အဆူခံနေရတဲ့ ကလေးငယ်လေးကို ကာကွယ်ပေးနေတဲ့ အချစ်တော်ခွေးလေး

Youtube-Loyal golden retriever protects crying girl as she is being told off by her mother
Sponsored

ခွေးကလေးတွေဆိုတာ လူတွေအပေါ်မှာ သစ္စာအရှိဆုံးနဲ့ အခင်အတွယ်တတ်ဆုံး ကောင်လေးတွေ ဖြစ်ကြသလို လူသားတွေအတွက် အကောင်းဆုံး အဖော်မွန်ဆိုလည်း မမှားပါဘူး။ ခွေးတစ်ကောင်ရှိတဲ့ အိမ်ဟာ တစ်ခြားအိမ်တွေထက် ပိုပျော်ရသလို အမြဲလိုလို သူတို့လေးတွေရဲ့ လုပ်ရပ်လေးတွေကြောင့် ရယ်လိုက်၊ ပီတီဖြာရလိုက်၊ ကြည်နူးလိုက်ရလိုက်နဲ့ ခံစားမှုမျိုးစုံကို ပေးစွမ်းနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ဖြစ်ကြပါတယ်။ အခုလည်း ခွေးလေးတစ်ကောင်ဟာ ကလေးလေးကို သူ့ရဲ့ အမေဖြစ်သူက ဆူနေတဲ့အချိန်မှာ ဝင်ရောက်တားဆီးဟန်ပြုလုပ်ခဲ့တာကြောင့် အဆိုပါခွေးကလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးပြီး လူကြိုက်များနေကြောင်း Rachfeed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Loyal golden retriever protects crying girl as she is being told off by her mother

အဆိုပါ ခွေးကလေးကတော့ တရုတ်နိုင်ငံ၊ Xuzhou မြို့မှာ နေထိုင်တဲ့ Harry အမည်ရ ခွေးကလေးပဲ ဖြစ်ပါတယ်။ သခင်မဖြစ်သူ Ms.Sun ဟာ သူ့ရဲ့ သမီးဖြသူကို ဒေါသွက်ပြီး ဆူပူနေပါတယ်။ အကြောင်းကတော့ သမီးဖြစ်သူဟာ သူမဝယ်လာတဲ့ တန်ဖိုးကြီး cosmetic တစ်ချို့ကို ဖျက်ဆီးခဲ့လို့ပဲ ဖြစ်ပါတယ်။ မိဘတွေရဲ့ သဘာဝအရ ကလေးကို ဆူတဲ့အချိန်မှာ ကလေးတွေကလည်း ကလေးရဲ့ သဘာဝအရ ငိုရှာပါတော့တယ်။ Ms.Sun ရဲ့ သမီးဖြစ်သူ ငိုတဲ့အသံကို ကြားတာနဲ့ Harry လေးခမျာ ချက်ချင်းကို ပြေးထွက်လာပြီး သမီးလေးဖြစ်သူကို လက်လေးနဲ့ဖက်လိုက်၊ သခင်မဖြစ်သူ Ms.Sun ကို မာန်ဖီလိုက်နဲ့ လုပ်နေပါတော့တယ်။ နောက်ဆုံးမှာတော့ Ms.Sun ဟာ Harry လေးရဲ့ အမူအရာတွေကြောင့် စိတ်လျှော့လိုက်ရရှာပါတော့တယ်။

READ
ဘဝမှာ နောင်တကင်းကင်းနဲ့ ဖြတ်သန်းနိုင်တဲ့သူတွေ ကျင့်သုံးတဲ့အချက်များ
Sponsored

“Harry တစ်ကောင် ဒီလောက်သမီးကို ချစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ပါဘူး။ အခု သမီးကို ဆူနေတဲ့အချိန်မှာ Harry က အကိုတစ်ယောက်လိုပဲ သမီးအနားကို ရောက်လာပြီး ကာကွယ်ပေးနေလိုက်တာ။ ကျွန်မတောင် ကြောင်သွားတယ်။ ဒီကြားထဲ ကျွန်မကိုတောင် ကိုယ်တော်ချောက မာန်လာဖီလိုက်သေးတယ်။ ဒေါသထွက်နေတဲ့ စိတ်တောင် သူ့အပြုအမူကြောင့် ပျောက်သွားပြီး ရယ်ချင်လာရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မပဲ အလျှော့ပေးလိုက်ရပါတယ်”လို့ Ms.Sun က ပြောကြားခဲ့ပါတယ်။

Youtube-Loyal golden retriever protects crying girl as she is being told off by her mother

phk

sponsored