သင့္ကိုသူတကယ္ခ်စ္တာလား? အသုံးခ်ေနတာလား?

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

သူနဲ႔ေနရတဲ့အခ်ိန္ေတြမွာ သင္အသုံးခ်ခံေနရတယ္လို႔ေတြးဖူးပါသလား? အဲ့လိုေတြးလိုက္တိုင္းလည္း သူ႔ကို
နားလည္ေပးဖို႔ အေၾကာင္းျပခ်က္တစ္ခုကိုလိုုက္ရွာေလ့ရွိပါသလား? မရွိရင္ေတာင္ ရွိေအာင္ဖန္တီးေပးဖို႔
ႀကိဳးစားဖူးပါသလား? သူနဲ႔ေတြ႕ၿပီးမွ စိတ္ခ်မ္းသာရမယ့္အစား မ်ားေသာအားျဖင့္စိတ္ဆင္းရဲေနရပါသလား?
အထက္ပါအခ်က္ေတြက မွားယြင္းတဲ့ Relationship တစ္ခုကိုေရာက္ရွိေနသူေတြမ်ားေသာအားျဖင့္ခံစား
ရေလ့ရွိပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြက ပိုဆိုးေလ့ရွိပါတယ္။ မိန္းကေလးေတြက မွားေနရင္ေတာင္
ခ်စ္တဲ့စိတ္နဲ႔ ေတာ္ေတာ္ကိုသည္းခံေလ့ရွိၾကပါတယ္။ ေနာက္ဆုံးဘယ္လိုမွသည္းမခံနိုင္ေတာ့မွသာျပတ္
သြားၾကတာမ်ားပါတယ္။ ေယာကၤ်ားေလးေတြမွာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မိန္းကေလးေတြက
ပိုၿပီးအျဖစ္မ်ားေလ့ရွိပါတယ္။ ဒီေတာ့ သူတကယ္ခ်စ္ေနတာလား? အသုံးခ်ေနတာလား? ေအာက္ပါအခ်က္
(၄)ခ်က္နဲ႔ယွဥ္ၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။ ေအာက္ပါအခ်က္ေတြနဲ႔ညီေနၿပီဆိုရင္ေတာ့ သင္သူနဲ႔
လက္မတြဲသင့္ေတာ့ပါဘူး။

Sponsored

(၁) သူ႔ေဝယ်ဝိစၥမွန္သမၽွသင္ပဲလုပ္ေပးေနရတယ္။

တကယ္ေတာ့ သင့္ေကာင္ေလးရဲ့အဝတ္ေတြေလၽွာ္တာ၊ သန႔္ရွင္းေရးလုပ္ေပးတာ၊ ခ်က္ျပဳတ္ေပးတာေတြ
ကတစ္ခါတစ္ေလေကာင္းေပမယ့္ အိမ္ေထာင္မက်ခင္မွာ သင္ထိုအရာေတြအားလုံးကိုလုပ္ေနရတာ
ေကာင္းတဲ့အခ်က္ေတာ့မဟုတ္ပါဘူး။ သင္ကခ်စ္လို႔လုပ္ေပးတယ္ဆိုေပမယ့္ သင္မလုပ္တဲ့အခါက်ရင္ေရာ
သူဘာေျပာေလ့ရွိပါသလဲ? သင္မလုပ္ေတာ့တဲ့အခ်ိန္မွာ ဘာမွမေျပာင္းလဲပဲေနရင္ေတာ့ကိစၥမရွိေပမယ့္
သင့္ကိုမလုပ္ေတာ့လို႔အျပစ္ေျပာလာရင္ေတာ့ သင္နည္းနည္းစဥ္းစားသင့္ပါၿပီ။ အိမ္ေထာင္က်ၿပီးခ်ိန္က်မွ
အေျခအေနအရ အိမ္မွုကိစၥေတြကို အတူတကြလုပ္ၾကေပမယ့္ အိမ္ေထာင္မက်ခင္မွာေတာ့ ဒီအေျခအေန
မ်ိဳးကမျဖစ္သင့္္ပါဘူး။ ေယာကၤ်ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကိုျမတ္နိုးရင္ ကိုယ့္ခ်စ္သူ
အေရးေပးၿပီးလုပ္ေပးတာေလးေတြကိုခံယူခ်င္ေပမယ့္ ကိုယ့္ခ်စ္သူမိန္းကေလးပင္ပန္းမယ့္ ကိစၥမ်ိဳးကိုေတာ့
ဘယ္ေတာ့မွခိုင္းေလ့မရွိပါဘူး။ ေနာက္ဆုံးခ်စ္သူမိန္းကေလးက အရမ္းကိုကူညီေပးခ်င္လို႔ လုပ္ေပးတယ္ဆို
ရင္ေတာင္ မလုပ္ေပးေတာ့တဲ့အခ်ိန္မွာလည္း အျပဳံးပ်က္မွာမဟုတ္ပါဘူး။

