မိန်းကလေးတွေ စိတ်ကူးနဲ့ တစ်ထပ်တည်းကျစေမယ့် ကမ္ဘာပေါ်ရှိ အလုပ်အကိုင်များ

shutterstock/Cressida studio
Sponsored

ကမ္ဘာပေါ်မှာ အရမ်းကို ကောင်းမွန်လွန်းသလို ဝင်ငွေကောင်းရနိုင်တဲ့ အလုပ်အကိုင်တွေလည်း ရှိလို့နေပါတယ်နော်။ ခုပြောပြမယ့် အလုပ်အကိုင်လေးတွေက မိန်းကလေးတွေ ပိုသဘောကျနှစ်သက်မယ့် အလုပ်အကိုင်တွေ ဖြစ်ပြီး ကမ္ဘာပေါ်က ကောင်းမွန်တဲ့ အလုပ်အကိုင်တွေထဲမှာ ပါဝင်တဲ့ အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။

Waterslide Tester

shutterstock/Dmitri Ma

2013 ခုနှစ်ကနေ စတင်ပြီး ဗြိတိန်ကုမဏီကနေ ရေလွှာချောစီးတွေကို စမ်းသပ်တဲ့ အလုပ်အကိုင်တွေကို ခန့်အပ်လာခဲ့ကြပါတယ်။ ဒီလို စမ်းသပ်စစ်ဆေးရတဲ့ အလုပ်အကိုင်ဟာ အရမ်းကို ပျော်ရွှင်စရာကောင်းမယ့် အလုပ်အကိုင်တစ်ခုဖြစ်သလို လစာအနေနဲ့ ဒေါ်လာ 31,000 အထိ ရရှိစေပါတယ်တဲ့နော်။

Professional sleeper

Sponsored

အိပ်ပုတ်လေးတွေ အရမ်းကို သဘောကျမိမယ့် ဒီအလုပ်အကိုင်ကတော့ ဇိမ်ခံမွေ့ယာတွေကို စမ်းသပ်ဖို့ ကျောင်းသားတွေကို ခန့်အပ်တဲ့ အလုပ်အကိုင်တစ်ခု ဖြစ်ပါတယ်။ သူတို့အိပ်ရတဲ့ ခံစားချက်တွေကို blog ရေးပြီး အွန်လိုင်းပေါ် တင်ပေးရတာဖြစ်ပါတယ်။ လစာအနေနဲ့ကတော့ တစ်လကို ဒေါ်လာ 1500 ရရှိတာပဲ ဖြစ်ပါတယ်။

READ
အရမ်းချစ်ရက်နဲ့ လမ်းခွဲခဲ့ပြီးမှ ခံစားမနေရအောင် ဘာတွေ လုပ်သင့်လဲ?

Netflix Tagger

shutterstock/ AFM Visuals

Netflix ကတော့ တစ်ညတာ အပန်းဖြေဖို့ အကောင်းဆုံးပါပဲ။ ရုပ်ရှင် ခရေဇီတွေအတွက်ကတော့ ဒီအလုပ်အကိုင်က အရမ်းကို သဘောတွေ့စေမှာပါ။ ဒီအလုပ်က Netflix က ပြသတဲ့ ရုပ်ရှင်၊ စီးရီးတိုင်းကို ကြည့်ပြီး အမျိုးအစားခွဲပေးရတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ရာထဲမှာ ရုပ်ရှင်လေးထိုင်ကြည့်နေရင်း ဝင်ငွေရမယ့် အလုပ်အကိုင်ပဲ ဖြစ်ပါတယ်။

Chocolate Tester

အိုး ချောကလက်လေးတွေကို အရသာမြည်းစမ်းပေးရမယ့် ဒီအလုပ်အကိုင်က တကယ်ရှိပါတယ်နော်။ ဒါကတော့ ချောကလက်ကြိုက်တဲ့သူတွေအတွက် အရမ်းကို လုပ်ကိုကောင်းမယ့် အလုပ်တစ်ခုဖြစ်သလို နေ့စဉ်နေ့တိုင်း လိုအပ်တဲ့ ချောကလက်တွေရဲ့ အရသာကို မြည်းစမ်းပေးရတာ ဖြစ်ပါတယ်။

Ice Cream Flavor Guru

shutterstock/ Superlime

နာမည်ကြီး ice cream Ben and Jerry ကုမဏီက ဒီအလုပ်အကိုင်ကို ခန့်အပ်တာပဲ ဖြစ်ပါတယ်။ လူတိုင်းကြိုက်တတ်တဲ့ ရေခဲမုန့်အရသာလေးကို မြည်းစမ်းရင်း ဝင်ငွေရနိုင်ပါတယ်နော်။

READ
ချစ်သူကောင်းနဲ့ ဆုံတွေ့နိုင်ဖို့ မင်းသမီးတစ်ယောက်လို ချောမောနေစရာ မလိုအပ်ပါဘူး ....

Santa Letter Writer

ဒါကတော့ ခရစ်စမတ်ကာလမှာ ကလေးလေးတွေက Santa Claus ဆီကို စာတွေပေးပို့တတ်ကြတာမို့ ကိုယ်က ကလေးတွေဆီကို Santa Claus ဆီကနေ ပြန်စာအဖြစ် ဖန်တီးပြီး လက်ဆောင်လေးတွေနဲ့ ပို့ပေးရတဲ့ အလုပ်အကိုင်လေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အလုပ်အကိုင်လေးဖြစ်ပါတယ်နော်။

Travel Blogger

shutterstock/ Personal Belongings

ဒါကတော့ တော်တော်များများသောသူတွေ သိပြီးသား အလုပ်အကိုင်ဖြစ်ပြီး ခရီးတွေသွားရင်း ကိုယ်သွားသမျှ ခရီးစဉ်တွေအကြောင်းကို social media ပေါ်မှာ ပြန်လည်ဝေမျှတဲ့ အလုပ်အကိုင်ပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကလည်း စပွန်ဆာတွေနဲ့ ကြော်ညာတွေကနေ များစွာသော ဝင်ငွေတွေရနိုင်တာဖြစ်လို့ ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Khin

sponsored