာတော့ လက်ထပ်ခဲ့ ကြတာပါ။ Mai Davika ရဲ့ My Ambulance ဆိုတဲ့ TV ဇာတ်ကား သစ်မှာတော့ မြန်မာနိုင်ငံမှာလည်း အ တော် လေး အောင်မြင်ခဲ့ပါတယ်။

 

View this post on Instagram

 

🌿🐒

A post shared by davikah (@davikah) on

#AUNTYMAY

sponsored