(၂) သူ႔ရဲ့စည္းကမ္းေတြနဲ႔ပဲသင္ေနထိုင္ေနရတယ္။

သင့္ကိုတကယ္ခ်စ္တဲ့သူက သင့္ကိုေဘာင္ေတြနဲ႔ကန႔္သတ္ၿပီးခ်စ္မွာမဟုတ္ပါဘူး။ သင္မွားေနတာရွိရင္
မလုပ္သင့္ေၾကာင္း အက်ိဳးသင့္အေၾကာင္းသင့္ေထာက္ျပတတ္ၿပီး သင္မလုပ္မိေအာင္ေဖ်ာင္းဖ်ပါလိမ့္မယ္။
ဒါေပမယ့္ တကယ္ခ်စ္ရင္ ဘယ္ေတာ့မွ သူ႔စည္းကမ္းမွ သူ႔စည္းကမ္းဆိုၿပီးေတာ့ မေနပါဘူး။ Relationship
အစစ္တစ္ခုဆိုတာ ဘယ္သူကပိုအေရးႀကီးတယ္ဆိုတာ မရွိပါဘူး။ သူ႔အတြက္ သင္က ၁၀၀ဖိုးေလာက္
အေရးႀကီးရင္ သူကလည္း သင့္အတြက္ ၁၀၀ ဖိုးေလာက္အေရးႀကီးေနတာမ်ိဳးပါ။ ၂ေယာက္စလုံး အျပန္
အလွန္တန္ဖိုးထားၾကပါတယ္။သင္ကအျမဲတမ္းသူ႔အလိုက်ေနၿပီးတစ္သက္လုံးေနနို္င္ရင္ေတာ့ ခၽြင္းခ်က္
ေပါ့ေနာ္။ ဒါေပမယ့္ အဲ့ဒါကို ကၽြန္ေတာ္ကေတာ့ ေပ်ာ္ရႊင္ဖြယ္ရာေကာင္းတဲ့ Relationship တစ္ခုလို႔မျမင္ပါ
ဘူး။ တကယ့္ Relationship တစ္ခုမွာ သူသာတယ္၊ကိုယ္သာတယ္ဆိုတာမရွိပါဘူး။ သူ႔အတြက္သင္အျမဲ
ေတြးေပးသလို သူကလည္း သင့္အတြက္အျမဲေတြးေပးေနေလ့ရွိပါတယ္။

