စိတ်မကောင်းစရာတွေပဲ အမြဲတွေးပြီး depression ၀င်နေတာတွေကို ဘယ်လို ရပ်တန့်မလဲ ..

shutterstock/  Tuzemka
Sponsored

လူတော်တော်များများက ကိုယ့်ကိုယ်ကို ဇာတ်နာရတာကို ခုံမင်စွဲလန်းတတ်တယ်လို့ ဆိုရပါလိမ့်မယ်။ လူတွေဟာ တစ်ခြားသူတွေဆီကနေ စာနာသနားမှုတွေကို ခံရဖို့အတွက် သူတို့ရဲ့ ဝမ်းနည်းနာကျင်စရာကောင်းတဲ့၊ ဇာတ်နာတဲ့အကြောင်းတွေကို ပြောပြရတာကို ကြိုက်တတ်ကြပါတယ်။ တကယ်တော့ ဒါက ကိုယ်ကိုယ်တိုင်အတွက် အတော်လေးကို ဆိုးဝါးတဲ့ အရာတစ်ခုပါ။ ဘာကြောင့် ကိုယ့်ကိုယ်ကို ဇာတ်နာနေတတ်တာကို ရပ်တန့်သင့်သလဲဆိုတာ ဒီအချက်တွေက ဖော်ပြလို့နေပါတယ်။

သင့်ကိုယ်သင် သိမ်ငယ်ခံစားနေရမယ်

shutterstock/ Antonio Guillem

ကိုယ့်ရဲ့နာကျင်ဝမ်းနည်းမှုတွေကို အကြိမ်ကြိမ်ခံစားမိတိုင်းမှာ သိမ်ငယ်ခြင်းက သင့်ဆီရောက်လာစေမှာ ဖြစ်ပါတယ်။ ငါ့ဘဝမှာ ဘာမှမရှိဘူး၊ ငါကမတော်ဘူး၊ ငါကမလှဘူး၊ ငါက ပိုက်ဆံမချမ်းသာဘူး စသဖြင့် ဒီဇာတ်နာစရာကိစ္စတွေကို တွေးတိုင်းမှာ သင့်ကိုယ်သင် သိမ်ငယ်ခံစားနေရမှာ အသေအချာပါနော်။ တကယ်တော့ ဒါတွေမရှိလည်း သင့်ဘဝကို အကောင်းဆုံး ရပ်တည်နိုင်အောင် ကြိုးစားလို့ရပါသေးတယ်။ ဒီလိုညီးတွားနေမယ့်အစား ရှေ့ဆက်လှမ်းကြည့်ပါ။

READ
ဂျစ်တိဂျစ်ကန်ကောင်မလေးတွေကို ကောင်လေးတွေ ဘာလို့သဘောကျရတာလဲ

ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာမယ်

shutterstock/ Dark Moon Pictures
Sponsored

သိမ်ငယ်ခံစားမှုကို သင်ခံစားမိလိုက်တာနဲ့ တစ်ပြိုင်နက် သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေဟာလည်း ထိုးကျသွားစေမှာပါ။ ဒီအချက်က ငါမလုပ်နိုင်ဘူးဆိုတဲ့ အသိစိတ်ကိုပဲ ခေါင်းထဲကို ရိုက်သွင်းမိနေစေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ဇာတ်နာပြနေမယ့်အစား ဘာပဲဖြစ်နေနေ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်လေးပဲ မွေးထားပါ။ ဘဝဆိုတာ နာကျင်စရာတွေပဲ ပေးတာမဟုတ်လို့ ချိုမြိန်တဲ့ အသီးအပွင့်တွေအတွက် သင့်ကိုယ်သင် ဂုဏ်ယူနေတတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ ပိတ်မိနေမယ်

shutterstock/antoniodiaz

ကိုယ့်ကိုယ်ကို ဇာတ်နာတတ်လွန်းတဲ့သူတွေက ရှေ့ရောက်ဖို့ အတော်လေးခက်ခဲပါတယ်။ သူတို့စိတ်ထဲမှာ I can’t ဆိုတဲ့စကားလုံးကိုပဲ ထပ်ကာထပ်ကာ ပြောဆိုနေတတ်တာပါ။ ရှင်းရှင်းပြောရရင် ကိုယ်ကိုယ်တိုင် မကြိုးစားကြည့်ပဲ တစ်စုံတစ်ယောက်ရဲ့ သနားညုာတာမှုနဲ့ လက်တွဲခေါ်ဆောင်မှုနောက်ကို လိုက်ချင်နေကြတာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သေချာပေါက် သင်ဒီနေရာမှာပဲ တဝဲလည်လည် ရှိနေအုံးမှာပါပဲ။ ဒီတော့ သူများတွေဆီက တစ်ခုခုကို မျှော်လင့်စောင့်စားနေမယ့်အစား ကိုယ်ကိုယ်တိုင်ရဲ့အားနဲ့ ရှေ့ဆက်ကြည့်ပါ။ ဘဝကြီးက သင်ထင်ထားသလောက် မဆိုးပါဘူးနော်။

READ
အကြောင်းကြောင်းကြောင့် မဖြစ်မနေ ခွဲခွာရဖို့ အချိန်တစ်ခု ရောက်လာတဲ့အခါ...

ဒရာမာခင်းတတ်သူ တစ်ယောက်ဖြစ်လာမယ်

shutterstock/ Odua Images

လူတွေက သိုတို့ရဲ့ဇာတ်လမ်းတွေကိုသာ သင့်ကိုပြောပြချင်စိတ်ရှိမှာပေမယ့် သင့်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်လမ်းကို ဘယ်သူကမှ နားထောင်ချင်စိတ်မရှိဘူးဆိုတာ အမှန်ပါနော်။ ဒီတော့ ထပ်တလဲလဲ ကိုယ့်ရဲ့ဇာတ်နာစရာကိစ္စရပ်တွေကို သူများတွေဆီက သနားကြင်နာမှုကိုရဖို့ ပြောပြနေစရာ မလိုအပ်ပါဘူး။ ဒါက အခန့်မသင့်ရင် သင့်ရဲ့အားနည်းချက်တောင် ဖြစ်သွားနိုင်ပါသေးတယ်။ နောက်ပြီး ဒရာမာခင်းတတ်လွန်းတဲ့သူမျိုးကို လူတွေက သဘောမကျတတ်ကြပါဘူးနော်။

Khin

sponsored