အရမ်းရှက်တတ်တဲ့ယောကျာ်းလေးတွေကိုမိန်းကလေးတွေသဘောကျရတဲ့အကြောင်းရင်း(၅)ချက်

Sponsored

မိန်းကလေးတွေ ဘယ်လိုလူမျိုးကိုသဘောကျသလဲဆိုတာ အတိအကျတော့ပြောရခက်ပါတယ်။ တချို့မိန်းကလေးတွေက ချောတဲ့ကောင်လေးတွေကိုကြိုက်ကြတယ်၊ တချို့ကျတော့ အရပ်ရှည်တဲ့သူ၊ တချို့တွေကျတော့ တည်ငြိမ်တဲ့သူ စသဖြင့်ပေါ့။ အဲ့ဒီထဲမှာ ရှက်တတ်တဲ့ကောင်လေးတွေကို မိန်းကလေးတွေသဘောကျတတ်ကြပြီး အဲ့ဒီလိုသဘောကျတာကတော့ ဒီလိုအကြောင်းပြချက်တွေကြောင့်ပါ။

(၁) နားထောင်ပေးသူတစ်ယောက်

shutterstock

ရှက်တတ်တဲ့ကောင်လေးတွေဟာ တခြားသူတွေရဲ့ ပြဿနာတွေ၊ ရင်ဖွင့်တဲ့စကားတွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတတ်ကြတဲ့သူတွေပါ။ အချိန်တိုင်းနားထောင်ပေးနိုင်တဲ့သူတို့တွေကို မိန်းကလေးတွေ သဘောကျတာမဆန်းပါဘူး။

(၂) ထူးဆန်းတဲ့အမူအကျင့်လေးတွေရှိတယ်

Sponsored

သူများတွေရဲ့ခံစားချက်ကို နားထောင်ပေးတတ်ပေမယ့် သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောတာရှားပါတယ်။ ဒါပေမယ့် တခါတလေသူတို့ခံစားချက်တွေကိုဖွင့်ပြောချင်လာပြီဆိုရင်လည်း ပွင့်ပွင့်လင်းလင်း အိတ်သွန်ဖာမှောက် ပြောတတ်ကြပါတယ်။ ပြီးရင် သူတို့ရဲ့ဝါသနာနဲ့စိတ်ဝင်စားမှုတွေက တခြားသူတွေနဲ့မတူဘဲ ထူးထူးဆန်းဆန်းလေးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း မိန်းကလေးတွေက သူတို့ကို စိတ်ဝင်စားတတ်ကြပါတယ်။

(၃) အနိုင်မယူတတ်ဘူး

shutterstock

 

အရမ်းရှက်တတ်တဲ့ကောင်လေးတွေက တစ်ဖက်သားကို အနိုင်ယူဖို့ကိုလည်း ရှက်ကြပါတယ်။ ဒီလို အနိုင်မယူတတ်တဲ့သူတို့ကို ကောင်မလေးတွေသဘောကျတာလည်း အံ့သြစရာတော့မဟုတ်ပါဘူးနော်။

READ
တောင်ကိုရီးယားအိုင်ဒေါတွေ ဖွင့်ထားကြတဲ့ အကျော်ကြားဆုံး စားသောက်ဆိုင် (၇)ဆိုင်

(၄) အတွေးအခေါ်အားကောင်းတယ်

သူတို့တွေဟာ အစုအဖွဲ့နဲ့နေရတာထက် တစ်ယောက်တည်းအချိန်ဖြုန်းရတာပိုကြိုက်တယ်၊ တစ်ယောက်တည်းလုပ်ရတဲ့ စာအုပ်ဖတ်တာလိုမျိုးကိုပိုကြိုက်တတ်ကြတာကြောင့် အတွေးအခေါ်လည်းကောင်းတဲ့သူတွေဖြစ်နေတတ်ပြီး သူများတွေအတွက်လည်း အကြံကောင်းလေးတွေပေးတတ်ကြတာပေါ့။

(၅) ရိုးသားတယ်

shutterstock

အရမ်းရှက်တတ်တဲ့ ကောင်လေးတွေက လိမ်ပြောဖို့၊ တခြားသူတွေကိုလှည့်စားဖို့ စိတ်ကူးမရှိတဲ့သူ၊ ရိုးသားတဲ့သူတွေပါ။ သူတို့တွေကိုယ့်အပေါ် လိမ်ညာလှည့်စားမှာမျိုးကို စိတ်ပူဖို့မလိုပါဘူး။

MAY THAZINHTOO

sponsored