(၃) သူ႔အလိုအတိုင္းသင္ျဖစ္မလာတဲ့အခါက်ရင္ လမ္းခြဲဖို႔ေျပာေလ့ရွိတယ္။

သူ႔အလိုမက်တိုင္းသင့္ကို လမ္းခြဲဖို႔ေျပာတယ္ဆိုရင္ေတာ့ သူလိုခ်င္တဲ့ပုံစံကိုသင့္ကိုပုံသြင္းယူေနတယ္ဆိုတာ
ေသခ်ာပါတယ္။ တကယ္ခ်စ္တဲ့သူက ကိုယ္ခ်စ္တဲ့သူရဲ့ျဖစ္တည္ျခင္းသက္သက္ကိုခ်စ္တာပါ။ တစ္ဘဝလုံး
လက္တြဲဖို႔ ရည္ရြယ္ထားလို႔ မႀကိဳက္တဲ့အခ်က္ေလးေတြကို ညႇိယူၾကတာမ်ိဳးေတာ့ရွိေကာင္းရွိနို္င္ပါတယ္။
ဒါေပမယ့္ သင့္ကိုသင္မႀကိဳက္တဲ့ပုံစံတစ္ခုျဖစ္သြားေအာင္ေျပာင္းလဲဖို႔ေတာ့ သူႀကိဳးစားမွာမဟုတ္ပါဘူး။
ဒါေပမယ့္ သင္ကသူ႔ကို႐ူး႐ူးမိုက္မိုက္ခ်စ္ေနတဲ့အခါမ်ိဳးမွာေတာ့ ဒီအေတြးကေရာက္လာမွာမဟုတ္ပါဘူး။
သူ႔အတြက္ သင္အေကာင္းဆုံးႀကိဳးစားၿပီးျပင္ဆင္ေပးေနပါလိမ့္မယ္။ ဒါေပမယ့္တစ္ေန႔ သင္မေပ်ာ္တဲ့ေန႔
ေရာက္လာမွ သင္သတိထားမိလာပါလိမ့္မယ္။

(၄) အျခားေကာင္မေလးေတြနဲ႔ျပတ္တိုင္းသင့္ဆီသူျပန္လာလိမ့္မယ္။

အျခားသူေတြနဲ႔ျပတ္တိုင္းသင့္ဆီျပန္လာတယ္ဆိုရင္ သင္ဘာေတြးေနမလဲ ကၽြန္ေတာ္သိတာေပါ့။ အဲ့ဒိ
အခ်က္ေလးကို သင္ကအေကာင္းဘက္ကျမင္ေလ့ရွိပါတယ္။ သူ႔ရဲ့အေခ်ာ့အေမာ့မွာ ေမ်ာၿပီးဘယ္ေတာ့ပဲ
ျဖစ္ျဖစ္ငါ့ဆီျပန္လာပါလားဆိုတဲ့အေတြး သင့္မွာဝင္ေနပါလိမ့္မယ္။ သင့္ကိုယ္သင္္အေရးႀကီးသလိုလည္း
ခံစားမိေကာင္းခံစားမိပါလိမ့္မယ္။ အဲ့ဒိလိုနဲ႔ Last Chance ဆိုၿပီးသင့္သူ႔ကိုျပန္လက္ခံအုံးမွာပါပဲ။ Last
Chance ေတြမ်ားလာတဲ့အထိလည္း သင္ခြင့္လႊတ္ေနဆဲပါပဲ။ ဒါေပမယ့္ သူျပန္လာတာသင့္ကိုတန္ဖိုးထား
လို႔မဟုတ္ပါဘူး။ သင့္ကိုတကယ္တန္ဖိုးထားတဲ့ေယာကၤ်ားေလး ၊ တကယ္ခ်စ္တဲ့ေယာကၤ်ားေလးက သင္
မနာလိုျဖစ္ေအာင္သာ အျခားေကာင္မေလးေတြကို ေငးရင္ေငးျပပါလိမ့္မယ္။ ဒါေပမယ့္ အျခားေကာင္မ
ေလးကိုခ်စ္ဖို႔ေနေနသာသာ သင္ကလြဲလို႔ အျခားေကာင္မေလးေတြကို ေကာင္မေလးလို႔ေတာင္ထင္
ေလ့မရွိပါဘူး။ သူအျခားေကာင္မေလးနဲ႔ျပတ္တိုင္း သင့္ဆီျပန္လာရတဲ့အေၾကာင္းအရင္းက သင့္ရဲ့
အားနည္းခ်က္ကိုသိလို႔ပါ။ သူ႔ရဲ့ေဝဒနာေတြကို သင္နဲ႔အတူခဏလာေျဖေဖ်ာက္တာပါ။ ေယာကၤ်ားေလးဆို
တာတစ္ခါတစ္ေလေလာက္မွားေကာင္းမွားနိုင္ေပမယ့္ ခဏခဏျပတ္လိုက္ျပန္လာလိုက္နဲ႔ဆိုရင္ေတာ့
သူသင့္ကိုမခ်စ္တာေသခ်ာပါတယ္။ “သင့္ကိုခ်စ္ရင္ သင့္ဆီကိုခဏခဏျပန္လာမွာမဟုတ္ဘူး။ သင့္ကို
ခ်စ္ရင္ သင့္ဆီကေနဘယ္မွကိုထြက္မသြားေတာ့ပါဘူး”

