IU နဲ့ Park Seo Joon တို့ရဲ့ ‘Dream’ ဇာတ်ကားရိုက်ကူးရေး တွေ စ တင်

Image:IG/IU fanpage
Sponsored

ပရိသတ်တွေ မျှော်နေကြတဲ့ ဇာတ်ကားတွေ ထဲက တစ်ကားဖြစ်တဲ့ Dream ဆိုတဲ့ ဇာတ်ကားရဲ့ ရိုက်ကူးရေးတွေ က တော့ စတင် လိုက် တဲ့ အကြောင်းကိုတော့ Allkpop မှာ ဖော်ပြ ထားပါတယ်။ဒီဇာတ်ကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် IU နဲ့ Park Seo Joon တို့ အဓိက ပါဝင် ထားပါတယ်။သူတို့နှစ်ယောက် အပြင် Lee Hyun Woo, Go Chang Suk, Kim Jong Soo တို့ လည်း ဒီ ဇာတ်ကား မှာ ပါဝင်ထားပါတယ်။ဒါရိုက် တာ ကတော့ Lee Byung Hun ပါ။သူ ကတော့ ‘Extreme Jobs ဆိုတဲ့  ဇာတ်ကားကို ရိုက်ကူး ခဲ့သူပါ။

Image :Soompi
Image:Soompi
Image:Soompi

‘Dream’ ဆိုတဲ့ ဇာတ်ကား ကတော့ မျှော်လင့် မထားတဲ့ အငြင်းပွားစရာ အ ခြေ အ နေ ကြောင့် သူ့ရဲ့ အားကစား သမား ဘ၀ ကနေ အနားယူဖို့  ဖြစ်လာခဲ့တဲ့ အားကစားသမား တစ်ယောက် ရဲ့ အကြောင်းပါ။ဒီကား မှာတော့ Park Seo Joon က Yoon Hong Dae ဆိုတဲ့ အားကစားသမား နေရာ က နေ ပါဝင် မှာပါ။ IU ကတော့ အမျိုးသမီး ဇာတ်လိုက် Lee So Min  နေရာက နေ ပါဝင် မှာပါ။P.S Lee So Min ကတော့ ဒီဇာတ်ကား ဟာ Yoon Hong Dae  ရဲ့ အ ကြောင်းကို အ ကောင်းဆုံး ပုံဖော်နိုင်တဲ့ documentary ဖြစ်လာ ဖို့ မျှော်လင့် နေပါတယ်။ရိုက်ကူး ရေး တွေကို မေ (၇) တည်းက စခဲ့တာပါ။Dream ကိုတော့ (၂၀၂၁)မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

READ
ကိုရီးယားအိုင်ဒေါတွေရဲ့ မျက်နာအသားအရေကို အနီးကပ်ရိုက်ထားတဲ့ ဓါတ်ပုံတွေထွက်ပေါ်
Image:Soompi
Sponsored

Park Seo Joon  က တာ့ Hong Dae နေရာမှာ သရုပ်ဆောင်ရမှာမို့ အရမ်း စိတ်လှုပ်ရှား နေတယ်လို့ ပြောခဲ့ပါ တယ်။”Hong Dae  အဖြစ် သရုပ်ဆောင်ရမှာမို့ ကျ တော် အရမ်းစိတ်လှုပ်ရှား နေပါတယ်။ရုပ်ရှင် ကြည့်ရှု သူတွေ အတွက်  အကောင်းဆုံး ကြိုးစားမှာပါ..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

투표완료

A post shared by 박서준 (@bn_sj2013) on

IU ကတော့ “ကျမ အတွက် တော့  ရုပ်ရှင်ဇာတ်ကားက ဒါပထ မဆုံးပါ။စိတ်လှုပ်ရှားမှု၊တာဝန်ယူမှု တွေနဲ့ ဒီ အလုပ်ကို ကျ မလုပ် ပါ့မယ်။ဒီလိုမျိုး ကျ မကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ အနုပညာရှင်တွေနဲ့ လက်တွဲ လုပ်ရမှာမို့ အရမ်း ကို ပျော်ပါတယ်။သူတို့ ဆီက နေလည်း ကျမ အများကြီး သင်ယူရပါတယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

내일 이 시간에는 듣고 있겠군 🍊♾ 5.6 6pm #에잇 #eight

A post shared by 이지금 (@dlwlrma) on

sponsored