READ
အသည္းကြဲတဲ့အခါ ရုပ္ပ်က္ဆင္းပ်က္ မျဖစ္ရေလေအာင္ ကယ္တင္ေပးမယ့္ နည္းလမ္း(၅)ခု

စစ္မွန္တဲ့ Relationship ဆိုတာ တစ္စုံတစ္ေယာက္ေကာင္းဖို႔ တစ္စုံတစ္ေယာက္ကေပးဆပ္ေနတာ
မဟုတ္ပါဘူး။၂ဦး၂ေယာက္လုံးျပည့္စုံဖို႔ ၂ဦး၂ေယာက္လုံးက ေပးဆပ္ေနၾကတာပါ။ အနာဂတ္မရွိတဲ့
Relationship တစ္ခုမွာသင္ေရာက္ရွိေနတယ္ဆိုရင္ေတာ့ အခ်ိန္တိုင္းသင္ေနာက္ဆုတ္လို႔ရပါေသးတယ္။
မွားယြင္းတဲ့ Relationship တစ္ခုကိုပိုင္ဆိုထားတာထက္ Single ျဖစ္ေနတာကမွ အမ်ားႀကီးသာပါေသးတယ္။

အခ်စ္မွာ သီးသန႔္အဓိပၸါယ္ဖြင့္ဆိုခ်က္မရွိပဲ လူတိုင္းဖြင့္ဆိုနိုင္တာမို႔ ဒီေဆာင္းပါးက အခ်စ္အေၾကာင္းေျပာေန
ျခင္းမဟုတ္ပါဘူး။ ဒီေဆာင္းပါးက သာယာတဲ့ဘဝတစ္ခုကိုပိုင္ဆိုင္နိုင္မယ့္ Logical Love အေၾကာင္းေျပာေန
တာပါ။ ဘယ္ေလာက္ပဲေပးဆပ္တယ္ေျပာျပာ လူဆိုတာ အတၱနဲ႔ဖြဲ႕စည္းထားတဲ့ သတၱဝါမို႔အနည္းနဲ႔အမ်ားေတာ့
ျပန္လိုခ်င္ၾကတာပါခ်ည္းပဲ။ သင္ကဘာမွကိုျပန္မလိုခ်င္ပဲ အရမ္းခ်စ္ေနရတာကိုပဲေပ်ာ္တယ္ဆိုရင္ေတာ့
သင့္ကိုနာမည္(၂)ခုေပးပါရေစ။

(၁) အ႐ူး (တစ္ဘဝလုံးစိတ္ပင္ပန္းဆင္းရဲစြာႏွင့္ခ်စ္ေနသူ)

(သို႔မဟုတ္)

(၂) မြန္ျမတ္သူ(သူတစ္ပါး၏ဘဝသာယာမွုကိုေက်နပ္ၿပီး တစ္ဘဝလုံးေပ်ာ္ရႊင္စြာအေဝးမွေနနို္င္သူ)

နံပါတ္(၂)ကိုေတာ့ ရိုးရိုးသားသားေျပာရလၽွင္တစ္ခါမွမေတြ႕ဘူးပါ။ နံပါတ္(၁)ကေတာ့လူေတာ္ေတာ္မ်ားမ်ားျဖစ္
တတ္ပါတယ္။ဒါေပမယ့္႐ူူးရတာပိုႀကိဳက္တယ္ဆိုရင္ေတာ့ဆက္႐ူးပါ။လူတိုင္းကိုယ္ပိုင္လြတ္လပ္ခြင့္ရွိပါတယ္။
ဘဝကိုစိတ္ခ်မ္းခ်မ္းသာသာႏွင့္ျဖတ္သန္းေစခ်င္ေသာ ေစတနာသန႔္သန႔္ျဖစ္သာေရးသားၿပီး သင့္ဦးေႏွာက္ႏွင့္
သင္စဥ္းစားပါ။

အခ်စ္ကႀကီးျမတ္ပါတယ္။ ဒါေပမယ့္ နားလည္မွုကပိုႀကီးျမတ္ပါတယ္။ အခ်စ္နဲ႔ဘဝတစ္ခုတည္ေဆာက္ဖို႔
မေသခ်ာေပမယ့္ နားလည္တဲ့လူႏွစ္ဦးက သာယာတဲ့ဘဝတစ္ခုကိုပိုင္ဆိုင္နိုင္ပါတယ္။ အမွားနဲ႔အမွန္ခြဲျခား
နိုင္ၿပီးသာယာတဲ့ဘဝေလးပိုင္ဆိုင္ၾကပါေစ။

 


[Unicode version]

သင့်ကိုသူတကယ်ချစ်တာလား? အသုံးချနေတာလား?

 

သူနဲ့နေရတဲ့အချိန်တွေမှာ သင်အသုံးချခံနေရတယ်လို့တွေးဖူးပါသလား? အဲ့လိုတွေးလိုက်တိုင်းလည်း သူ့ကို
နားလည်ပေးဖို့ အကြောင်းပြချက်တစ်ခုကိုလိုုက်ရှာလေ့ရှိပါသလား? မရှိရင်တောင် ရှိအောင်ဖန်တီးပေးဖို့
ကြိုးစားဖူးပါသလား? သူနဲ့တွေ့ပြီးမှ စိတ်ချမ်းသာရမယ့်အစား များသောအားဖြင့်စိတ်ဆင်းရဲနေရပါသလား?
အထက်ပါအချက်တွေက မှားယွင်းတဲ့ Relationship တစ်ခုကိုရောက်ရှိနေသူတွေများသောအားဖြင့်ခံစား
ရလေ့ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေက ပိုဆိုးလေ့ရှိပါတယ်။ မိန်းကလေးတွေက မှားနေရင်တောင်
ချစ်တဲ့စိတ်နဲ့ တော်တော်ကိုသည်းခံလေ့ရှိကြပါတယ်။ နောက်ဆုံးဘယ်လိုမှသည်းမခံနိုင်တော့မှသာပြတ်
သွားကြတာများပါတယ်။ ယောင်္ကျားလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက
ပိုပြီးအဖြစ်များလေ့ရှိပါတယ်။ ဒီတော့ သူတကယ်ချစ်နေတာလား? အသုံးချနေတာလား? အောက်ပါအချက်
(၄)ချက်နဲ့ယှဉ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အောက်ပါအချက်တွေနဲ့ညီနေပြီဆိုရင်တော့ သင်သူနဲ့
လက်မတွဲသင့်တော့ပါဘူး။

(၁) သူ့ဝေယျဝိစ္စမှန်သမျှသင်ပဲလုပ်ပေးနေရတယ်။

တကယ်တော့ သင့်ကောင်လေးရဲ့အဝတ်တွေလျှော်တာ၊ သန့်ရှင်းရေးလုပ်ပေးတာ၊ ချက်ပြုတ်ပေးတာတွေ
ကတစ်ခါတစ်လေကောင်းပေမယ့် အိမ်ထောင်မကျခင်မှာ သင်ထိုအရာတွေအားလုံးကိုလုပ်နေရတာ
ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ သင်ကချစ်လို့လုပ်ပေးတယ်ဆိုပေမယ့် သင်မလုပ်တဲ့အခါကျရင်ရော
သူဘာပြောလေ့ရှိပါသလဲ? သင်မလုပ်တော့တဲ့အချိန်မှာ ဘာမှမပြောင်းလဲပဲနေရင်တော့ကိစ္စမရှိပေမယ့်
သင့်ကိုမလုပ်တော့လို့အပြစ်ပြောလာရင်တော့ သင်နည်းနည်းစဉ်းစားသင့်ပါပြီ။ အိမ်ထောင်ကျပြီးချိန်ကျမှ
အခြေအနေအရ အိမ်မှုကိစ္စတွေကို အတူတကွလုပ်ကြပေမယ့် အိမ်ထောင်မကျခင်မှာတော့ ဒီအခြေအနေ
မျိုးကမဖြစ်သင့််ပါဘူး။ ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုမြတ်နိုးရင် ကိုယ့်ချစ်သူ
အရေးပေးပြီးလုပ်ပေးတာလေးတွေကိုခံယူချင်ပေမယ့် ကိုယ့်ချစ်သူမိန်းကလေးပင်ပန်းမယ့် ကိစ္စမျိုးကိုတော့
ဘယ်တော့မှခိုင်းလေ့မရှိပါဘူး။ နောက်ဆုံးချစ်သူမိန်းကလေးက အရမ်းကိုကူညီပေးချင်လို့ လုပ်ပေးတယ်ဆို
ရင်တောင် မလုပ်ပေးတော့တဲ့အချိန်မှာလည်း အပြုံးပျက်မှာမဟုတ်ပါဘူး။

(၂) သူ့ရဲ့စည်းကမ်းတွေနဲ့ပဲသင်နေထိုင်နေရတယ်။

သင့်ကိုတကယ်ချစ်တဲ့သူက သင့်ကိုဘောင်တွေနဲ့ကန့်သတ်ပြီးချစ်မှာမဟုတ်ပါဘူး။ သင်မှားနေတာရှိရင်
မလုပ်သင့်ကြောင်း အကျိုးသင့်အကြောင်းသင့်ထောက်ပြတတ်ပြီး သင်မလုပ်မိအောင်ဖျောင်းဖျပါလိမ့်မယ်။
ဒါပေမယ့် တကယ်ချစ်ရင် ဘယ်တော့မှ သူ့စည်းကမ်းမှ သူ့စည်းကမ်းဆိုပြီးတော့ မနေပါဘူး။ Relationship
အစစ်တစ်ခုဆိုတာ ဘယ်သူကပိုအရေးကြီးတယ်ဆိုတာ မရှိပါဘူး။ သူ့အတွက် သင်က ၁၀၀ဖိုးလောက်
အရေးကြီးရင် သူကလည်း သင့်အတွက် ၁၀၀ ဖိုးလောက်အရေးကြီးနေတာမျိုးပါ။ ၂ယောက်စလုံး အပြန်
အလှန်တန်ဖိုးထားကြပါတယ်။သင်ကအမြဲတမ်းသူ့အလိုကျနေပြီးတစ်သက်လုံးနေနို်င်ရင်တော့ ချွင်းချက်
ပေါ့နော်။ ဒါပေမယ့် အဲ့ဒါကို ကျွန်တော်ကတော့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ Relationship တစ်ခုလို့မမြင်ပါ
ဘူး။ တကယ့် Relationship တစ်ခုမှာ သူသာတယ်၊ကိုယ်သာတယ်ဆိုတာမရှိပါဘူး။ သူ့အတွက်သင်အမြဲ
တွေးပေးသလို သူကလည်း သင့်အတွက်အမြဲတွေးပေးနေလေ့ရှိပါတယ်။

READ
ဒီလိုရွားပါးစာရင္းဝင္ ခ်စ္သူမ်ိဳးကို ရထားတယ္ဆိုရင္ သင္ဟာအရမး္ကံေကာင္းတဲ့သူပါ

(၃) သူ့အလိုအတိုင်းသင်ဖြစ်မလာတဲ့အခါကျရင် လမ်းခွဲဖို့ပြောလေ့ရှိတယ်။

သူ့အလိုမကျတိုင်းသင့်ကို လမ်းခွဲဖို့ပြောတယ်ဆိုရင်တော့ သူလိုချင်တဲ့ပုံစံကိုသင့်ကိုပုံသွင်းယူနေတယ်ဆိုတာ
သေချာပါတယ်။ တကယ်ချစ်တဲ့သူက ကိုယ်ချစ်တဲ့သူရဲ့ဖြစ်တည်ခြင်းသက်သက်ကိုချစ်တာပါ။ တစ်ဘဝလုံး
လက်တွဲဖို့ ရည်ရွယ်ထားလို့ မကြိုက်တဲ့အချက်လေးတွေကို ညှိယူကြတာမျိုးတော့ရှိကောင်းရှိနို်င်ပါတယ်။
ဒါပေမယ့် သင့်ကိုသင်မကြိုက်တဲ့ပုံစံတစ်ခုဖြစ်သွားအောင်ပြောင်းလဲဖို့တော့ သူကြိုးစားမှာမဟုတ်ပါဘူး။
ဒါပေမယ့် သင်ကသူ့ကိုရူးရူးမိုက်မိုက်ချစ်နေတဲ့အခါမျိုးမှာတော့ ဒီအတွေးကရောက်လာမှာမဟုတ်ပါဘူး။
သူ့အတွက် သင်အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ပေးနေပါလိမ့်မယ်။ ဒါပေမယ့်တစ်နေ့ သင်မပျော်တဲ့နေ့
ရောက်လာမှ သင်သတိထားမိလာပါလိမ့်မယ်။

(၄) အခြားကောင်မလေးတွေနဲ့ပြတ်တိုင်းသင့်ဆီသူပြန်လာလိမ့်မယ်။

အခြားသူတွေနဲ့ပြတ်တိုင်းသင့်ဆီပြန်လာတယ်ဆိုရင် သင်ဘာတွေးနေမလဲ ကျွန်တော်သိတာပေါ့။ အဲ့ဒိ
အချက်လေးကို သင်ကအကောင်းဘက်ကမြင်လေ့ရှိပါတယ်။ သူ့ရဲ့အချော့အမော့မှာ မျောပြီးဘယ်တော့ပဲ
ဖြစ်ဖြစ်ငါ့ဆီပြန်လာပါလားဆိုတဲ့အတွေး သင့်မှာဝင်နေပါလိမ့်မယ်။ သင့်ကိုယ်သင််အရေးကြီးသလိုလည်း
ခံစားမိကောင်းခံစားမိပါလိမ့်မယ်။ အဲ့ဒိလိုနဲ့ Last Chance ဆိုပြီးသင့်သူ့ကိုပြန်လက်ခံအုံးမှာပါပဲ။ Last
Chance တွေများလာတဲ့အထိလည်း သင်ခွင့်လွှတ်နေဆဲပါပဲ။ ဒါပေမယ့် သူပြန်လာတာသင့်ကိုတန်ဖိုးထား
လို့မဟုတ်ပါဘူး။ သင့်ကိုတကယ်တန်ဖိုးထားတဲ့ယောင်္ကျားလေး ၊ တကယ်ချစ်တဲ့ယောင်္ကျားလေးက သင်
မနာလိုဖြစ်အောင်သာ အခြားကောင်မလေးတွေကို ငေးရင်ငေးပြပါလိမ့်မယ်။ ဒါပေမယ့် အခြားကောင်မ
လေးကိုချစ်ဖို့နေနေသာသာ သင်ကလွဲလို့ အခြားကောင်မလေးတွေကို ကောင်မလေးလို့တောင်ထင်
လေ့မရှိပါဘူး။ သူအခြားကောင်မလေးနဲ့ပြတ်တိုင်း သင့်ဆီပြန်လာရတဲ့အကြောင်းအရင်းက သင့်ရဲ့
အားနည်းချက်ကိုသိလို့ပါ။ သူ့ရဲ့ဝေဒနာတွေကို သင်နဲ့အတူခဏလာဖြေဖျောက်တာပါ။ ယောင်္ကျားလေးဆို
တာတစ်ခါတစ်လေလောက်မှားကောင်းမှားနိုင်ပေမယ့် ခဏခဏပြတ်လိုက်ပြန်လာလိုက်နဲ့ဆိုရင်တော့
သူသင့်ကိုမချစ်တာသေချာပါတယ်။ “သင့်ကိုချစ်ရင် သင့်ဆီကိုခဏခဏပြန်လာမှာမဟုတ်ဘူး။ သင့်ကို
ချစ်ရင် သင့်ဆီကနေဘယ်မှကိုထွက်မသွားတော့ပါဘူး”

စစ်မှန်တဲ့ Relationship ဆိုတာ တစ်စုံတစ်ယောက်ကောင်းဖို့ တစ်စုံတစ်ယောက်ကပေးဆပ်နေတာ
မဟုတ်ပါဘူး။၂ဦး၂ယောက်လုံးပြည့်စုံဖို့ ၂ဦး၂ယောက်လုံးက ပေးဆပ်နေကြတာပါ။ အနာဂတ်မရှိတဲ့
Relationship တစ်ခုမှာသင်ရောက်ရှိနေတယ်ဆိုရင်တော့ အချိန်တိုင်းသင်နောက်ဆုတ်လို့ရပါသေးတယ်။
မှားယွင်းတဲ့ Relationship တစ်ခုကိုပိုင်ဆိုထားတာထက် Single ဖြစ်နေတာကမှ အများကြီးသာပါသေးတယ်။

အချစ်မှာ သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပဲ လူတိုင်းဖွင့်ဆိုနိုင်တာမို့ ဒီဆောင်းပါးက အချစ်အကြောင်းပြောနေ
ခြင်းမဟုတ်ပါဘူး။ ဒီဆောင်းပါးက သာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မယ့် Logical Love အကြောင်းပြောနေ
တာပါ။ ဘယ်လောက်ပဲပေးဆပ်တယ်ပြောပြာ လူဆိုတာ အတ္တနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါမို့အနည်းနဲ့အများတော့
ပြန်လိုချင်ကြတာပါချည်းပဲ။ သင်ကဘာမှကိုပြန်မလိုချင်ပဲ အရမ်းချစ်နေရတာကိုပဲပျော်တယ်ဆိုရင်တော့
သင့်ကိုနာမည်(၂)ခုပေးပါရစေ။

(၁) အရူး (တစ်ဘဝလုံးစိတ်ပင်ပန်းဆင်းရဲစွာနှင့်ချစ်နေသူ)

(သို့မဟုတ်)

(၂) မွန်မြတ်သူ(သူတစ်ပါး၏ဘဝသာယာမှုကိုကျေနပ်ပြီး တစ်ဘဝလုံးပျော်ရွှင်စွာအဝေးမှနေနို်င်သူ)

နံပါတ်(၂)ကိုတော့ ရိုးရိုးသားသားပြောရလျှင်တစ်ခါမှမတွေ့ဘူးပါ။ နံပါတ်(၁)ကတော့လူတော်တော်များများဖြစ်
တတ်ပါတယ်။ဒါပေမယ့်ရူူးရတာပိုကြိုက်တယ်ဆိုရင်တော့ဆက်ရူးပါ။လူတိုင်းကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။
ဘဝကိုစိတ်ချမ်းချမ်းသာသာနှင့်ဖြတ်သန်းစေချင်သော စေတနာသန့်သန့်ဖြစ်သာရေးသားပြီး သင့်ဦးနှောက်နှင့်
သင်စဉ်းစားပါ။

အချစ်ကကြီးမြတ်ပါတယ်။ ဒါပေမယ့် နားလည်မှုကပိုကြီးမြတ်ပါတယ်။ အချစ်နဲ့ဘဝတစ်ခုတည်ဆောက်ဖို့
မသေချာပေမယ့် နားလည်တဲ့လူနှစ်ဦးက သာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါတယ်။ အမှားနဲ့အမှန်ခွဲခြား
နိုင်ပြီးသာယာတဲ့ဘဝလေးပိုင်ဆိုင်ကြပါစေဗျာ။

sponsored